Friday, September 30, 2011

ဘဲပေါင်း ဆီချက်၊ စွန်ထန်ဟင်းရည်


ဘဲသား ဆီချက်ခေါက်ဆွဲ နှင့် စွန်ထန်ဟင်းရည် 
 


ဘဲ တကောင်ကို ရေသေချာဆေးပီး
 


ဆား - ၂ ၊ ဟင်းခတ်မှုန့် - ၁ ၊ သကြား - ၂၊ ပဲငံပြာရည် အကြည် - ၂ ၊ ပဲငံပြာရည် အနောက် - ၂၊ ရှာလကာရည် - ၂ တို့ နှင့် နှယ်ပေးထားလိုက်ပါတယ်။



အိမ်မှာ ပဲငပိလေး ရှိနေတာနဲ့ ပဲငပိ - ၂ ဇွန်း ပါ ထည့်နှယ်ပေးလိုက်ပါတယ်။
 

ခဏလေး နှပ်ထားတုန်းမှာ
 

ကြက်သွန်ဖြူ ဓါးပြားထု၊ ဂျင်း ဓါးပြားထု နှင့် ကြက်သွန်နီ ၄ စိတ်ခြမ်း၊ နာနတ်ပွင့်တို့နှင့်ပါ ထပ်နှယ်ပေးပီး 

Pressure cooker ထဲမှာ အရင်ဆုံး ဘဲသားများကို အိုးပူတိုက်ပီးမှ အဖုံးအုပ်ပီး ပေါင်းလိုက်ပါတယ်။

ရေ နှင့် ဆီတော့ မထည့်တော့ပါဘူး။ ဘဲ ကနေ ရေ များ ၊ ဆီများ ထွက်တာမို့ သူ့ ဆီ သူ့ ရေ နဲ့ပဲ ၁၅ မိနစ်လောက် မီးမြေးမြေး နဲ့ပဲ  ပေါင်းထားလိုက်ပါတယ်။


၁၅မိနစ်ပြည့်မှ မီးခလုတ်ပိတ်လိုက်ပီး အိုးကို ဒီအတိုင်းပဲ ခဏ အအေးခံပီးမှ .....


ရေဆေးထားသော မှိုများကို ထည့်ပါတယ်။

ဘဲသား နှင့် အလိုက်ဖက်ဆုံးက ကြွက်နားရွက်မှိုပါ။ အိမ်မှာ ကြွက်နားရွက် မှို မရှိလို့ ရှိသည့် မှိုကိုပဲ ထည့်ချက်လိုက်ပါတယ်။ 
ဒီမှာ ကြွက်နားရွက် မှိုခြောက်များ ၀ယ်လို့ ရတယ်။ တထုပ်ကို ၅ ကျပ်ကနေ ၇ ကျပ်လောက် အစားစားပါပဲ။
မှို နှင့် ငရုတ်သီးစိမ်း ထည့်ပီး ၅ မိနစ်လောက် ပေါင်း လိုက်ပါတယ်။
အိမ်က မှိုက နုတော့ ၅ မိနစ်၊ မှိုခြောက်ဆိုရင်တော့ ၁၀ မိနစ်လောက်။
၅ မိနစ်ကျော် အကြာမှာ မီးခလုတ်ပိတ်လိုက်ပီး ဒီအတိုင်းပဲ ထား ထားလိုက်တယ်။


အိမ်မှာ ကျန်နေသေးသော စွန်ထန်ခြောက်များ


မြန်မာမှာ ဒီလို မျိုး နှစ်ခွေမှ 120 ကျပ်ပါ။


စွန်ထန် ဟင်းရည်ကို ချဉ်၊ ငံ၊ စပ် အအီပြေ သောက်မှာမို့ စွန်ထန် တစ်ခု၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်နီ၊ ဆား၊ ငံပြာရည်၊ ဟင်းခတ်မှုန့် တို့ နှင့် စွန်ထန် အချဉ်ရည်ကျ တဲ့ အထိ၊ ကြက်သွန်နီဖတ်များ နူးအိတဲ့ အထိ ချက်ထားသော စွန်ထန် ဟင်းရည်ပါ။
 


ဘဲပေါင်း မှ ဘဲမြစ် နှင့် ဘဲနှလုံး၊ မှို
 

ဘဲပေါင်း ၏ ပေါင်းသား


ဘဲခေါင်း 

မီးဖွင့်ပီးတည်တာ မိနစ် ၂၀ ကျော် ပေမယ့် မီးပိတ်ပီး pressure cooker အဖုံး မဖွင့်၊  နှပ် ၊ ပေါင်း ထားတာ တော်တော်ကြာတော့ ဘဲခေါင်းက အရိုးများကော ဘဲခြေထောက်များပါ တော်တော်လေးကို နူးမြေ့သွားပါတယ်။


 ဘဲပေါင်း၊ မှို ချက်


~~~~ သုံးဆောင်ပါဦးရှင် ~~~~


wonton ခေါက်ဆွဲ ပါ


ချက်နည်းအညွန်း - ရေနွေး ပွက်ပွက်ဆူ ထဲ ၂ မိနစ်လောက်ပြုတ်ပီး ရေစစ်ပီးတာနဲ့ စားလို့ရပါပီ။


ဂျုံမှုန့် ကပ်ထားသော ၀မ်တန် ခေါက်ဆွဲ


တစ်ရှူး စကူ ပေါ်မှာ ခေါက်ဆွဲဖတ်များကို လက်နှင့် ဖွပီး ရေနွေးပွက်ပွက်ဆူ ထဲ ၂ မိနစ်လောက် ပြုတ်ပီးတာနဲ့ ဆယ်လိုက်ပီး ... ရေစင်အောင် ဇကာ နဲ့ ရေ စစ်ထားလိုက်ပါတယ်။


 ခုဏ ချက်ထားသော ဘဲပေါင်း ဟင်းအိုးထဲမှ ဘဲဆီများကို ကော်ဖီပန်းကန်လုံး တခွက်စာလောက် ယူပီး မီးအပူပေးပါတယ်။ 

ပီးတာနဲ့ နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ ဖြင့် ဆီသတ် ကြော်ထားသော ကြက်သွန်ဖြူ ဆီချက်။
 


ခေါက်ဆွဲဖတ်၊ ဘဲဆီဖြင့် ကြော်ထားသော ဆီချက်၊ ပဲငံပြာရည် အကြည် ၂ ဇွန်း၊ ပဲငံပြာရည် အနောက် အနည်းငယ်၊ ဆား၊ ဟင်းခတ်မှုန့်၊ ကြက်သွန်မြိတ်တို့ နှင့် ရောသုပ်ထားသော ဆီချက်ခေါက်ဆွဲကို ဘဲပေါင်း နှင့် တွဲစားပါ။


အချဉ် အတွက်က ပါးပါးလှီးထားသော ကြက်သွန်နီ နှင့် သခွါးသီး ကို ငရုတ်ဆီ စမ်းပေးထားသော အချဉ်။


ဘဲပေါင်း ဆီချက် စားပီးရင် အအီပြေ ချဉ်၊ စပ် နေမယ့် စွန်ထန် ဟင်းရည်ပူပူလေး သောက်ပါ။


အပေါ့ အငံ ထပ်လိုသေးရင် ဆားဗူး နှင့် ငရုတ်ကောင်းမှုန့်ဗူးများ အဆင့်သင့် ထားရှိပေးထားပါတယ်။


ဘေဘီ နှင့် မွန်ကို ချက်ကျွေးမည်ဟု ပုံပြောထားတာ။ အခု တကယ် ချက်ကျွေးလိုက်ပါပီနော်။ 

Enjoy your visit to my Favourite Book.

အရင်ပိုစ့် ....





3 comments :

san htun said...

စားချင်လိုက်တာနော်..မြင်တာနဲ့ တင် အရမ်းကောင်းမှာ အသေအချာပဲ..း)

AH said...

အားပေးသွားပါတယ် အမရေ.... :)

Thet Nandar Family said...

SAN HTUN >>>>
AT >>>>

˛*˛°.˛*.˛°˛.*★*THANK FOR VISIT *★* 。*˛

.˛* .˛。.˛.*.★*SAN TUN ★ 。*

˛* .˛。.˛.*.★* AT ★ 。*
˛.。*/♫.♫\*˛.* ˛_Π___. ♥ ˛* ˛*
˛°./• '♫ ' •\.˛*./_____/~\*. ˛*.。˛* ˛. 。
* ╬╬╬╬╬˛°.|田田 |門|╬╬╬╬╬!˚ .˛ .
☻/
/▌
/ \