Tuesday, September 20, 2011

သီးစုံ ကုလားပဲဟင်း


သီးစုံ ကုလားပဲဟင်း



ရုံပတေသီး ကို ထက်ပိုင်း ဖြတ်ထားလိုက်ပါတယ်။
 


ပျဉ်တော်သိမ်ရွက် ကို ရေဆေးထားလိုက်တယ်။


ငရုတ်သီးစိမ်း ၅တောင့်လောက်ကို အညှာ ခြွေထားလိုက်ပါတယ်။
 

ခရမ်းသီး ကို စိတ်ထားလိုက်ပါတယ်။


ပဲတောင့်ရှည် ကို အနေတော် ဖြတ်ထားလိုက်တယ်။


ကုလားပဲကို အရင်ပြုတ်ထားလိုက်ပါတယ်။ 
ပီးမှ နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကုလားပဲပြုပ်၊ ခရမ်းသီး၊ ပဲတောင့်ရှည်၊ ပျဉ်တော်သိမ်ရွက် တို့ကို ငရုတ်သီး အစိမ်းမှုန့် နှင့် မီးအပူပေးပီး ဒယ်အိုးထဲမှာ လုံးချက်လိုက်တယ်။

ခုဏက ပြုတ်ထားသော ကုလားပဲ ပြုတ်ရည်များ ထည့်တယ်။ ရေထည့်၊ ငံပြာရည် ၅ ဇွန်းလောက် ထည့်ပါတယ်။ 

(ရွှေ မှာတုန်းက ငါးခြောက်ရိုး  ထည့်ချက်တယ်၊ ဆား ထပ် မထည့်ဘူး)

ဒီနေ့ အိမ်မှာ ချက်တာ ငံပြာရည် ကိုပဲ လိုသလောက် ထပ်ဖြည့်ပီး ချက်ထားတာပါ။ 
ဆား မထည့်ပါဘူး။ 

(တခါတလေလည်း ထည့်ချက်တယ်။ ဒီနေ့ကတော့ ဆား မထည့်တော့ဘူး။ 
ပဲ နှင့် အတူ ဟင်းသီးဟင်းရွက်က ရလာတဲ့ အချို ကို သောက်ချင်တာမို့ ငံပြာရည် ငံတဲ့ အချိုပဲ ထည့်ချက်ထားလိုက်တာပါ။ 
ဆားလိုမျိုး အငံကို မထည့်တော့ပါဘူး)

ခရမ်းသီး နှင့် ပဲတောင့်ရှည်များ နူးလာခါနီးမှာ နူးလွယ်တဲ့ ရုံပတေသီးစိတ်များကို ထည့်ပီး အဖုံး အုပ်ထားလိုက်ပါတယ်။

ရုံပတေသီး နူးစ ပူလာပီ ဆိုတာနဲ့ မန်းကျည်းမှည့်ရည်လေး နည်းနည်းလောက် ထည့်တယ်။ 


(သီးစုံ ကုလားပဲဟင်းကို ပဲဟင်း ချိုချိုလေး အနေနဲ့ စားချင်တဲ့ နေ့ဆို မဆာလာ မခပ်တော့ပါဘူး)


ဒီနေ့ ချက်တဲ့ သီးစုံ ကုလားပဲဟင်းမှာ ( အားလူး၊ ခရမ်းချဉ်သီး၊ ဂေါ်ရခါးသီး၊ ဖရုံသီး၊ ဂျူးမြစ်၊ စိမ်းစားငပိ၊ မဆာလာ) မပါ ပါဘူး။ 

ပါရင် ပိုစားကောင်းပါတယ်။


သီးစုံ ကုလားပဲဟင်း


ငရုတ်ခြောက်ကို ဆီပူအိုးထဲ အမဲရောင် သန်းတဲ့ အထိ ကြော်ထားသော ငရုတ်သီးကြော်


သီးစုံ ကုလားပဲဟင်းကို ငရုတ်သီးကြော် နဲ့ တွဲစားပါတယ်။


အမဲသားကို ဆား၊ ဆနွင်းမှုန့်၊ ငရုတ်သီး အစိမ်းမှုန့် နဲ့ နှယ်ပီး 
ဆီပူအိုးထဲမှာ ပျဉ်တော်သိမ်ရွက်၊ ကရဝေးရွက်၊ သစ်ကြားပိုးခေါက်၊ လေးညင်းပွင့်၊ နံနံစေ့၊ ဖာလာစေ့၊ စမုံစပါး၊ တို့ ထည့် ကြော်ပီးတာနဲ့
နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ ထည့် ဆီသတ် ပီးမှ
နှပ်ထားသော အမဲသားများကို ထည့်မွှေပီး မီးမြေးမြေး နဲ့ ၃ ရေ လောက် ချက်ထားသော အမဲနှပ်။


အမဲနှပ်ကို လေ မဆာလာအမှုန့် နဲ့ ချက်တာထက် ဟင်းခတ်အမွှေးအကြိုင်များ နဲ့ ချက်ပီး နို့ (သို့မဟုတ်) ထောပတ် (သို့မဟုတ်) ဒိန်ချဉ် ကို ရေ နှင့်အတူ တွဲချက်တဲ့ အရသာကို ပိုကြိုက်ပါတယ်။



ကိုယ့် ရဲ့ မိသားစု အိမ်ကို လာလည်တာ ပျော်လား ....

ဘလော့ အသစ်ရဲ့ လေး လ အတွင်းမှာ Hit count က ၇ သောင်း ၈ ထောင် လောက် တက်သွားတယ်။

ဒီ ဘလော့ကို စဖွင့် ကာစ (05/14/2011 to 05/30/2011) ရက်တွေတုန်းက ကိုယ့် နဲ့ သြစီ က သူငယ်ချင်းရယ်။ 
UK  အင်္ဂလန် က ဘယ်သူမှန်း မသိတဲ့ တစ်ယောက်ရယ်ပဲ ရှိတာပါ။ 
အဲဒီ အင်္ဂလန်က တစ်ယောက်ရဲ့ IP address ကို မတွေ့တာ တော်တော်ကြာပါပီ။ 


နေကောင်းပါစေ။ အစစ အဆင်ပြေပါစေလို့ ဆုတောင်းပါတယ်။


ကိုယ့် ဘလော့ ဟစ်ကောင့် တက်တာလည်း မပြောပါနဲ့။
Post တပုဒ် ဖတ်ဖို့ ကွန်နက်ရှင် ကောင်းရင်တောင် တချက်၊ 
 ကွန် နက်ရှင် သိပ်မကောင်းရင် ၃ ချက်လောက် ကလစ်ရမယ်နဲ့တူတယ်။ 
ကလစ်တချက်က ပိုစ့်ဖွင့်တာ။ 
ဓာတ်ပုံတွေ မပေါ်လို့ နောက် တချက် သို့မဟုတ်  ၂ ချက်လောက် ထပ်ခေါက်တာ။ 

(9/22/2011) ရက်မှာ blog template ကို ထပ်ပြောင်းလိုက်တယ်။ 
ဒီ template အသစ်နဲ့ဆို တမျက်နှာမှာ post ၅ ခု သို့မဟုတ် ၂ ခု က ဖတ်လို့ ရပါတယ်။


ဓာတ်ပုံတွေကို Link ဖြုတ်ထားတော့ ကွန်နက်ရှင် သိပ်မဆွဲတော့ဘူး ထင်တာ တကြောင်းမို့ ပုံများမှာ Link တွေ ဖြုတ်ထားလိုက်ပါတယ်။

(ဓာတ်ပုံကို ကလစ်တချက်နှိပ်လိုက်ရင် ပိုစ် မှာ ရှိတဲ့ ပုံများ အားလုံး အစဉ်လိုက် ပုံကြီးပဲ သီးသန့် ကြည့်လို့ ရပါတယ်။)




Enjoy your visit to my home :)

9 comments :

AH said...

သီးစုံ ကုလားပဲဟင်းလေး လာစားမြည်းသွားပါတယ်ခင်ဗျာ....

Candy said...

ပျော်တာပေါ့.. တီတီရ... ဟင်းချက်နည်းတွေလည်း သိရ.. သရေလည်းယိုရ... ကလေးလေးပုံလေးတွေရော... တီတီတို့ မိသားစုက ပျော်စရာကြီး.. :D

Thet Nandar Family said...

٩(●̮̮̃•̃)۶٩( -̮̮̃-̃)۶٩(-̮̮̃•̃)۶٩(●̮̮̃●̃)۶٩(•̮̮̃ •̃)۶

AH and Candy ....

٩(●̮̮̃•̃)۶ Thanks
٩( -̮̮̃-̃)۶ For
٩(-̮̮̃•̃)۶ Your
٩(●̮̮̃●̃)۶ Visit.
٩(•̮̮̃ •̃)۶ Have a nice day !!!

٩(●̮̮̃•̃)۶٩( -̮̮̃-̃)۶٩(-̮̮̃•̃)۶٩(●̮̮̃●̃)۶٩(•̮̮̃ •̃)۶

Baby taster said...

သက်ရေ ...
ဆုတောင်းအတွက် ကျေးဇူးပါ
အလှက သူများကို ပြင်ပေးရင်သာ လှတာ
ကိုယ်က ရုပ်ဆိုးတော့ ဘယ်လောက်ပြင်ပြင်လှဖူးရယ်

Thet Nandar Family said...

Baby taster ...

•´¸♥ ❤(◕‿-。)❤
*•.¸(´*•.¸♥♥¸.•*´)¸.•*´
•✿░You're welcome░✿ •
.¸.•*(¸.•*´`*•.¸)`*•.¸¸.•

မယုံပါဘူး။
ဘေဘီ တူမတောင် ဒီလောက် ချောတာ။
အသားအရေကော ကြောင်မျက်လုံး ဆိုးထားတဲ့ ရွှန်းလဲ့နေတဲ့ မျက်လုံးလေးကော ...
ဘေဘီက လှပီးသားပါ :)

ချော(အစိမ်းရောင်လွင်ပြင်) said...

ခုမှ ထမင်းစားပြီး စာလာဖတ်တာ ဒါပေမဲ့ ပုံတွေမြင်တော့ ထမင်းပြန်စားချင်စိတ်ပေါက်မိတယ်။
ပဲကုလားဟင်းကြိုက်ပြီးသားမို့ ပုံတွေမြင်တော့လည်း စားချင်စိတ်ပေါက်လာတာ။

Thet Nandar Family said...

ချော ....

•´¸♥ ❤(◕‿-。)❤
*•.¸(´*•.¸♥♥¸.•*´)¸.•*´
•✿░ Thanks! ░✿ •
.¸.•*(¸.•*´`*•.¸)`*•.¸¸.•
F ┏┯┓┏┯┓┏┯┓┏┯┓┏┯┓♥(\ /)
O┨ V ┠┨ I ┨┠ S ┨┠ I ┨┠ T┨ღ( . .)ღ
R ┗┷┛┗┷┛┗┷┛┗┷┛┗┷┛c(”)(”) Chaw ⋯⋯♪♫•.•°*°•

soe said...

agreais'မအားသေးလို့  အားတာနဲ့ ချက်စားမယ် ကျေးဖူးပဲ

soe said...

etoopm