ပုစွန်ဆီပြန်ဟင်း ချက်ရင် ချဉ်ရည်ဟင်းတခွက်ပါ တွဲချက်နေရတာမို့ ဒီတခါတော့ ပုစွန်ကို ဟင်း အနေနဲ့ရော ချဉ်ရည် အနေနဲ့ပါ စားလို့ရအောင် 2 in 1 တခါတည်း ချက်လိုက်တယ်။
ပုစွန်ကို သေချာဆေးပီး ... အခွံမခွါပဲ ပုစွန်လက်တွေကို ကတ်ကြေး နဲ့ ညှပ်ထားလိုက်တယ်။
ထမင်းစားဇွန်း နဲ့ ဆီကို ၂ ဇွန်းလောက်ပဲ ထည့်ပီး
နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းတို့ကို ဆီသတ်၊
ဆနွင်းမှုန့်၊ ငရုတ်သီး အစိမ်းမှုန့်ကိုထည့်တယ်။
ခရမ်းချဉ်သီး ထည့်တယ်။ ခရမ်းချဉ်သီး နူးအောင် အဖုံးကို ခဏလေး ပိတ်ပေးထားလိုက်တယ်။
ခရမ်းချဉ်သီးအဖတ်တွေကို ဇွန်းနဲ့ ဖိချေပေးလိုက်ပီး
နံနံပင် အရိုးကို ပါးပါးလှီးပီးထည့်။
ပုစွန်ထည့်၊ ငရုတ်သီးစိမ်းထည့်၊
ငံပြာရည်၊ ဆား၊ ဟင်းခတ်မှုန့် ထည့်ပီး
ရေကို ကြိုက်လောက်ထည့်တယ်။
ဟင်းရည် အနေနဲ့လည်း သောက်ချင်သေးတာမို့ ဟင်းရည်သောက်ပန်းကန် ၂ လုံးစာလောက် ထည့်တယ်။
ရေကျဲကျဲ ဆိုရင်တော့ ၁ လုံးစာလောက်ထည့်တာပေါ့။
ဒီတခါတော့ ဟင်းရည်အနေနဲ့ကော ဟင်းအနေနဲ့ပါမို့ ရေများများ ပဲ ထည့်ပီး ချက်စားလိုက်တယ်။
ဟင်းရည်အိုး ပွက်ပွက်ဆူလာခါနီးမှ နံနံပင် အရွက်တွေကို အုပ်ပေးလိုက်တယ်။
သူအရသာက ချိုတယ်။ ပုစွန်ကို ခရမ်းချဉ်သီး၊ ငံပြာရည်နဲ့ ငရုတ်သီးစပ်စပ်လေး ချက်ထားတာမို့ ပုစွန်ဆီပြန်ဟင်း အရသာ နဲ့ မတူဘူး။ ချဉ်ရည် အနေနဲ့လည်း သောက်လို့ ကောင်းတယ်။
ဓာတ်ပုံထဲမှာက ပုစွန်ဟင်းချဉ်း ထည့်ပီး ရိုက်ထားတာ။ အရည်နည်းနေတယ်။
လက်ဆောင်ရသော ချဉ်ပေါင်ကြော်များကို အမေရိကားက မျှစ်နဲ့ ရောကြော်ထားသော ချဉ်ပေါင်၊ မျှစ်ကြော်
ရွှေက ရွှေမိတ်ဆွေတွေက ရွှေ ချဉ်ပေါင်ချည်းပဲ များများ ကြော်ပေးပါတယ်။ အဲဒီ ရွှေမြန်မာက ချဉ်ပေါင်ကြော်ကို အမေရိကားရောက်တာနဲ့ မျှစ်ဝယ်ပီး ရောကြော်ပါတယ်။
ဒီတခါ ပုစွန်ခြောက် အကောင်တွေပါ လက်ဆောင် ရထားတာမို့ ပုစွန်ခြောက် လက်တဆုပ်စာကို ရေစိမ်ထားလိုက်တယ်။ ပွလာအောင်။
ဆီတခွက်စာလောက် ထည့်ပီး ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ကို ဆီသတ်၊ ဆနွင်းမှုန့်၊ ငရုတ်သီး အရောင်တင်မှုန့် ထည့်၊ ခရမ်းချဉ်သီးထည့်၊ ပုစွန်ခြောက် အကောင်လိုက်ထည့်၊ မျှစ်ထည့်၊ ငရုတ်သီးစိမ်းထည့်၊ ပုစွန်ခြောက်စိမ်ထားတဲ့ ရေကိုပါ ထည့်၊ မျှစ်နူးလာခါနီးမှ လက်ဆောင်ရသော ချဉ်ပေါင်ကို ရောကြော်လိုက်တယ်။
ပုစွန်ခြောက် အကောင်နဲ့ ကြော်လိုက်တော့ ရွှေမှာ ချဉ်ပေါင်ကြော်ကို ပုစွန် နဲ့ ကြော်တဲ့ အရသာမျိုး ရတာမို့ သဘောကျတယ်။
လိပ်တက်နေတဲ့ ချဉ်ပေါင်ရွက်ကို ဖြန့်ထားတာ။ ရွှေက ချဉ်ပေါင်ရွက်
ပုစွန်ခြောက် အကောင် နဲ့ ကြော်ထားသော ချဉ်ပေါင်ကြော်
Related Post (အရင်ပိုစ့် ..... တူတာလေးတွေ) .........
- ရွှေမြန်မာမှာ ချက်စားသော ပုစွန်ဆီပြန်ဟင်း နှင့် ကင်းပွန်ချဉ်ရွက် + ပဒက်စာ ချဉ်ရည်ဟင်း
- ခရမ်းချဉ်သီး အနှစ် နိုင်နိုင်လေး နှင့် ချက်စားသော ရွှေမြန်မာက ပုစွန်ဆီပြန်ဟင်း
- ပုစွန်ပြုတ်၊ ပုစွန်ကင်
- ပျဉ်တော်သိမ်ရွက်နှင့် ကြော်ထားသော ပုစွန်ထောပတ်
- ပုစွန် မဆာလာဟင်း
- ပုစွန်ကြာဇံကြော်
- ပုစွန်ဆီပြန်ဟင်း - ရိုးရိုး
- စိမ်းစားငပိနှင့် ချက်ထားသော ပုစွန်ဆီပြန်
- ပုစွန်ဆီပြန် - တို့စရာ ဂွေးသီး နှင့် သရက်သီး
- ပဲကြာဇံကြော် နှင့် ပုစွန်ကြော်
- ပုစွန်ချိုချဉ်ကြော်
- ပုစွန်ခေါင်း ဆီပြန်ဟင်း
- ကြက်ဟင်းခါးသီး ငပိချက် နှင့် ပုစွန်ဆီပြန်ဟင်း
- ပုစွန် ငါးဆုပ်ဟင်း
- ပုစွန် ဒန်ပေါက်
- us က ပုစွန်ဈေးနှုန်း နှင့် ပုစွန်ဆီပြန်ဟင်း၊ မန်းကျည်းရွက်နု ချဉ်ရည်ဟင်း
0 comments :
Post a Comment