Thursday, October 27, 2011

ရန်ကုန် - တရုတ်တန်း

wp ဘလော့ ၂၀၀၉ က ပိုစ့် ....
 


ပုဇွန် အစိတ်သားကို ၂၅၀၀ ကျပ်။ ၂၃၀၀ ကျပ် နဲ့ ဆစ်လို့ ရတယ်။


ရှောက်ရွှက်၊ တရုတ်နံနံ၊ ကြက်သွန်မြိတ်၊ ငရုတ်သီး၊ နံနံပင်၊ ပူစီနံ၊
 

ဂဏာန်း
 

ရန်ကုန် တရုတ်တန်း ၁၇ လမ်း ထိပ်မှာ ဒီလို ပုဇွန်ထုပ်ကြီးတွေလည်း ရတယ်။
 

ဒါကတော့ ၁၈လမ်း ထိပ်က ဆာတေးဆိုင်ပါ။ ၀က်သားလိပ်ကြော် နဲ့ ဆာတေး
 

ဖက်ထုပ်ကြော်
 

၁၈ လမ်း ထိပ် က လှမ်းမြင်ရတဲ့ ရန်ကုန် တရုတ်တန်း။
သဘာဝ ကျကျ ဆိုက်ကားလေးတွေနဲ့ အိမ်ပြန်နေကျတဲ့လူတွေပေါ့။
 

ဆာတေး ကင်နေတဲ့ မီးဖို
 

သင်းမောင်ပိုး စားလား။ စားဖူးတဲ့ လူတိုင်း ကြိုက်ကျတဲ့ သင်းမောင်းပိုးပါ။ ကိုယ်ကတော့ ပိုးတီကောင်လို့ သူ့ကို ခေါ်တယ်။
 

အခု တရုတ်တန်းကို သံဇကာ လုပ်ထားသလားလို့။ ပီးခဲ့တဲ့ ၃ လကျော်က ၁၇ လမ်းထိပ်တွေမှာ ပလက်ဖောင်း သံဇကာတွေ မရှိသလိုပဲ။ အခု သံဇကာနဲ့ဆိုတော့ ကားလမ်းတွေတော့ ကျယ်သွားတယ်။ ပလက်ဖောင်းမှာ ဈေးသည်တွေနဲ့ ဆိုတော့ လမ်းလျှောက်ရတာတော့ ကျဉ်းပေမယ့် အဲဒီနားက ဈေးသည်တွေက မာမီ ဈေးဝယ်လို့ ကောင်းတဲ့ ဈေးသည်တွေမို့လို့ ပလက်ဖောင်းကျဉ်းပေမယ့်လည်း ဈေးသည်တွေဆီက ၀ယ်တာပါပဲ။
 

 သင်းမောင်းပိုး သေးသေးလေးက ၅၀၀ ကျပ် ကနေ ၈၀၀ ကျပ် ထိ။ သနားတတ်ရင် မစားပါနဲ့။ မာမီကတော့ အရသာ သိနေတော့ ကြိုက်လွန်းလို့ပါ။ အရင်တုန်းက နို့ နဲ့ စိမ်ထားတဲ့ အကောင်လေးတွေ ရှိတယ်။ အခု သူတို့ ဆိုင်က နို့ နဲ့ မစိမ်တော့ဘူး။ ဒီနေ့ ၁၇ လမ်းမှာ နိဗာန်ဈေးမို့လို့ လမ်းထဲမှာ လူတွေမှ အများကြီးပဲ။ မုန့်တွေ အလကား ကျွေးတာ။ တစ်လမ်းလုံးပဲ။ ကိုယ့် အိမ်ရှေ့မှာ ကိုယ် ထွက်ကျွေးတာ။ အလှူသဘောမျိုး။
 

လမ်းမတော်လမ်း
 

လမ်းမတော်လမ်း နဲ့ အနော်ရထာလမ်းထိပ်က အိမ်မွေး တိရစ္ဆာန်ဆိုင်။ ယုန်လေးတွေ တွေ့တော့လည်း မွေးချင်တယ်။ ကျေးကျုတ်လေးတွေကို ဒီအတိုင်း အိမ်ထဲမှာ လွှတ်ထားတဲ့ အသိ တစ်ယောက် အိမ်လည်း ရှိတယ်။ ဌက်က လူ ယဉ်နေတော့ အပြင်ကိုလည်း ပျံ မထွက်သွားဘူး။ အိမ်ထဲမှာပဲ နေတယ်။
 
 

 ရွှေဂုံတိုင် မီးပွိုင့်
 

 Excel Tower Shopping Mall
 

တရုတ်တန်း သွားရင်း လမ်းမှာ တွေ့သမျှကို လှမ်းရိုက်ထားသော ဓာတ်ပုံများကို အမှတ်တရ မှတ်ထားခြင်းပါ။ အလုပ်ရှုပ်နေတဲ့အချိန်၊ ဈေးဝယ်နေတဲ့ အချိန်တော့ ကင်မရာနဲ့ မရိုက်ဖြစ်ဘူးပေါ့။ စဥ့်အိုးတန်း နဲ့ လမ်း ၂၀ ထိပ်မရောက်ဖြစ်ဘူး။ လမ်း ၂၀ ထိပ်က ၀က်သား ကောက်ညင်းထုပ် မ၀ယ်ဖြစ်ဘူး။ ၁၉ လမ်း ထဲက ပုတင်းလည်း မ၀ယ်ဖြစ်သလို ကော်ကြော်လည်း မ၀ယ်ဖြစ်ဘူး။ စားစရာတွေက ၀ယ်ထားတာ လုံလောက်ပီဆိုတော့ အိမ်ပြန်တာပေါ့။ စားမှာက ကလေး ၂ ယောက်နဲ့ မာမီ အဖေ နဲ့ မာမီလေ။

2 comments :

QuuTe said...

ကျူတီ ရန်ကုန်မှာနေတုန်းက ၀ါးတန်လမ်းက ၀င်းရွှေဝါကွန်ဒိုမှာအလုပ်လုပ်ခဲ့တာဆိုတော့ တရုတ်တန်းက အငွေ့အသက်တွေ ကို လွမ်းလိုက်တာ စည်ပင် စည်ပင် ဆိုရင် ဈေးတောင်းလေးတွေရွက်ပြီး ပြေးကြတာတွေ သူတို့ပြေးတော့ ကိုယ်ပါ ရော ပြေးမိတယ် မပြေးရင် ပိုနာတယ် ဟိုလူကအရှိန်နဲ့တိုက် ဒီလူက အရှိန်နဲ့တိုက်နဲ့မို့လို့ ဟီးဟီး

Thet Nandar Family said...

Quu Te ...

တရုတ်တန်း က

(လိုချင်တာ မှန်သမျှ ...
စားချင်တာ မှန်သမျှ ...
လုပ်ချင်တာ မှန်သမျှ ... အားလုံး နီးနီးနားနားမှာ ရှိတော့ ကြိုက်တဲ့လူလည်း ကြိုက်တယ်)

မျက်စိရှုပ်၊ နားရှုပ်၊ အေးအေးဆေးဆေးသမားတွေကျတော့ မကြိုက်ဘူး။

အမကတော့ တရုတ်တန်းကို ကြိုက်တယ်။

ဈေးသည်တွေက တခြားမှာ ရောင်းတာထက် တရုတ်တန်းမှာ ပိုရောင်းကောင်းတယ်။ (အ၀ယ်လိုက်တယ်)

ဈေးကောင်းရတာမို့ရယ်။

လမ်းမတော် ဆိပ်ကမ်း သဘောင်္ဆိပ်နဲ့ နီးတော့ ဟိုဘက်ကမ်းက ဈေးသည်တွေ ဒီဘက်ကို တက်လာကြတာ။

လမ်းဘေးဈေးသည်က များတယ်။

အမတော့ အဲလို ဈေးသည်တွေဆီက ပိုဝယ်မိတယ်။ လတ်ဆတ်လို့။ ဈေးလည်း သင့်တော်တယ်။