Saturday, October 1, 2011

သီးစုံ ထမင်းကြော်



အရင်ဆုံး နာနတ်သီး ထက်ခြမ်း ခြမ်းပီး အထဲက အသားတွေကို ဓါး နဲ့ လှီးထုတ်လိုက်ပါတယ်။


လှီးထုတ်လိုက်တဲ့ နာနတ်သီးတွေကို အတုံး သေးသေးလေးတွေ စိတ်လိုက်ပီး


ကြော်မယ့် အိုးထဲမှာ ထမင်းစားဇွန်း နှင့် ဆီကို ၂ ဇွန်းလောက်ပဲ ထည့်ပီး ကြက်သွန်ဖြူ ဓါးပြားရိုက် အရင် ထည့်ကြော်


ပီးမှ တဆက်တည်း မုန်လာဥနီ၊ ပဲစိမ်းလုံး၊ စပျစ်သီးခြောက်၊ နာနတ်သီးထည့်၊ ဟင်းခတ်မှုန့် ၂ ဇွန်း နဲ့ ဆား အနည်းငယ် ၊ သကြား အနည်းငယ် ထည့်မွှေပီး ရေ အနည်းငယ်လောက် ဖျန်းထားလိုက်ပါတယ်။
 


ရေခမ်းသွားပီဆိုမှ ထမင်း နှင့် သီဟိုစေ့ကြော်၊ ငရုတ်ကောင်းမှုန့် တို့ ဖြူးပီး ယောင်းမ ၂ချောင်း နှင့် ထမင်းများ မကြေ အောင် ခပ်ဖွဖွ လေး ပဲ ကြော်လိုက်ပါတယ်။  


နာမည်ကြီး ယိုးဒယား နာနတ်သီး ထမင်းကြော်လိုမျိုး အိမ်မှာ ပုစွန် မရှိသည့် အတွက် နာနတ်သီး ထမင်းကြော်လို့ နာမည် မထည့်တော့ပါဘူး။


အသီးနဲ့ ကြော်ထားတာမို့ သီးစုံ ထမင်းကြော်ပါ။


မိသားစု အားလုံး ကြိုက်နှစ်သက် တဲ့ သီးစုံ ထမင်းကြော်
 

ပါးပါးလှီးထားသော ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း စိမ်ထားသော ငံပြာရည် နှင့် တွဲဖက်စားလို့ ကောင်းပါတယ်။



သားသားက သူ့ကို နာနတ်သီး ထဲ ထမင်းကြော် ထည့်ပီး ကျွေးလို့ အရမ်း ကို သဘောကျနေတာပါ။


အားရ ပါးရကို စားနေပါတော့တယ်။


မိုးရွှာနေလို့ .... အိမ်ပြင်မှာ စားပွဲ ကုလားထိုင်နဲ့ ထွက်ထိုင်စားရင် ဘေးက သစ်ပင်တွေ နဲ့ဆို ဟာဝိုင်ယီ ရောက်သွားသလိုမျိုး :D


မမ က သားသားကို ထမင်းခွံကျွေးနေတာပါ။


မောင်နှမ ၂ယောက် အရမ်းကို သဘောကျ အူးမြူးနေတာ။



အဲလိုမျိုးလေး ပြင်ဆင်ပီး ထမင်းကျွေးရင် သူတို့ ၂ယောက်စလုံးက အရမ်းသဘောကျပေါ့။

အရင်ပိုစ့် ....



7 comments :

ချော(အစိမ်းရောင်လွင်ပြင်) said...

ကလေးတွေ ချစ်စရာကောင်းလိုက်တာ
သားငယ်လေးက ရယ်နေတဲ့ ပုံလေး တအားချစ်ဖို့ကောင်းတယ်နော်
အစ်မ ကလေး၂ယောက်လုံး အချောလေးတွေ
သီးစုံထမင်းက ကလေးတွေရဲ့အပျော်တွေကူးစက်လို့လားမသိဘူး
အရသာသိပ်ကောင်းမဲ့ပုံ

QuuTe said...

ကျူတီကတော့ သီစုံထမင်းကြော်ကို ဖရဲသီးခွံနဲ့စားရတာပိုကြိုက်တယ် မမနန္ဒာရဲ့ နာနတ်သီးခွံက နည်းနည်းသေးသလားလို့ပါ ဟီးဟီးးးးးးးးးးး

Thet Nandar Family said...

ချော ....

•´¸♥ ❤(◕‿-。)❤
*•.¸(´*•.¸♥♥¸.•*´)¸.•*´
•✿░Thanks░✿ •
.¸.•*(¸.•*´`*•.¸)`*•.¸¸.•
F ┏┯┓┏┯┓┏┯┓┏┯┓┏┯┓♥(\ /)
O┨ V ┠┨ I ┨┠ S ┨┠ I ┨┠ T┨ღ( . .)ღ
R ┗┷┛┗┷┛┗┷┛┗┷┛┗┷┛c(”)(”) Chaw⋯⋯♪♫•.•°*°•

ကျူတီ .....

ဖရဲသီး Watermelon ခွံထဲဆိုတော့
အား ပါး ...
အကြီးကြီးပဲ နေမှာပဲ။
အိမ်မှာက ဒယ်ဒီ တယောက်ပဲ တော်တော်စားနိုင်တာ။
အမတို့ သားအမိ သုံးယောက်က စားတော့ စားတယ်
ပုံမှန်ပဲ။

san htun said...

ကလေးတွေက ချစ်စရာ ကောင်းလိုက်တာ..မြင်တာနဲ့ တင် ကောင်းမှန်း သိတယ်...း)

Thet Nandar Family said...

San Htun >>>>

☆¸.•°*”˜˜”*°•.¸☆ ★ ☆¸.•°*”˜˜”*°•.¸☆
╔╗╔╦══╦═╦═╦╗╔╗ ★ ★ ★
║╚╝║══║═║═║╚╝║ ☆¸.•°*”˜˜”*°•.¸☆
║╔╗║╔╗║╔╣╔╩╗╔╝ ★ SUNDAY ☆ TO
╚╝╚╩╝╚╩╝╚╝═╚╝ ♥¥☆★☆★☆¥♥ ★☆ SAN HTUN.

Candy said...

တီတီတို့က ဟင်းချက်ကောင်းတာတင် မဟုတ်ဘူး... creative လည်း ဖြစ်တယ်နော်... သဘောကျတယ်.. အရမ်း... သရေယိုသွားပြန်ပါပြီ.. :P

Thet Nandar Family said...

Candy >>>>

အင်တာနက်ကနေ မြင် နေ .... တွေ့နေ ရတဲ့ ဗဟုသုတ တွေ နဲ့ ပေါင်းစပ်ပီး ဒီလိုမျိုး ဖန်တီးဖြစ်တာပါ ....

အိမ်လာလည်တာ ကျေးဇူးပါ Candy ~~~~

˛.。*/♫.♫\*˛.* ˛_Π___. ♥ ˛* ˛*
˛°./• '♫ ' •\.˛*./_____/~\*. ˛*.。˛* ˛. 。
* ╬╬╬╬╬˛°.|田田 |門|╬╬╬╬╬!˚ .˛ .