Saturday, October 22, 2011

ငါးရံခြောက် ခရမ်းချဉ်သီးချက်


ငါးရံခြောက်




ငါးရံခြောက်တွေကို အနေတော် အတုံး လှီးထားလိုက်ပီး ရေစိမ်ထားလိုက်တယ်။



ဆီထည့်ထားတဲ့ အိုးထဲမှာ ဆီပူလာတာနဲ့ တပြိုင်နက် နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ ထည့်၊


ဆနွင်းမှုန့်၊ ငရုတ်သီး အရောင်တင်မှုန့်ထည့် ဆီသတ်ပီး၊


ရှစ်စိတ်ခြမ်း ခရမ်းချဉ်သီး အနေတော် ၂ လုံးလောက်ထည့်။ ရေလေး အနည်းငယ်ထည့်ပီး ခရမ်းချဉ်သီး ဖတ်တွေ လိပ်တက်လာပီဆိုတာနဲ့ ရေစိမ်ထားသော ငါးရံခြောက်များကိုထည့်၊
နံနံပင် အရွက်မပါ ရိုးတံလေးတွေ ပါးပါးလှီးထားတာထည့်၊ 
ငရုတ်သီးစိမ်း ထက်ခြမ်းခွဲထည့်၊
ရေ ထည့်။


ဆီပြန်လာပီဆိုတာနဲ့ ပါးပါးလှီးထားသော နံနံပင်များ အုပ်ချက်ထားသော ငါးရံခြောက် ခရမ်းချဉ်သီးချက်



ငါးခြောက်ဟင်းနှင့် အတူ တွဲဖက်စားဖို့ သရက်သီးစိတ်






အရင်ပိုစ့် ....




0 comments :