Tuesday, September 27, 2011

ဝက်နံရိုးပေါင်း


ရွှေမှာတုန်းက ၀က်နံရိုးပေါင်းကို ဖက်ထုပ် ကော်ပြန့်စိမ်း နဲ့ တွဲစားတယ်။ အခု တခေါက် နံရိုးပေါင်းက ၀က်နံရိုးတွေကို ဆား၊ ဟင်းခတ်မှုန့်၊ သကြား နဲ့ နှယ်ပီး ပဲငံပြာရည် အနောက် နဲ့ ထပ်နှယ်လိုက်တယ်။


Presure cooker ထဲမှာ ၄ စိတ်ခြမ်း ကြက်သွန်နီ နဲ့ ကြက်သွန်ဖြူ၊ ဂျင်း တို့နဲ့ အတူ ထည့်ချက်လိုက်တယ်။


ပီးမှ ရေကို အသားတုံး မြုပ်ရုံ ထည့်လိုက်ပီး နာရီဝက် ၄၅ မိနစ်လောက် ချက်လိုက်တာနဲ့ အရိုးပါ နူးအိသွားတာမို့ ရွှေက ဖက်ထုပ် ကော်ပြန့်စိမ်း နဲ့ တွဲစားတတ်တဲ့ ၀က်နံရိုးပေါင်း အရသာမျိုးပါပဲ။



Lucky seven လက်ဘက်ရည်ဆိုင်မှ ကော်ပြန့်စိမ်း


မီးမြေးမြေး နဲ့ပဲ ချက်လိုက်တာပါ။


ငရုတ်ကောင်းမှုန့်ကြိုက်လို့ ငရုတ်ကောင်းမှုန့်ပါ ထည့်ထားတယ်။ ဒီတခေါက် နာနတ်ပွင့် မထည့်ဖြစ်ဘူး။ 

0 comments :