Saturday, October 15, 2011

အုန်းထမင်း၊ ကြက်သားအားလူး


အုန်းထမင်း



$ 1.89


Jasmine rice ဆန်ချိန်ခွက် နဲ့ ၅ ခွက်၊
ကြက်သွန်နီ အရွယ်တော် ၃ ဥကို လေးစိတ် စိတ်ပီး အဖတ်လေးတွေ တလွှာချင်းစီ ခွာပေးထားလိုက်တယ်။


အုန်းနို့ဗူးထဲက အုန်းနို့ရည်က ဆန်ချိန်ခွက် နဲ့ ၂ခွက်ကျော်လောက် ရပါတယ်။

အိမ်မှာ Jasmine rice ကို ဆန်ချိန်ခွက် ၁ ခွက်း ရေ တခွက် ... ၁း၁ နဲ့ ချက်ပါတယ်။

ဒါကြောင့်မို့ အုန်းနို့ဗူးထဲက အုန်းနို့ ၂ ခွက်ကျော် နဲ့ အတူ ရေကို ၃ခွက် မပြည့်တပြည့်။ စုစုပေါင်း ရေပမာဏ ၅ ခွက်။
သကြား ထမင်းစားဇွန်း ၂ ဇွန်း၊ ဆား ၁ ဇွန်း တို့ကို မွှေပေးထားလိုက်တယ်။


Rice cooker နဲ့ ချက်လိုက်တယ်။


warm ခလုတ်တက်လာတာနဲ့ ထမင်းအိုးအပေါ်ပိုင်းကို ခပ်ဖွဖွလေး ဇွန်း နဲ့ မွှေပေးထားလိုက်ပီး။


အုန်းထမင်းကို ခဏလေး နှပ်ပေးထားလိုက်တယ်။


ချက်ရတာလည်း လွယ်သလို၊ 


ပုံမှန် နေ့စဉ် စားနေကြ ထမင်း ကို  ၂ ဒေါ်လာ နီးပါးတန် အုန်းနို့ဗူးလေးနဲ့ ချက်လိုက်တော့ မိုးအေးအေးမှာ စားချင်စဖွယ် အုန်းထမင်း ရပါပီ။


အနံ့ အရသာ နှင့် ပြည့်စုံသော အုန်းထမင်း






ကြက်သား၊ အားလူး ဟင်းအိုး


အေရှန်ဆိုင်က ကြက်သားကို အသားတုံး လှီးထားလိုက်ပီး ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်သီး အစိမ်းမှုန့်၊ ဆနွင်းမှုန့် နဲ့ နှယ်ထား၊ ခဏလောက် နှပ်ထားတုန်းမှာ ....


ကြက်သွန်ဖြူ၊ ကြက်သွန်နီကို အခွံခွါ၊ နှုတ်နှုတ်စင်းပီး ချက်မယ့်အိုးမှာ ဆီအနည်းငယ် ထည့်ပီး ဆီသတ်၊ နှပ်ထားသော ကြက်သားတုံးများထည့်။


အေရှန်ဆိုင်က အိမ်ကြက်က မာတော့ ၃ ရေ လောက် မီးမြေးမြေး နဲ့ ချက်မှ အသားများ နူးပါတယ်။ ရန်ကုန်က အိမ်ကြက်နဲ့တော့ ကွာပါတယ်။ ၃ရေလောက် ချက်ပီးမှ အားလူး စိတ်များ ထည့်၊ ရေ အနည်းငယ်ထည့်။ ဆီကျန် ရေကျန်လေး ချက်ထားသော ကြက်သား၊ အားလူးဟင်း။


6 comments :

ပါရမီဖြည့်ဖက်လေး said...

အုန်းထမင်းနဲ့ ကြက်သားသိပ်ကြိုက်တာ။ ခုတောင် ပို့စ်လေးဖတ်ရင်း စားချင်သွားပြီ။ လင့်လေးယူသွားတယ် အစ်မရေ။

Thet Nandar Family said...

ရသာချို (ပါရမီဖြည့်ဖက်လေး) ....

အိမ်
……………|.|__________%_ %%.%/%/%
……………|.|___________(%% / %%;%_%
______((WWWWWWWWW))__ |.|
_____((_))WWWWWWWWW))_ |.|…….^v^
____((___))WWWWWWWWW)) |.|………….^v^
... ___((_____))WWWWWWWWW)) |….^v^
__((__|¯¯|__))WWWWWWWWW))
_((___|__|___))WWWWWWWWW))
((___________))WWWWWWWWW))
_|___|¯¯¯|____|__|¯¯¯|___|¯¯¯|_|__@@; ;@@;
_|___|___|____|__|___|___|___|_|_@@@ ;@@@;
_|___________|______________|

လာလည်တာ ကျေးဇူးနော်။

°·♥·♡τнänκчöü♥·♡·°

san htun said...

လာစားတယ် အမရေ

Thet Nandar Family said...

San Htun ....

░╦░╔╗╗╗╦═╗░░╔╗╔╦╗╦╔░╔═╗╔╗░ ░╗╗╗╔╔╗╔╗
░║░║║║║╠╣░░░╚╗║║║║║░╠╣░╚╗░ ░╠╣║║║╗╚╗
░╩╝╚╝╚╝╩═╝░░╚╝╝╝╝╩╚═╚═╝╚╝░ ░╝╝╚╝╚╝╚╝
♥▬MY●▬ღ░B░E░A░U░T░I░F░U░L░ ღ▬●▬FRIENDS!

ချော(အစိမ်းရောင်လွင်ပြင်) said...

အုန်းထမင်းတဲ့...
ဟိဟိ မကြိုက်တာတွေ ချက်ထားတယ်
ပန်းကန်ပြားနဲ့တောင် မလောက်လို့ အိုးလိုက်သာ မသွားချင်တော့တယ်။
အုန်းထမင်းချက်စားတုန်းက ထမင်းမနပ်လို့ တစ်အိုးလုံး ပစ်လိုက်ရတာ မှတ်မိသေးတယ်။အဲဒီလိုတော်တား)

ဒီတော့ သူများချက်တာဘဲ သွားရည်ကျသွားတယ်

Thet Nandar Family said...

ချော (အစိမ်းရောင်လွင်ပြင်) ....

▒▒▒▒▒▒▒██▒▒▒▒███▒▒▒▒██
▒▒▒▒▒▒█▓▓█▒██▓▓▓██▒█▓▓█
▒▒▒▒▒█▓▒▒▓█▓▓▓▓▓▓▓█▓▒▒▓█
▒▒▒▒▒█▓▒▒▓▓▓▓▓▓▓▓▓▓▓▒▒▓█
▒▒▒▒▒▒█▓▓▓▓▓▓▓▓▓▓▓▓▓▓▓█
▒▒▒▒▒▒▒█▓▓▓▓▓▓▓▓▓▓▓▓▓█
▒▒▒▒▒▒▒█▓▓█▓▓▓▓▓▓█▓▓▓█
▒▒▒▒▒▒▒█▓▓██▓▓▓▓▓██▓▓█
▒▒▒▒▒▒█▓▓▓▓▒▒█▓█▒▒▓▓▓▓█
▒▒▒▒▒█▓▓▒▒▓▒▒███▒▒▓▒▒▓▓█
▒▒▒▒▒█▓▓▒▒▓▒▒▒█▒▒▒▓▒▒▓▓█
▒▒▒▒▒█▓▓▓▓▓▓▒▒▒▒▒▓▓▓▓▓▓█
▒▒▒▒▒▒█▓▓▓▓▓▓███▓▓▓▓▓▓█
▒▒▒▒▒▒▒█▓▓▓▓▓▓▓▓▓▓▓▓▓█

10Q 4 comment.