Thursday, October 6, 2011

အညာချက် အမဲသားဟင်း



အမဲသားကို ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်သီး အရောင်တင်မှုန့် နှင့် အရင်နှယ်ထားလိုက်တယ်။
နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ 
ပါးပါးလှီးထားသော စပါးလင်၊ 
ခရမ်းချဉ်သီး ရှစ်စိတ်ခြမ်း ၊
ပါးပါးလှီးသော နံနံပင် 
အားလုံးကို ရောနှယ်ထားလိုက်ပီး ဆီစိမ်း ထည့် ၁ နာရီလောက် နှပ်ထားလိုက်တယ်။


ချက်မယ့် အိုးထဲမှာ အရင်ဆုံး အသားများကို လုံးချက်လိုက်ပီး စပါးးလင်အနံမွှေးမွှေး အသားများ ကျစ်လာတဲ့ အချိန်မှ ရေကို ထည့်ပီး .... ချက်ထားသော အမဲသား အညာချက်။

မြေအိုးနဲ့ ချက်ရင် ပိုစားကောင်းတယ်။ 
ပဲဆီစစ်စစ် နဲ့ အသားများကို ချက်ရင် အသားက ပိုပီး နူးတယ်။ အိတယ်။


ခရမ်းချဉ်သီး ငံပြာရည်ချက် အတွက် ကြက်သွန်ဖြူ ၃ မွှာ၊ 
ကြက်သွန်နီ ဥကြီး တစ်လုံး၊ 
ခရမ်းချဉ်သီး အလုံး ကြီး ၂ လုံး ၊ 
ငရုတ်သီးစိမ်း ၁၀တောင့်ကျော်၊ 
ငံပြာရည်က လက်ဘက်ရည်ဇွန်း နဲ့ ၅ ဇွန်း၊
နံနံပင်အရိုးကို ဓါး နဲ့ နှုတ်နှုတ်စင်းပီး အရွက်ကို ပါးပါးလှီးထားလိုက်ပါတယ်။

ဆီက ကော်ဖီခွက် တ၀က်ကျော်လောက် ထည့်ပီး။ 
ဆီဆူတာနဲ့ တပြိုင်နက် နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ ထည့်ပါတယ်။ 
ငရုတ်သီး အရောင်တင်မှုန့် ၁ ဇွန်းလောက် ထည့်ပါတယ်။ 
ခရမ်းချဉ်သီးများ ထည့်တယ်။ 
ငံပြာရည် ၅ ဇွန်းလောက် ထည့်တယ်။ 
နှုတ်နှုတ်စင်းထားသော နံနံပင် အရိုးများထည့်မွှေပေးပီး၊ 
ငရုတ်သီးစိမ်း ထက်ခြမ်းခွဲ ထည့်။ 
ခဏလောက် မွှေပေးပီး အဖုံး ခဏလောက် အုပ်ထားလိုက်ရုံနဲ့ နူးသွားတဲ့ ခရမ်းချဉ်သီးများကို ဇွန်း နဲ့ ခြေပေးထားလိုက်ပီး ဆီပြန်နေအောင် ချက်ထားသော ခရမ်းချဉ်သီး ငံပြာရည်ချက်ပါ။ 

  နံနံပင် အရွက်တွေကို ကတ်ကျေးနဲ့ ပါးပါးလှီးညှပ်ပီး ဆီပြန်လာတာနဲ့ နံနံပင်ကို အုပ်လိုက်ပါတယ်။
 



လက်ဆောင်ရသော ထိုးမုန့်
 



ထိုးမုန့် နှင့် ကော်ဖီနှပ်
 


ကော်ဖီကို အဲလိုမျိုး နတ် ပီး သောက်တဲ့ ကော်ဖီ အရသာ။
နှပ် ကော်ဖီကို နတ်ကော်ဖီ အမှတ် နဲ့ သောက်ရတာကို ပိုသဘောကျပါတယ်။
 



အရင်ပိုစ့် ....


အမဲနှပ် အညာချက်၊ ခရမ်းချဉ်သီးထောင်း
အမဲသား မဆာလာချက်၊ သီးစုံ ကုလားပဲဟင်း 
ဟင်းခတ်အမွှေးအကြိုင်များနှင့် ချက်ထားသော အမဲနှပ် 

beef roast

အမဲကလီစာဟင်း၊ ခရမ်းချဉ်သီး မဆာလာချက်
အမဲအူပြုတ်
ရှောက်ရွက် ခတ်ထားသော အမဲအူပြုတ်
အမဲအူပြုတ်၊ အမဲအူသုပ်
ရွှေမြန်မာချက်စားသော အမဲသားမွှကြော်
နံပြားနှင့် တွဲစားသော အမဲသား အားလူးဟင်း

ထောပတ် နှင့် ချက်ထားသော သိုးသားဆီပြန်
သိုးစွပ်ပြုတ် + ပလာတာ

Turkey curry ကြက်ဆင်သားဟင်း
Turkey drumsticks oven

မန်းတလေး ထိုးမုန့်၊ လမုန့်၊ ကရေကရာ 

ခရမ်းချဉ်သီး ငံပြာရည်ချက်၊ ၀က်ပုန်းရည်ကြီး 






4 comments :

Anonymous said...

စားချင်ပါတယ်..။
ဆီများများနဲ့
နံနံပင်ကြောင့် ပိုစားချင်သွားပါတယ်..။


ပေါက်

Thet Nandar Family said...

ပေါက် ....

ဟုတ်တယ်။ အဲဒီ ခရမ်းချဉ်သီး ငံပြာရည်ချက်
တို့ ပဲပုပ်ချက်တို့က ဆီများမှ အိနေတာနော်။

နံနံပင် အရိုး (ခေါ်) နံနံပင် အမြစ်ကို ပါ ထည့်ချက်ထားတော့ အနံလေးကို မွှေးနေတာပါပဲ။

ချဉ်၊ ငံ၊ စပ် နံနံပင် အနံမွှေးမွှေးလေး စားပါအုံး ...

░░░░░░░░░░()░░()░░░░░░░░░░
░▐░░░░░▄▄░▐░░▌░▄▄░░░░░▌░
░▐░░░░▀█▀▀▀▀▀▀▀▀█▀░░░░▌░
░▐▀▀▀▌░█░░░░░░░░█░▐▀▀▀▌░
░▐░░░▌░█░░░░░░░░█░▐░░░▌░

Anonymous said...

အမရေ အမဲသားခြောက်လုပ်နည်းလေးလည်းသိရင်ပြောပါအုံးမျှော်နေမယ်နော်

သီရိရတနာ said...

@ Anonymous -

အမ .. အမဲခြောက်ကိုတော့ ကိုယ်တိုင် မလုပ်ဖူးဘူး။

အမ ... ရဲ့ မိထီလာမြို့က အဘွားနှင့် အဒေါ်တို့ အမဲခြောက် လုပ်တာတော့ မြင်ဖူးပါတယ်။

အမတို့ ငယ်ငယ်တုန်းက မိထီလာမြို့မှာ ၅ ရက် တဈေး နေ့ဆို အဒေါ်တွေက အမဲသား အများကြီး ၀ယ်ပီး အသား အမြှောင်ရှည်ရှည် သွယ်သွယ် လှီးဖြတ်၊ ဆား၊ ဆနွင်းမှုန့်၊ အချိုမှုန့် နဲ့ နှယ် ... သံချိတ်ကောက်မှာ အသားတွဲတွေ ချိတ်တာ တမျိုး၊ ဇကော ဗန်းထဲမှာ .. အသားတွေ ထည့်ပီး နေပူလှမ်းတာကိုတော့ တွေ့ဖူးပါတယ်။

အဲဒီ အမဲခြောက်ကို ပန်းငရုတ်ပွဖြင့် ဆီပြန်နေအောင် ချက်တဲ့ဟင်းလည်း အမတို့ မိသားစု အရမ်းကြိုက်သလို ...

အမဲခြောက်ကို ရေစိမ်ပီး မီးဖုတ်၊ မွှနေအောင် ထုထောင်းပီး ... ဆီများများဖြင့် ဆမ်းထားတဲ့ အမဲခြောက်ဖုတ်ကိုလည်း အရမ်းကြိုက်ပါတယ်။

ဒါက ဘေဘီ ၏ အမေရိကား ... အမဲခြောက် လုပ်နည်း ပိုစ့် - Baby Taster - အမဲသားခြောက် ခရမ်းချဉ်သီးချက်