Tuesday, October 25, 2011

ဆိတ်သား ထောပတ်






ဆိတ်သားကို ဆနွင်းမှုန့် လေးပုံ တစ်ပုံ၊ ဆား ၂ဇွန်း၊ ဟင်းခတ်မှုန့် ၁ ဇွန်း နဲ့ နယ်ထားပီး
ဒိန်ချဉ် ဇွန်းကြီး ၂ ဇွန်း စာလောက်ထည့်နယ်၊ ၁ နာရီလောက် နှပ်ထားလိုက်ပါတယ်။



ဆီ အနည်းငယ်ထည့်ထားတဲ့ ဆီပူအိုးထဲမှာ ဆီ ပူပီဆိုတာနဲ့ Ghee ထောပတ် ထမင်းစားဇွန်း ၂ ဇွန်းထည့်မွှေလိုက်တယ်။


ပီးတာနဲ့ လက်တဆစ်သာသာလောက် အခွံခွါထားပီး ဓါးဖနောင့်ထုထားတဲ့ ဂျင်းပြားများ ထည့်မွှေတယ်။


ပန်းကန်လုံးထဲက Garam Masala အစုံ ထည့်မွှေပီးမှ


ဒိန်ချဉ်နဲ့ တနာရီလောက် နှပ်ထားတဲ့ ဆိတ်သားကို ၅ မိနစ်ကျော်လောက် အဆက်မပြတ် မွှေပေးပီး


အနံလေး မွှေးတက်လာမှပဲ ရေကို ဟင်းထည့် ပန်းကန် တစ်လုံးစာ (အသားတုံး မမြုပ် ရေပမာဏ) လောက်ပဲ Pressure cooker ထဲ ထည့်ပီး မီးမြေးမြေး အနေအထား နဲ့ မိနစ် ၂၀ လောက် ချက်ထားလိုက်ပါတယ်။


မိနစ် ၂၀ ပြည့်ရင် မီးခလုပ် ပိတ်ပီး အိုးအဖုံး မဖွင့်သေးဘဲ ဒီအတိုင်း နှပ်ထားလိုက်ပီး တအောင့်ကြာမှ ဆိတ်သား ထောပတ်ဟင်းခပ်တယ်။


ဆိတ်ရိုးထဲက ရိုးတွင်းခြင်ဆီ ကြိုက်တတ်သူများအတွက် ...


ဒိန်ချဉ်နဲ့ တနာရီလောက် နှပ်ထားပီး ထောပတ် နဲ့ ချက်တာမို့ရယ်


မဆာလာ အစုံထည့်ပီး ချက်ထားတာမို့ လုံးဝကို ညှီနံ မရှိပဲ ထောပတ် အနံလေး မွှေးမွှေး နဲ့ ဆိတ်သား အသား အရသာ အပြည့် စားလို့လည်း ကောင်းတယ်။

 
Pressure cooker နဲ့ မိနစ် ၂၀ (မီးမြေးမြေး) အနေအထား လောက်ပဲ ချက်ထားတာမို့ နူးလည်း နူးတယ်။


ဆိတ်သား ထောပတ်ဟင်း




ပြောပြချင်တာက ... ဒီတခေါက် ချက်တဲ့ ဆိတ်သားဟင်းထဲမှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီ မပါ ပါဘူး။ ထောပတ် နဲ့ ချက်ထားတာပါ။


ဆိတ်သားဟင်း တခွက်စာ ဟင်းခပ်အပီး အိုးထဲမှာ ဆိတ်သား ထောပတ် ဆီ နှင့် အတူ ဆိတ်အသားရဲ့ ဟင်းအနှစ်တွေ မွှေးမွှေးလေး တွေ့တော့ ဆိတ်သား ဒန်ပေါက် ချက်စားချင်စိတ် ဖြစ်ပေါ်သွားတာနဲ့
နောက်ဆက်တွဲ ဆိတ်သားဒန်ပေါက် ချက်ဖြစ်သွားပါတယ်။ နဂိုမူလ ဆိတ်သား ဒန်ပေါက် ချက်စားဖို့ အစီအစဉ် လုံးဝကို မရှိခဲ့တာပါ။

ကြာချိန် ....

ဒီဟင်းချက်တာတော့ ဆိတ်သားကို ဒိန်ချဉ်နဲ့ နှပ်တာ တစ်နာရီ နဲ့
ဆိတ်သားကို Pressure cooker နဲ့ ချက်တာ မိနစ် ၂၀

2 comments :

Winner said...

ဆိတ်သားထောပတ်ဆိုတော့ကြက်သားထောပတ်နဲ့ဆင်တာပေါ့..........

Thet Nandar Family said...

Winner -

ဆိတ်သားကို ချက်တဲ့ အခါမှာ မငြီအောင် သံပုရာသီး ၁ လုံး .. ညှစ်ထည့်ပီး ဆိတ်သားကို ရေဆေးပေးပါ။

သံပုရာသီး မရှိရင် ရှာလကာရည်လည်း ရပါတယ်။

ထောပတ်ရည်ထဲမှာ ဟင်းခတ်အမွှေးအကြိုင်များကို အရင်ဆုံး ဆီသတ်ပီးမှ ဆိတ်သားထည့်မွှေ ... ဆိတ်သား အသားတုံး ကျစ်လာတဲ့ အထိ အဖုံးဖွင့်ပီး ချက်ထားပါ။

ဒါမှ ဆိတ်သား ထောပတ် အနံမွှေးမွှေးလေး ရအောင် အညီနံတွေ ထွက်သွားမှာ ..

ပျော်ရွှင်စွာ ဟင်းချက်နိုင်ပါစေရှင် ~~~