Friday, October 7, 2011

ကြက်မြစ် မဆာလာဟင်း


ဒီနေ့ ကြာဇံကြော် နဲ့ ကြက်မြစ် မဆလာဟင်း ချက်စားဖြစ်ပါတယ်။ 
 


ကြက်မြစ်တွေကို အရင်ဆုံး ဆနွင်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်သီး အရောင်တင်မှုန့် နဲ့ နှယ်ထားပီး ဒိန်ချဉ် ၃ ဇွန်းပါ ထည့်နှယ်ပီး တစ်နာရီလောက် နှပ်ထားလိုက်ပါတယ်။
 


ဆီပူအိုးထဲမှာ နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ အရင်ဆီသတ်၊ ပီးတာနဲ့ နှုတ်နှုတ်စင်းထားသော ကြက်သွန်နီထည့်တယ်။ ရှစ်စိတ်ခြမ်း ခရမ်းချဉ်သီး ၂ လုံးလောက် ထည့်မွှေပီး အဖုံး ခဏ အုပ်ထားလိုက်တယ်။


ခရမ်းချဉ်သီးများ ကြေသွားအောင် ဇွန်းနဲ့ ဖိခြေပေးပီး .... ခရမ်းချဉ်သီးဖတ်များ လိပ်တက်လာပီဆိုမှ  ဒိန်ချဉ်နဲ့ နှပ်ထားသော ကြက်မြစ်များကို ထည့်မွှေပေးလိုက်တယ်။

ခရမ်းချဉ်သီးဖတ်များနဲ့ ကြက်မြစ်များ နှံစပ်သွားအောင် မွှေပေးပီးမှ ရေထည့်ပီး (2) ရေ လောက်ဆို ကြက်မြစ်များ နူးပါတယ်။ ဟင်းအိုးဆူလာပီဆိုတာနဲ့ ကုလားလေး မဆာလာ အုပ်ပီးချက်ထားသော ကြက်မြစ်မဆာဟင်းပါ။


သူ့အရသာက ကုလားလေး မဆာလာ အနံအရသာရယ်။ ဒိန်ချဉ်နဲ့ ချက်ထားသော  အနှစ်ဖတ် များများ ၊ ခရမ်းချဉ်သီး နဲ့ ချက်ထားသော ကြက်မြစ်ဟင်းက ခံတွင်းလိုက်တယ်။ ငရုတ်သီး အစိမ်းမုန့်ကို ချက်နေကျ ပုံမှန် အချိုး အစားထက် နည်းနည်းလေး ဇွန်းတ၀က်လောက် ပိုထည့်ပေးထားလို့ ခပ်စပ်စပ်လေး စားလို့ ပိုကောင်းပါတယ်။


ကြာဇံကြော်
 


ကလေးများအတွက် ကြာဇံကြော်
 



အရင်ပိုစ့် ....



0 comments :