Thursday, October 13, 2011

ငါးပုတ်ပြား ပုစွန်ခြောက် အစပ်ကြော်

 
ငါးပုတ်ပြား ပုစွန်ခြောက် အစပ်ကြော်





ငါးပုတ်ပြားခြောက်ကို oven မှာ 350 ºF  နဲ့ နာရီဝက်ကျော်လောက် ဖုတ်ပေးထားလိုက်တယ်။
(Degree sign Alt + 167)  



ဆီရွှဲရွှဲစမ်းပီး သံပုရာသီး ညစ်ထားသော ငါးပုတ်ပြားခြောက် ဆီဆမ်း



နည်းနည်း စားကြည့်တယ်။ ဘုရား ... ဘုရား တော်တော်ငံတဲ့ ငါးခြောက်ပဲ။ 
ကိုယ်ရော ... ဒယ်ဒီရော မစားရဲဘူး။ 
ကိုယ်တို့ နှစ်ယောက်စလုံးမှာ အနားယူလို့ ရတဲ့ Holiday ဆိုတာ မရှိတော့ နှစ်ယောက်စလုံး ကျန်းမာရေးကို ဂရုစိုက်ရတယ်။
သွေးတိုးလည်း မရှိပါဘူး။ 
ငပိ၊ ငါးခြောက်၊ တက်စာ၊ ဒန်ပေါက်၊ အကုန်စားလို့ ရတယ်။ 
ဒါပေမယ့် စားရင် ဟင်းနည်းနည်း၊ ထမင်းများများ စားတာပေါ့။

(နောက်ပိုင်း ထမင်းကို Jasmine rice မစားပဲ basmati rice ၂ယောက်စာ ချက်ပီး ပြောင်းစားဖို့လည်း အစီအစဉ်ရှိပါတယ်။ ဆီးချို ရှိလို့ မဟုတ်ပါဘူး။ ကလေးတွေကတော့ ကြီးထွားဖွံဖြိုးဖို့ အဆီအနှစ်များများပါတဲ့ Jasmine rice ပဲ ဆက်စားမှာပါ) 


ဒီလောက် ငံတဲ့ ငါးခြောက်ကို စားမိလို့ ရောဂါ ရရင် 
နောင်လာလတံသော လတွေ နှစ်တွေမှာ ငပိ၊ ငါးခြောက်၊ သွေးတက်စာများနဲ့ ဝေးသွားမှာစိုးလို့ ......



ငါးခြောက်ကို နွှင်လိုက်တယ်။

  
ကြက်သွန်နီ အရွယ်တော် ၅လုံးလောက် ပါးပါးလှီးပီး အရင်ကြော်လိုက်တယ်။ ဆနွင်းမှုန့် နဲ့ ကြော်ထားသော ကြက်သွန်ကြော်တွေကို ဆယ်ထားလိုက်ပီး ....


  
ဆီထပ်ထည့် နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ ကို ကြော်။ ပုစွန်ခြောက်မှုန့်ထည့်ကြော်၊ နွှင်ထားသော ငါးခြောက်ဖတ်ကို ထည့်၊ ငရုတ်သီး အကြမ်းမှုန့်ကို ထည့်။ ငရုတ်သီး အကြမ်းမှုန့် ကျက်လောက်ခါနီးမှ စော်ပိုင်းက ကြော်ထားသော ကြက်သွန်နီကြော်များကို ထည့်မွှေကြော်ထားတာ။



ကြော်ပုံကြော်နည်းက ငပိကြော်အတိုင်းပဲ။ စိမ်းစားငပိ နေရာမှာ ငါးခြောက်ကို နွှင်ပီး ထည့်ကြော်ထားတာ။
စားကြည့်ရင်တော့ သိသာတယ်။ အနံကော၊ အရသာကော ကွာတယ်။
သူ့အရသာလည်း ကောင်းတယ်။ ဒယ်ဒီတောင် ကြိုက်သွားတယ်။
ထမင်းနဲ့ နှယ်စားတဲ့အခါမှာ အခွံပါး သံပုရာသီးကို ပါးပါး သေးသေးလေး လှီးပီး ထမင်းထဲ မြုပ်ပီး စားတယ်။ 



အရင်ပိုစ့် ....


သို့ ....


သူငယ်ချင်း မမ များရှင့် .....

ဓာတ်ပုံချည်းပဲ သီးသန့် ကြည့်ချင်ရင် ဓာတ်ပုံပေါ်မှာ မျှား သို့မဟုတ် လက်ဖ၀ါး ပေါ်တဲ့အခါမှာ နှိပ်လိုက်ပါ။ 
အဲဒါဆို ဓာတ်ပုံချည်းပဲ သီးသန့် ကြည့်လို့ရပါတယ်။


ပိုစ့်မှာ ဓာတ်ပုံကို ကလစ်နှိပ်လိုက်ရင် ဒီလိုမျိုး ဓာတ်ပုံတွေချည်းပဲ သီးသန့်မြင်ရပါတယ်။


အနီးကပ် ရိုက်ချက်


မကူးကူး ဘလော့မှ ဓာတ်ပုံကို ကလစ်နှိပ်လိုက်ရင် ဒီလိုမျိုး ဓာတ်ပုံ အဲလ်ဘမ်နဲ့ ကြည့်လို့ရပါတယ်။


မွန်ရဲ့ ဓာတ်ပုံတွေကိုလည်း ဒီလို ကြည့်လို့ ရပါသေးတယ်။
(သဘောကျတယ်။ ဓာတ်ပုံတွေချည်းပဲ သီးသန့် ကြည့်လို့ရနေတာကို)

မိသားစု ဘလော့ကို ရောက်လာလို့ 
thiriyatanar.blogspot.com
ပိုစ့်တွေက တပိုင်းတစပဲ ဖတ်လို့ရတယ်။

(ဟုတ်ကဲ့ ... ကိုယ် ပိုစ့်တွေကို တပိုင်းတစ တိုးလို့တွဲလောင်းရေးပီး တင်တတ်တယ်လို့ Gtalk ကနေ လာပြောတာကို :P)


အမှန်က .. blog template ကြောင့်ပါ .. တချို့ blog template တွေက ပိုစ့်ကို အနည်းအကျဉ်းပဲ ဖော်ပြထားပီး .. ဆက်ဖတ်ချင်ရင် ... Read more ( button ) ကို နှိပ်ပီး ဖတ်လို့ရပါတယ် ...


ဘယ်ဆက်သွားရမှာလဲး မသိ ... မျက်စိလည်နေတယ်ဆိုလို့ ...
ဖတ်ချင်တဲ့ ပိုစ့် မှာ ခေါင်းစဉ်ကိုသာ ကလစ်နှိပ်လိုက်ပါ။


အလွယ်ဆုံးက သူငယ်ချင်း မမ သုံးနေတဲ့ အဆင့်မြင့် laptop computer က 
mouse သွားတဲ့ နေရာမှာ လက်ဖ၀ါးလေး ပေါ်နေလိမ့်မယ်။ 
အဲဒီ လက်ဖ၀ါးလေးလည်း ပေါ်နေတယ်။ 
ဒီခေါင်းစဉ်ကို သူငယ်ချင်း မမ ဖတ်ချင်တယ်ဆိုရင် mouse ကို
ကလစ်သာ နှိပ်လိုက်ပါ။

ဟိုတခါ ၀က်ပုန်းရည်ကြီးဟင်း http://thiriyatanar.blogspot.com/2011/09/blog-post_15.html ပိုစ့်တုန်းက 
Facebook - Home & Profile မှာ ဓာတ်ပုံ သုံးပုံ (ပုံကြီးကြီး မြင်နေရတဲ့ အချိန်တုန်းက မမတို့ နိုင်ငံဘက်မှာ မမြင်ရဘူး အတင်းကြီးကို လာငြင်းနေလို့ သိသလောက် ပြောပြရရင် Facebook ဒီဇိုင်း အသစ်ကို US မှာ ၇လပိုင်း ၊ ၈လပိုင်း လောက်ကတည်းက Facebook account ကို ဘာမှ မကလိပဲ သူ့ဘာသာသူ ဒီဇိုင်း အသစ်ပြောင်းတာ မြင်နေရပါပီ။ )

မမတို့ နိုင်ငံမှာ ပီးခဲ့တဲ့ ၉လပိုင်း လကုန်လောက်ကမှ ပြောင်းသွားတာလို့ ပြောတယ်။
ဘာကြောင့်လည်း ဆိုတာတော့ ဒီက ညီမလေးလည်း မသိပါဘူး မမရယ် ....


YouTube ကနေ ဗီဒီယို ဌားကြည့်လို့ရတာ ၅လပိုင်း  မေ လ  လောက်ကတည်းကပါ။
မမတို့ဆီမှာ YouTube ကနေ ဌားကြည့်လို့ မရပါဘူးလို့ အတင်းကြီးကို လာငြင်းနေတော့ မမရယ် ...
ဘာတွေ ကွာနေလည်း ဆိုတာ မသိပါဘူးကွယ် ...


ကိုယ် လေ .. ဘာမဟုတ်တဲ့ ဟာလေးနဲ့ ကိုယ် ကို လာပီး ငြင်းနေရင် .. ပြန် မငြင်းချင်ဘူး။ ကိုယ့်ရဲ့ အချိန်တွေကို နှမြောတာလည်း ပါသလို .. အဲလို ပြိုင်ငြင်းခုန်နေရတာကို မကြိုက်တာလည်း ပါတယ်။


YouTube ကနေ ဗီဒီယို ဌားကြည့်လို့ရပီရေးထားသော ပိုစ့် http://thiriyatanar.blogspot.com/2011/07/little-pet-shop.html

ဒီဇိုင်း အသစ် Facebook ကို သဘောတော့ ကျပါတယ်။
အရင်တုန်းက Feed တွေကို သီးသန့် ခွဲကြည့်လို့ ရတယ်။ 
အခုက update feed တွေကို သီးသန့် ခွဲကြည့်မရပဲ အကုန်လုံး ရောနေလို့ ...
FB account မှာ ရှိတဲ့ တချို့ FB friend Feed တွေကို unsubscribe လုပ်ရတယ်။
တခြား account က update Feed ကို ဖတ်ချင်ရင် သူ့ကို သူငယ်ချင်း အဖြစ် အပ်စရာမလိုပဲ subscribers နှိပ်လိုက်တာနဲ့ ကိုယ့်ဘက်မှာ သူ့ရဲ့ update feed ကို ဖတ်လို့ရတာကိုလည်း သဘောကျမိပါတယ်။
FB account မှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ရှိတာမို့ သူ့တို့ စကားကို နားမလည်ရင် 
FB မှာ တခါတည်းကို translate က ပါနေလို့ အဆင်ပြေသွားပါပီ။



translate မနှိပ်ခင်ပုံ


translate နှိပ်ပီးပုံ





2 comments :

Vista said...

ဂလု

Thet Nandar Family said...

‎(¯`*•.¸,¤°´'`°¤,¸.•*´¯)
¸,¤°´'`°•.¸•O•� �.•°´'`°¤,¸
|¯¯¯¯¯¯¯¯¯¯¯•.•¯¯¯¯¯¯¯¯¯¯¯|
HELLO
| ___________.•.___________|
*´'`°¤¸¸.•'´•O•`'•.¸¸¤°´'`*
(_¸ .•*´'`°¤¸'¸¤°´'`*•.¸_) Vista.

10Q 4 LIKE

´´ ´¶¶¶¶¶´´´
´´´´ ´¶´´´´´¶´´´´
´´´ ´¶´´´´´¶´´
´´´´´¶´´´´¶´´
´´´´´¶´´´¶´´´
´´´´¶¶¶¶¶¶¶¶¶¶¶¶
´´´¶´´´´´´´´´´´´¶´
´´¶¶´´´´´´´´´´´´¶´
´¶¶´´´¶¶¶¶¶¶¶¶¶¶¶´
´¶´´´´´´´´´´´´´´´¶
´¶¶´´´´´´´´´´´´´´¶´
´´¶´´´¶¶¶¶¶¶¶¶¶¶¶¶´
´´¶¶´´´´´´´´´´´¶´´
´´´¶¶¶¶¶¶¶¶¶¶¶¶´´´´.