Wednesday, October 26, 2011

ကြက်သားနီချက်





ကြက်သားကို ရေသေချာဆေးပီး အနေတော် အတုံးလေးတုံး ... ဆား၊ ဟင်းခတ်မှုန့် နဲ့ နယ်ပီးတဲ့ အခါမှာ ရှာလကာရည်၊ ပဲငံပြာရည် အနောက်  တို့နဲ့ ထပ်နယ်ပေးပါတယ်။


အနှစ် အဖတ်များများ အတွက် ကြက်သွန်နီ အနေတော် ၃လုံးလောက်ကို ပါးပါးလှီးပီး ကြော်ထားပါတယ်။ ကြက်သွန်ကြော် နီးပါး ကြွပ်တဲ့အထိ မကြော်ထားပါဘူး။ ပီးရင် ဆယ်ထားလိုက်ပီး။
ဆီပူအိုးထဲမှာ သကြား ၃ ဇွန်းလောက် ထည့်ပီး မွှေလိုက်တယ်။ 
နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီး အစိမ်းမှုန့်ကို ထည့်၊ ဆီသတ်ပီးမှ 
ခရမ်းချဉ်သီးထည့်၊ ခရမ်းချဉ်သီးဖတ်တွေ ကြေလောက်မှ ....
နှပ်ထားသော ကြက်သားထည့်ပီး မွှေလိုက်ပါတယ်။ 
ကြက်သားနဲ့ အစာပလာစာတွေ သမနေအောင် မွှေပီးပီ ဆိုမှပဲ ရေကို ကြက်သားတုံး မမြုပ်ရုံ ရေ အနေတော်လေးပဲ ထည့်ပီး ( medium ) မီးမြေးမြေးနှင့် ၂ ရေလောက် တည် အပီးမှာ စောပိုင်းက ကြော်ထားသော ကြက်သွန်နီကြော်များကို အနှစ်အဖတ်များများ စားချင်တာမို့ ထည့်ပီး ချက်လိုက်ပါတယ်။
၃ရေလောက် ဟင်း အနှစ် ကြက်သွန်နီ၊ ခရမ်းချဉ်သီး ဟင်းအနှစ်ဖတ်များများ နဲ့ ချက်ထားသော ကြက်သားနီချက်။

(( ချက်နေတုံး ကြက်သားထဲက ရေ အပြင် ကြက်ဆီတွေလည်း ထွက်သေးတာမို့ ချက်မယ့် ရေထည့်တော့မယ့် အခါ အိမ်မှာ အနေတော်လောက်ပဲ ထည့်ပါတယ်။

ဆီကိုလည်း အနေတော်ပဲ ထည့်တယ်။ ))
 

ကြက်သားနီချက်ဟင်းက ၀က်သားနီချက်ဟင်း ချက်ပုံ ချက်နည်းအတိုင်း ချက်ထားတာပါ။ ကြက်သားနီချက် ချက်စားချင်နေတာ ကြာပါပြီ။ 08/13/2011 - ထောပတ်ထမင်း နှင့် အတူ ကြက်သား ထောပတ်ဟင်း ချက်စားကတည်းက ဒီလိုကြက်သား အရေခွံမျိုးနဲ့ဆို ၀က်သားနီချက်လိုမျိုး ကြက်သားနီချက် ချက်စားရင် စားလို့ ကောင်းမှာပဲ ဆိုပီး စိတ်ကူး ခဲ့တာပါ။ 
အခုမှပဲ လက်တွေ့ အကောင်အထည်ဖော် ချက်စားဖြစ်ပါတော့တယ်။


ကလေးတွေကတော့ ပဲငံပြာရည်နဲ့ ကြက်အချိုချက် အရသာထက်  ဒီနေ့ချက်တဲ့ ခရမ်းချဉ်သီး အနှစ်ပါ အပါ ချက်ထားသော ကြက်သားနီချက်ဟင်းကို ပိုကြိုက်ကြပါတယ်။

သူ့အရသာက ကြက်ချိုချဉ်ကြော် အရသာမျိုး နည်းနည်း နီးစပ်တယ်။ ကြက်သား အရသာက ချိုပေမယ့် ငရုတ်သီး အစိမ်းမှုန့် ပါ ထည့် ဆီသတ် ချက်ထားတာမို့ ပိုစားကောင်းတယ်။




ကြက်သားနီချက် နဲ့ တွဲစားဖို့ ငပိထောင်းအတွက် စိမ်းစားငပိ ဇွန်း တကော်စာလောက်ကို oven နဲ့ ငပိဖုတ်လိုက်ပါတယ်။


ခြေထားသော ငပိဖုတ်၊ ကြက်သွန်ဖြူ + ငရုတ်သီးစိမ်း၊ ပုစွန်ခြောက်မှုန့်၊ သံပုရာသီး
 

ငပိထောင်းကို ဆီမပါ၊ သံပုရာရည် မပါ ငပိထောင်းသပ်သပ်ချည်း နှယ်စားတတ်သလို၊
ငပိထောင်းကို သံပုရာမပါ ဆီစိမ်း လောင်းထည့်ပီး လည်း နှယ်စားတတ်ပါတယ်။
ဒီနေ့ကတော့ ကြက်သားနီချက် အချို အရသာ နဲ့ နှယ်စားမှာမို့ ဆီစိမ်း မစမ်းတော့ပဲ သံပုရာသီး တခြမ်းစာလောက် ညစ်ထည့်ထားသော ငပိထောင်းပါ။
 

ရွှေမြန်မာက ချဉ်ပေါင်ရွက် နဲ့ ချက်ထားသော ချဉ်ပေါင်း နှင့် မျှစ် ချဉ်ရည်ဟင်း
 

ငပိထောင်း
 

အရင်ပိုစ့် ....




4 comments :

QuuTe said...

အရမ်းကြိုက်တယ် အိမ်မှာ အဲလိုချက်ရင် ကြက်သားတုံးတွေမစားဖူး ဟင်းအနှစ်တွေနဲ့ထမင်းနဲ့နယ်စားတာ :)

Thet Nandar Family said...

Quu Te ...

ဝက်သားနီချက်၊ ကြက်သားနီချက် ဟင်းအနှစ်တွေက တကယ်ကို စားကောင်းကာင်းတယ်။

၃ ရေ လောက်ဆို ကြက်သွန်နီ အဖတ်တွေက ကြေမွသွားတာမို့
ကြက်သွန်နီကြော် ကို နောက်ဆုံးတရေမှ ထည့်ချက်တာ
ပိုစားကောင်းတာ အမှန်ပဲ။

ရှေးလူကြီးတွေရဲ့ ခေတ် အဆက်ဆက် ချက်နည်းတွေပေါ့။

ကိုယ်စဉ်းစားနေတာ ကျူတီအိမ်က ကိုရီးယား ဟင်းနဲ့ လဲစားလို့ ရရင် သိပ်ကောင်းမှာပဲလို့ ....

ဟီး ... ဟီး

QuuTe said...

အိုခေ လဲစားကြမယ် ပေါင် မချိန်ကြေးနော် :P

Thet Nandar Family said...

Quu Te ....

ဟီး ... ဟီး

...~٩(●̮̮̃•̃)۶٩( -̮̮̃-̃)۶٩(-̮̮̃•̃)۶٩(●̮̮̃●̃)۶٩(•̮̮̃ •̃)۶ ...