Sunday, September 25, 2011

ကြက်သား ဒန်ပေါက်


ကြက်သား ဒန်ပေါက်
 


ကြက်သား ဒန်ပေါက် ချက်စားတုန်းက သုံးခဲ့တဲ့ ဒန်ပေါက် မဆာလာ
 


ပါဝင်ပစည်းများ

  
ချက်ပုံ ချက်နည်း အညွှန်း

ဘုံဘေ ဒန်ပေါက် ချက်နည်း ဖြစ်နေတယ်။ ခရမ်းချဉ်သီး နှင့် အားလူးပါ ထည့်တယ်။ 
ကိုယ် အခုမှ သဘောပေါက်သွားပီ။ မူဆာဖာ မှာ ဟမ်းဖုန်း သွားဝယ်ရင်းနဲ့ အဲဒီတုန်းက မူဆာဖာ အရှေ့ ဆိုင်မှာ ဒန်ပေါက် စားတုန်းက အားလူးတွေ ထည့်ပေးလို့ ဘယ်လို ကြီးလဲး ဆိုပီး ထင်နေတာ။ ဘုံဘေ ဒန်ပေါက်ဆိုရင် အားလူးပါတာကိုး။ 

2007 တုန်းက တခါပဲ စားဖူးပေမယ့် အခု အချိန်အထိ စားကောင်းခဲ့တာကို သတိရနေတဲ့ ဆိုင်က Pennisular - city hall မှတ်တိုင် ကျော်သွားပီးတော့ ဘုံကျောင်းနားက ဘက်စကားဂိတ်မှာ ဆင်းပီး စားခဲ့ဖူးတဲ့ ဒန်ပေါက်ဆိုင်။

အဲဒီ ဒန်ပေါက် ဆိုင်ရှင်က မြန်မာစကားလည်း ကောင်းကောင်းတတ်တယ်။ အဲဒီတုန်းက ဒန်ပေါက်တွေ အများကြီး ၀ယ်ခဲ့သလို၊ ကြက်ကင်ပါ ၀ယ်လာတယ်။ ကြက်ကင်လည်း စားလို့ ကောင်းတယ်။ ဆိုင်နာမည်တော့ မေ့သွားပီ။


မဆာလာ အထုပ်ထဲမှာ ပါတဲ့ ဟင်းခတ် အမွှေးအကြိုင် နမူနာ
 


ကြက် ပေါင်ရင်းသားပါ .. ပါတဲ့ ကြက်ပေါင် 5 တုံးကို ဓါး နဲ့ မွှန်းပီး  Shan ဒန်ပေါက် မဆာလာ တစ်ထုပ်လုံးနဲ့ နှယ်လိုက်ပါတယ်။ 
ပီးတာနဲ့ ဒိန်ချဉ် ကော်ဖီခွက် ၂ ခွက်စာလောက် နဲ့ ထပ်နှယ်ပေးပီး နှပ်ထားလိုက်ပါတယ်။



ထောပတ်
 


ထောပတ် တတုံးကို မီးဖိုပေါ်မှာ မီးမြေးမြေး နဲ့ အရင် ပျော်အောင် ထားလိုက်ပီး ပါးပါးလှီးထားသော ကြက်သွန်နီ အလုံးကြီး ၂ လုံးလောက် ရွှေအိုရောင်သန်းတဲ့ အထိ ကြော်တယ်။
နှပ်ထားသော ကြက်သားကို ထည့်ချက်တယ်။ ရေကိုတော့ အသားတုံး မမြုပ် တမြုပ်လေး ရေဖြည့်ပီး ကြက်သား နူးတဲ့အထိ ဆီပြန်နေအောင် ချက်ထားလိုက်တယ်။
 


အိမ်မှာ Jasmine rice ပဲ ရှိတာမို့ (ဒန်ပေါက်က Basmati rice နဲ့ ချက်ရင် ပိုကောင်းတယ်)

ရေနွေးပွက်ပွက်ဆူထဲမှာ ဖာလာစေ့ ၅စေ့ (အိမ်က ဖာလာစေ့က သေးနေလို့ ဒီနေ့ချက်တာ ဆန်ချိန်ခွက် နဲ့ ၅ ခွက်စာ) 
ဆား - ထမင်းစားဇွန်း နဲ့ ၃ ဇွန်း
နှင့် ဆန် ၅ ခွက်ထည့်ပီး ချက်လိုက်တယ်။
၁၂ မိနစ်ကျော် ချက်လိုက်ပီးတာနဲ့ ဆယ်ထားလိုက်ပီး ထမင်းတွေကို ဇကာနဲ့ ထမင်းရည် စစ်ထားလိုက်တယ်။

ဖေဖေ ဆို ၃၄ လမ်း မင်းမင်းကျော် လက်ဘက်ရည်ဆိုင်က ထမင်းကြော်ကို အမြဲတမ်း ချီးမွှမ်းတယ်။

ဆန်ကို ငဲ့ ချက်ပီးရင် ကြိမ်ဇကာ နဲ့ ထမင်းရည် ငဲ့ လိုက်ပီးမှ ထမင်းတွေကို အဖုံး အုပ် နှပ်လိုက်တော့ ထမင်းက ကြည့်လိုက်ရင် ထမင်း တစေ့ချင်း စီ နဲ့ အရမ်း လှတယ်။ အခုတော့ ၃၄ လမ်းမှာ မင်းမင်းကျော် လက်ဘက်ရည်ဆိုင်လည်း မရှိတော့ပါဘူး။ သူ့နေရာမှာ မိုးမိုး ကင်မရာဆိုင်လား မသိဘူး။ 


 
(၁) မနူး မနပ် ထမင်းကို အရင်ဆုံး oven foil မှာ ဖြန့်ခင်းလိုက်ပါတယ်။
 



(၂) ထမင်းအပေါ်ကနေ စပျစ်သီးခြောက်၊ သီဟိုစေ့၊ မုန်လာဥနီ၊ ပဲစိမ်းလုံး ဖြန့်လိုက်ပါတယ်။
 


ကြက်သား နှင့် ဟင်းအနှစ်များ ထပ်ထည့်လိုက်ပါတယ်။
 

နို့စိမ်းဗူး
 

နို့စိမ်း
 


(၃)လွှာ မြောက်မှာ ထမင်း ဖြူးလိုက်တယ်။
နို့စိမ်းဗူးကို အပေါက် သေးသေးလေး ဖောက်လိုက်ပီး ထမင်းအပေါ်ကနေ စမ်းပေးလိုက်ပါတယ်။
 


oven foil ခွက်ကို oven foil roll နဲ့ လုံနေအောင် ပိတ်ပီး oven မှာ  350 ºF နဲ့ 30 မိနစ်လောက် ချက်လိုက်ရင် ကြက်သား ဒန်ပေါက် ရပါပီ။



ကြက်သား ဒန်ပေါက်
 


မန်းကျည်းရွက်နု ပုလင်း
 

ဈေးနှုန်း


ငပိကြော်


ဒန်ပေါက် မဆာလာ ၂ ဗူး ၀ယ်ထားတယ်။
 


ကလေးများ အကြိုက် ကြက်သား ဒန်ပေါက်
 


ငပိကြော်
 


သရက်သီးသနပ်
 


 ကြက်သွန်နီ၊ သခွါးသီး၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ဆား၊ သံပုရာသီးညစ်ထားသော အချဉ်



မန်းကျည်းရွက်နု၊ မန်းကျည်းရည်၊ ပုစွန်ခြောက်မှုန့် နှင့် ချက်ထားသော ချဉ်ရည်


Orange mango juice
 

oven foil ထဲက ချက်ပီးကာစ ဒန်ပေါက်


ပထမဦးဆုံး အကြိမ် ချက်စားသော ကြက်သား ဒန်ပေါက်ပါ။ ဒန်ပေါက် မဆာလာထုပ် ၀ယ်ပီးတော့ ထုံးစံ အတိုင်း YouTube မှာ Search လုပ်လိုက်တာ။ ဒီ ဗီဒီယို ကို တွေ့ပါတယ်။ ချက်ရတာလည်း လွယ်လို့ သူ့ ချက်ပုံ ချက်နည်းအတိုင်း ဒီနေ့ ချက်စားထားသော ကြက်သားဒန်ပေါက် ဖြစ်ပါတယ်။


5 comments :

ဘရဏီ said...

အမ၇ဲ့ ဒီနည်းလေးကြည့် ပြီးဒီနေ့ ဘဲဒံပေါက် ချက်စားလိုက်တယ် စားလို့ ကောင်းတယ်။

Thet Nandar Family said...

@ ဘရဏီ .... youtube ဗီဒီယိုထဲမှာကိုက ချက်နည်း ရှင်းနေတာနော် ...

အမတောင် အဲဒီ ဗီဒီယို ကြည့်ပီး ပထမဦး ဆုံး စမ်း ချက်ကြည့်တာ တော်တော် အရသာ ရှိတယ် ...

အဓိက က ... ထမင်းကို ဖာလာစေ့ နဲ့ ချက်လိုက်တာနဲ့တင် ဒန်ပေါက် ထမင်း အနံရနေပီး

မနပ် တနပ် ထမင်းကို ... ရေကို စင်နေအောင် ဇကာ နဲ့ စစ်ပီး ဒန်ပေါက် မဆလာ နဲ့ ချက်ထားတဲ့ ကြက်သား ၊ ဂီးလ် ထောပတ် နဲ့ ကြော်ထားတဲ့ ကြက်သွန်နီကြော် ဖြူးပီး oven မှာ ချက်လိုက်တာနဲ့တင် ဒန်ပေါက် အရသာ ရပါတယ် ..

ကြက်သွန်နီကြော် ပါတော့ ရန်ကုန်က ဒန်ပေါက် ဟင်း အနှစ်ဖတ်လိုမျိုးပဲ ... နှယ်စားရတာကိုပြောတာပါ .

Aung said...

ဒံပေါက်စားချင်လိုက်တာ

Aung said...

အိမ်ရောက်ရင်ကိုယ်တိုင်ချက်စားကြည့်လိုက်ဦးမယ်။

Kaung said...

ပုံလေးတွေကြည့်တာနဲ့တင်စားချင်လားပြီ...........ရှလွတ်...........