Tuesday, October 11, 2011

ကြာဇံချက်


ကြက်သားတုံးတွေကို ဆနွင်းမှုန့်၊ ငရုတ်သီး အရောင်တင်မှုန့်၊ ဆား၊ ဟင်းခတ်မှုန့်၊ ငံပြာရည် နဲ့ နှယ်ပေးထားလိုက်ပီး .... 
ဆီ အနည်းငယ်ထည့်ထားတဲ့ ချက်မယ့်အိုးထဲမှာ ...
နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းတို့ ကို ဆီသတ်၊ 
နှပ်ထားတဲ့ ကြက်သားတုံးတွေကို ထည့်မွှေ။
ပီးမှ ရေကို ဟင်းပန်ကန်လုံး ၃ လုံးစာလောက် ထည့်ပီး 
ကြက်ရိုးများ နူးအောင် ...
Pressure cooker နဲ့ ပဲ တနာရီ နီးပါးလောက် တည်ပေးထားလိုက်ပါတယ်။



မှိုခြောက် (ကြွက်နားရွက်မှို)
ရေစိမ်လိုက်ရင် ကြီးလာတာမို့ ၄ ၊ ၅ ခုလောက်ပဲ ရေစိမ်ထားလိုက်တယ်။  
 


ပန်းခြောက်
ပန်းခြောက် နည်းနည်းကို ရေစိမ်ထားလိုက်တယ်။



ပဲပြားလိပ် (ရှေ့ဘက်)
 


(ကျောဘက်)
ပဲပြားလိပ် ၂ချောင်း၊ ၃ ချောင်းလောက်ကို ရေစိမ်ထားလိုက်ပါတယ်။



ပဲကြာဇံ (ေ၇ှ့ဘက်)
 


(ကျောဘက်)
ပဲကြာဇံကိုပါ ကြက်သားအိုး တည်ထားတဲ့ အချိန်မှာ နာရီဝက်လောက် ရေစိမ်ထားလိုက်ပါတယ်။



ယိုးဒယားက ထုတ်တဲ့ Fried fish cake



အရသာက ငါးဖယ်ကြော်လိုမျိုးပဲ
 


၁ နာရီကြာ ကြက်ရိုး၊ ကြက်ခြေထောက်များ နူး ... မြေ့ သွားတဲ့ အခါမှာ ငုံးဥပြုတ်အစား ကြက်ဥပြုတ် အလုံးလိုက် နှင့် ငါးဖယ်ကြော်ပုံစံ Fried fish cake ကို ပါးပါးလှီးပီး ထည့်တယ်။
 


ရေစိမ်ထားပီးနောက် .... ပါးပါးလှီးထားသော ကြက်နားရွက်မှို၊ နှင့်  ပန်းခြောက် ထည့်တယ်။
 


လှီးထားသော ပဲပြားလိပ် ထည့်တယ်။
 


ကြက်သားအိုးထဲမှာ မှိုခြောက်၊ ပန်းခြောက်၊ ပဲပြားလိပ်များ နူးစ ပြုလာခါနီးမှ ရေစိမ်ပီး ရေစစ်ထားသော နူးလွယ်တဲ့ ပဲကြာဇံကို ထည့်၊
ငံပြာရည်ထည့်
ဟင်းရည်အိုး ချခါနီးမှ ငရုတ်ကောင်းမှုန့် ဖြူးပီး 
ချက်ထားသော အိမ်ချက် ကြာဇံချက် ....



အပေါ့ အငံ လိုသလို ဖြည့်စားဖို့ ..... ဆား၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီး အကျက်မှုန့် 
နှင့်
ကြာဇံချက်မှာ ထပ်ဖြည့်စားဖို့ ...... ကြက်သွန်နီ၊ သံပုရာသီး၊ နံနံပင်



ကြာဇံချက်ပန်းကန်မှာ ငရုတ်ကောင်းမှုန့်လေး ဖြူး၊ ငံပြာရည်လေး စမ်း၊ ငရုတ်သီး အကျက်မှုန့်ပါ ထည့်ပီး ..
 


ပါးပါးလှီးထားသော ကြက်သွန်နီ နှင့် နံနံပင်ထည့်၊ သံပုရာသီး များများညစ် ...
 

ပူပူလောင်လောင် ချဉ်၊ ငံ၊ စပ် ကြာဇံချက်
 

ချက်ရတာလည်း လွယ်တယ်။ ပုံမှန် ချက်နေကြ ကြက်သားဟင်းအိုးထဲ မှိုခြောက်၊ ပန်းခြောက် နဲ့ ပဲလိပ်ပြာ ပဲ ထည့်ပေါင်းချက်လိုက်ရုံပဲမို့ ပီးခဲ့တဲ့ အပတ် ဈေးသွားဝယ်ရင်း မှိုခြောက်၊ ပန်းခြောက် ထုပ်တွေ ၀ယ်လာခဲ့တာ။ အထုပ်သေးပဲ ၀ယ်လာတယ်။ ဒီနေ့ ကြာဇံချက် ချက်ပီးတာတောင် အိမ်မှာ တော်တော်များများကို ကျန်နေသေးတယ်။ 
နောက်နေ့တွေ ကျမှ ဟင်း အချို ချက်တဲ့ အခါ ထပ်ထည့်ချက်လိုက်ပါအုံးမယ်။



ကြာဇံချက်အိုး
 



ကလေးများအတွက် ကြာဇံချက် ပန်းကန်
 


~~~~~ သုံးဆောင်နိုင်ပါပြီ  ~~~~~


အရင်ပိုစ့် ....




8 comments :

san htun said...

ကြာဇံချက် လာစားသွားပါတယ်...း)

Candy said...

ကြာဇံချက်ကတော့ ကန်ဒီ့ရဲ့ မှတ်မှတ်ရရ အစားအစာပဲ တီတီရေ.. ဘာလို့ဆိုတော့ အရမ်းကြိုက်ပေမယ့် စားတိုင်း ဖယ်ဖယ်စားရတာရှိလို့.. :P အဖြစ်ကတော့ဒီလို.. ငယ်ငယ်က အမေက မှိုခြောက်ကို ကြွက်နားရွက်လို့ခေါ်တော့ ကြောက်လို့ တကယ့်ကြွက်နားရွက်နဲ့လည်း တူတာကို.. အဲဒါ ခုထိ ကြာဇံချက်စားတိုင်း ဖယ်စားတယ်.. :P :P တကယ်တော့ ကျန်းမာရေးအတွက်ကောင်းတယ်တဲ့ မှိုခြောက်က.. :D

Thet Nandar Family said...

San Htun ....

အိမ်လာလည်တာ ကျေးဇူးနော် ။
ကြာဇံချက် ပူပူလေး အားရ ပါးရ သုံးဆောင်ပါဦး ။

███████.............)..........(
█______ █............((..........))
█______ █______(''''''''')o (''''''''')o
███████_ ▓▓▓▓▓▓▓▓▓▓▓▓▓▓
█______ █___ ████████████
███████__________██
█████████______████
█_█████████___█████
█___█___█__█_____ ███
█___█___█__█_______█
█___█___█__█_____████
____ █______ █___ ██████
____ █______ █_ █████████

Thet Nandar Family said...

Candy .....

ယုံတယ် Candy ရေ ...

ကလေးတစ်ယောက်ရဲ့ ခံယူချက်က
လူကြီးတွေထက် ပိုပီး ခံယူချက် ခိုင်မာတာကို ...

ကလေးအရွယ်မှာ သိလိုက်တဲ့ အသိ တချက်က
တသက်လုံး အရိုးစွဲတဲ့ အထိ မြဲနေတာလေ။

တီတီ ကိုယ်တွေ့ နဲ့ တီတီ ကလေးတွေလည်း အဲလိုပဲ။

ဘယ်လိုမှ ပြင်လို့ Change လို့ကို မရတာ။

Candy အတွက် ကြွက်နားရွက် မပါတဲ့ ကြာဇံချက် တပွဲ ပြင်ပေးမယ်။

အားရ ပါးရ စားသွားနော်။

┊┊┊▕▔╲▂▂▂╱▔▏┊┊┊┊
╭━━╮╭┈╮┈╭┈╮╭━━╮
╰╰╰┃▏╭╮┈╭╮▕┃╯╯╯
┈┃┈┃▏┈┈▅┈┈▕┃┈┃
┈┃┈┃▏┈╰┻╯┈▕┃┈┃
┈┃┈╰▅▅▅☼▅▅▅╯┈┃
┈╰━━┓┈╭┻╮┈┏

AH said...

ဟက်ပီး သီတင်းကျွတ်ပါ ခင်ဗျား.... :P

Thet Nandar Family said...

AH ....

.................(,)
.................-ﺜ-.
................|. .|
................|. .|
.......(¯`•.•´¯) (¯`•.•´¯)
.....♥ `•.¸(¯`•.•´¯)¸.•´ ♥
......... º ♥ `•.¸.•´ ♥

Happy Thadingyut Day to AH !

ခရစ္စတလ် said...

မြန်မာအစားအစာ တခုခုချက်မယ်ဆိုတိုင်း ဒီမှာ လာလာကြည့်ရတယ် မချက်စားတာ ကြာတော့ မေ့ကုန်လို့၊ ကျေးကျေးပါဗျို့ ;)

သီရိရတနာ said...

@ ခရစ္စတလ် - ရှာရလွယ်လားဟင် .. ကိုယ့် အတတ်နိုင်ဆုံး လာလည်သူတွေ အချိန်ကုန် သက်သာအောင် စီစဉ်ပေးထားပါတယ်။ လိုချင်တဲ့ ပိုစ့် မြန်မြန်ရှာတွေ့အောင်လို့လေ ... အပေါ်ဆုံးထိပ်နားမှာ Search box လေးမှာ မြန်မာလို " ကြာဇံချက် " ရိုက်ထည့်လိုက်ရင် တွေ့နိုင်ပါတယ်။ ပိုစ့်ရှာတာ မြန်အောင်လို့ ...

You can check out Search results for ကြာဇံချက်