Saturday, October 1, 2011

သုံးထပ်သားကင်




ဒီတံဆိပ်နှင့် ကင်ထားတာပါ။
 

 ပါဝင်သော ပစည်းများ
 

ချက်နည်း အညွန်း
 

အထဲမှာ ၂ ထုပ် ပါတယ်
 

ပါဝင်သော အမှုန့် တစ်ထုပ်ကို ဆန်ချိန်ခွက် နှင့် ရေတ၀က် ထည့်ပီး ဖျော်ထားလိုက်ပါတယ်။


၂ပေါင်လောက် ရှိတဲ့ ၀က်သုံးထပ်သားကို ထည့်နှယ်ပီး ၂ နာရီလောက် နှပ်ထားလိုက်ပါတယ်။

(ချက်နည်း အညွှန်းမှာတော့ ၀က်သား တပေါင်ကို အမှုန့်ထုပ် ၁ ထုပ်စာ) 


oven မှာ aluminum foil နဲ့ ပတ်ပီး 400 ºF နှင့် 1 နာရီကျော်လောက် ကင်ပေးထားလိုက်ပါတယ်။


သုံးထပ်သား ၀က်သားကင်ကို ....
 

ပဲငံပြာရည် အကြည်၊ ခရုဆီ၊ ရေ၊ ကော်မှုန့်၊ သကြား ဖျော်ထားတဲ့ ဆောစ့် ရည် လောင်းလိုက်ပါတယ်။


ဝက်ခေါက်ပါ ကြွပ်သွားတာမို့ စားလို့ ကောင်းပါတယ်။ 
အီတဲ့ အသားကင်မို့ ထမင်း များများ အသားကင် နည်းနည်း ကို ဆော့စ် နှင့် တွဲစားတာ အရသာရှိပါတယ်။ ငရုတ်သီးဆော့စ် နဲ့လည်း လိုက်တယ်။ 
စွန်ထန် ချဉ်စပ် ဟင်းရည် နှင့် လည်း လိုက်ဖက်တယ်။


နေ့လည် မိုးအေးအေးမှာ ရွှေရန်ကုန် အလွမ်းပြေ Owl tea mix နှင့် ကွတ်ကီး
( Owl tea mix ကို အေရှန်ဆိုင်က ၀ယ်လာတာပါ )


ကွတ်ကီး

0 comments :