Monday, September 19, 2011

Capital မှာ ဈေးဝယ်


သမီးနဲ့ သားကို ကားတွန်းလှည်းထဲ ထည့်ပီး ဈေးဝယ်။ (သမီးက သူလည်း စီးချင်တယ် ဆိုပီး အတင်းကို ၀င်ထိုင်နေတာ)



 သမီးက ခေါင်းက ကလစ်က အစ ခြေထောက် ဖိနပ်အဆုံး ပန်းရောင်တွေချည်းပဲ ၀ယ်တယ်။

မိန်းကလေး အကျီတွေ ဘက်ခြမ်း



ဝါကျွတ် ပရိဘောဂ လျှော့ဈေး မို့လို့ တော်တော်များများ လာဝယ်နေကြတယ်။ မာမီတို့က ကြည့်ရုံ ကြည့်တာပါ။

(ကြိတ်သား ပရိဘောဂ။ ထိုင်းက ၀င်တာ များတယ်။ တရုတ်ကလည်း ရှိပါသေးတယ်။ အခု နောက်ပိုင်း အဲဒီ ကြိတ်သား ပရိဘောဂတွေကို ကာလာစုံ ဆေးမှုန့် လို့ ရလို့ သဘောကျတယ်။ ကိုယ့် ကြိုက်တာ လိမော်ရောင် ကြိတ်သား ပရိဘောဂပါ)။ 

 မဟော်ဂနီရောင်လည်း ကြိုက်တယ်။ 

ကိုယ့်ဆီမှာ အချစ်ဆုံး သူငယ်ချင်း တစ်ယောက် ရှိပါတယ်။ သူမ အိမ်ကို Black and White ဒီဇိုင်းတွေကြီးပဲ ဆင်ထားတာ တော်တော်လေးကို လှပါတယ်။ တော်တော်လေးကိုလည်း ခန်းနား ကြီးကျယ်တာပါပဲ။ သူမနဲ့ သူမခင်ပွန်းတို့ နိုင်ငံစုံကို သွားလည်ပီး ရောက်တဲ့ နိုင်ငံတိုင်းမှာ အဲဒီ ကာလာ ၂ မျိုးကိုပဲ ရွှေးဝယ်ပီး အိမ်ကို ဒီဇိုင်းဆင်ထားတာမို့ သူမရဲ့ အိမ်က တော်တော်လေးကို ပြည့်စုံပီး Amazing Smart Home ပါပဲ။ 
သူမရဲ့ မြန်မာငွေ ၂ သိန်းကျော်တန် ကြောင် အဖြူ စွတ်စွတ်ကလေးက အစ လှပ ချစ်စရာကောင်း လွန်းနေပါတယ်။ 
တခါတလေကျရင် ကလေး မရှိသော သူမကို အရမ်း သဘောကျပါတယ်။ 
ကလေးအတွက် အကုန်အကျ မရှိပဲ ပိုက်ဆံများကို ရသမျှ အကုန် အဖတ်တင်ပီး စုဆောင်းနိုင်လွန်းလို့လေ။ 



TV နဲ့ ပန်းခြံထဲ ထိုင်တဲ့ ထိုင်ခုံအဖြူနှင့် ကလေး ဆိုဖာ ကုလားထိုင်များ


မှန်တင်ခုံ လှလှလေးတွေက တစ်လုံး တစ်သိန်းကျော်တယ်။ ထမင်းစားပွဲ အစိမ်းရောင်က ဒီဇိုင်းမိုက်တယ်။ အိမ်မှာ coffee table ၀ယ်ထားဖူးတယ်။ အဲလို ခြေထောက်မျိုးပဲ။ ခြေထောက်က မငြိမ်ဘူး။ စားပွဲကို ကိုင်လိုက်ရင် လှုပ်နေတယ်။ (အဲလို လှုပ်နေလို့ အခန်းထောင့်ချိုး corner လေးမှာ မှန်လေးထောင့်စားပွဲကို နံရံနဲ့ ကပ်ထားမှပဲ အဲလို စတီးတိုင်နဲ့ မှန်စားပွဲက ခြေထောက် မလှုပ်တော့တာ) ကိုယ့် အဲဒီ စားပွဲကို ဓာတ်ပုံ မရိုက်ခင် သွားကိုင်လှုပ်ကြည့်သေးတယ်။ လှုပ်တာပဲ။ လှုပ်ပုံ လှုပ်နည်း ပုံဖော်ပြောပြရမယ်ဆိုရင် အဲဒီ မှန်စားပွဲမှာ စာရေးကြည့် စာရေးနေတဲ့လက် လှုပ်နေသမျှ ကာလပတ်လုံး ငလျှင်လှုပ်နေတဲ့ စားပွဲမှာ စားရေးနေသလို ဖြစ်နေလိမ့်မယ်။ 

အဲဒီနောက်ပိုင်း အခြေမခိုင်တဲ့ စားပွဲဆို လှပေမယ့်လည်း ၀ယ်ကို မ၀ယ်ဖြစ်တော့ဘူး။ မှန် ချိုးထားတာလေးလည်း လှတယ်။ အခု ခေတ် နောက်ပိုင်း အိမ်တွေ ဆေးသုတ်တာ ခေတ်မှီလာပီ။ တစ်ခန်းကို တစ်ရောင်စီ သုတ်ပီး အရောင်တောက်နေတဲ့ လိမ္မော်ရောင်၊ အစိမ်းရောင်၊ ပိတောက်ရောင်၊ အပြာရောင်၊ ခရမ်းရောင်တွေ သုတ်ပီး အဲလို အစိမ်းရောင် မှန်စားပွဲနဲ့ဆို အလိုက်ပဲ။ တက်ကြွတဲ့ အရောင်တွေမို့လို့ နောက်ပိုင်း ခေတ်စတိုင် အိမ်လေးတွေနဲ့ ကိုက်တယ်။ ကြည့်ရုံ ကြည့်တာပါ။ မ၀ယ်ဖြစ်သေးပါဘူး။ ဒါမှ အခု ခေတ်ပေါ်နေတဲ့ ပရိဘောဂတွေနဲ့ မျက်မှန်း တန်းမိတော့ နောက် ၃ နှစ် ကျော် သမီးအတွက် ၀ယ်ပေးရင် လှလှလေး ရွှေးဖြစ်နေမှာ။ နောက်ပိုင်းလာတဲ့ ကြိတ်သားတွေက အရောင်စုံ ဆေးမှုတ်ပီး ပရိဘောဂ ပြန်လုပ်ထားတာတွေ။ မြန်မာမှာလည်း အဲလိုမျိုး လုပ်တယ်။ ကလေး ဘီဒိုတွေဆိုရင် အဲလို ကြိတ်သားများတယ်။ အေ၇ာင်စုံပဲ။ ပီးရင် ကာတွန်း စတစ်ကာလေး ကပ်လိုက်။ ကလေး အခန်းအတွက် တော်တော် လှသွားတယ်။
 



 

ကလေး လျှပ်စစ်ပစ္စည်း အသစ်များေ၇ာက်သလားလို့ သွားကြည့်တာ။ ခြံ နဲ့ ၀င်းနဲ့ ဆိုရင်တော့ အဲလို မော်တော်ကားနဲ့ ဆို အဆင်ပြေတယ်။ တစ်စီးကို တစ်သိန်း ခွဲကနေ ၂ သိန်း ကျော်။ လျှပ်စစ် မော်တော် ဆိုင်ကယ်တွေက တစ်စီးကို ရှစ်သောင်းကနေ တစ်သိန်း ကျော်။ အိမ်မှာတော့ မော်တော် ဆိုင်ကယ် ရှိတယ်။ မပျက်သေးဘူး။ ရှစ် နှစ် အထက်ဆို ထိုင်မစီးတာ ကောင်းတယ်။ အထဲမှာ တပ်စင်ထားတဲ့  မော်တာ စက် နာလို့။




အပေါ်ထပ်ကနေ အောက်ထပ်ကို ဆင်းတဲ့ ဒီလျှော် စက်လှေကားက ကောင်းတယ်။ သံလိုက်ပါတော့ ဈေးဝယ် တွန်းလှည်းက မလှုပ်တော့ဘူး။ လက်လွှတ်ပီး စီးလို့တောင် ရတယ်။


 

 

မီးဖိုချောင် ပစည်းတွေ ပရိုမိုရှင်း ရောင်းနေတဲ့ ဆိုင် ခန်း တခန်း ရဲ့ ဆိုင် အပြင် အဆင် နှင့် အမှတ်တရ။ အဲဒီ မီးဖိုချောင် ပစည်းဆိုင်က capital မှာ မရှိဘူး။ မီးဖိုချောင်ပစည်းများ ဈေးလျှော့ရောင်းနေတဲ့ ကာလမို့ ပရိုမိုရှင်း ဧရိယာမှာ ဆိုင်ခင်းကျင်း ပြသထားတာပါ။

0 comments :