Thursday, September 22, 2011

ဝက်သားဟင်း၊ ဗူးသီးချဉ်ရည်


ဗူးသီးချဉ်ရည်
 

 

ဝက်သားဟင်းအိုး


ဝက်သားကို ဆနွင်းမှုန့် နည်းနည်း၊ ငရုတ်သီး အစိမ်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့် နှယ်ပီး ခဏ နှပ်ထားလိုက်ပါတယ်။
ဆီ အနည်းငယ်ထည့်ထားသော အိုးထဲမှာ နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ ထည့်ပီး နှပ်ထားသော ၀က်သားများထည့်မွှေပေးလိုက်တယ်။ 
မီးမြေးမြေး နဲ့ ၃ ရေလောက် ရိုးရိုးလေး ချက်ထားသော ၀က်သား ဆီပြန်ဟင်းပါ။






ဗူးသီးချဉ်ရည်အိုး

  
အမေရိကား စရောက်ကတည်းက သုံးနေတဲ့ ဒီ စိမ်းစား ငပိဗူးလေးတွေ ကုန်သွားပါပီ။ ဒီဘက်က ယိုးဒယား တံဆိပ်ကို အေရှန်ဆိုင်မှာ ၀ယ်နေကျမို့ ထပ်ဝယ်တာ ပစည်းပြတ်နေတယ်။



ထိုင်းက လာတဲ့ Fish paste သို့မဟုတ် Shrimp paste မတွေ့ဘူး။ ပစည်းပြတ်နေတာနဲ့ Shrimp sauce ပဲ ၀ယ်လာလိုက်တယ်။ မဆိုးပါဘူး။ စိမ်းစားငပိလို ပြစ်ပြစ်ကြီးတော့ မဟုတ်ဘူး။ ဆော့စ်မို့လို့ နည်းနည်းကျဲတယ်။ 
စိမ်းစားငပိ အရည်ဖျော်ထည့်တဲ့ဟင်းဆို ပို ချက်လို့ ကောင်းတာပေါ့။ 
စိမ်းစားငပိ ဖုတ် သို့မဟုတ် ကင်တဲ့ ဟင်းဆိုရင်လည်း အဆင်တော့ ပြေပါတယ်။ 
နယူးယောက်ကို ဒယ်ဒီ သူငယ်ချင်း ဒီအပတ် တက်မှာမို့ မှာတော့ မှာထားတယ်။ 
ဒီဘက်မှာ ပစည်းပြတ်နေလို့။ 



ပုလင်းထဲက shrimp sauce
 


ဇွန်းနဲ့ ခပ်ကြည့်ရင် မြင်ရတဲ့ ငပိ
 




ရန်ကုန်မှာတုန်းက ချဉ်ရည်ဟင်းက နေ့တိုင်းချက်တယ်။ အသီးအနှံတွေက ပေါတာကိုး။ 
ရန်ကုန်မှာတုန်းက ဆိုရင် .... မနေ့က ကျန်တဲ့ ဆီပြန်ဟင်းနဲ့ အသီးအနှံ အရွက် တမျိုးမျိုး လုံး ချက်လိုက်ပီး ရေလေးထည့်၊ စိမ်းစားငပိလေး ဖျော်ထည့်၊ နံနံပင် ကို ရိတ်ရိတ်လေး လှီးထည့်၊ မန်းကျည်းမှည့်ရည်လေးထည့်လိုက်ရင် အရည်သောက် တမျိုး ဖြစ်သွားတာပါပဲ။ 


ဒီရောက်တော့ အရည်သောက်ကို ပဲဟင်းရည် အချက်များတယ်။ 
ချဉ်ရည်ဟင်း ချက်ဖို့ကို ချွေတာနေတာပါ။ 


နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး ရှစ်စိတ်ခြမ်း၊  ကို ဆနွင်းမှုန့်၊ ငရုတ်သီး အစိမ်းမှုန့် နဲ့ အိုးထဲမှာ မီးအပူပေးပီး မွှေထားလိုက်ပါတယ်။


(( ဆနွင်းမှုန့် ထည့်တာက ငပိ စိမ်းစား ... ရေဖျော်ထည့်တဲ့အခါ ငပိ အနံ မထွက်အောင်လို့ ...
ငရုတ်သီး အစိမ်းမှုန့် (သို့) ငရုတ်သီး အရောင်တင်မှုန့် ကတော့ ဟင်းရည် အရောင်လှအောင်ပါ။ ))


ခရမ်းချဉ်သီးများ ကြေသွားမှ ဗူးသီးစိတ်ကို ထည့်မွှေပေးလိုက်ပါတယ်။


ငပိ ဇွန်း တ၀က်စာကို ရေလေး အနည်းငယ်နဲ့ ဖျော်ထားတာ ထည့်မွှေတယ်။
ငံပြာရည် အချို ၃ ဇွန်းလောက် ထည့်တယ်။
ရေထည့်တယ်။
ငရုတ်သီးစိမ်း ကို အညှာခြွေပီး ၅တောင့်လောက်ထည့်တယ်။
နံနံပင်ကို အရိုးကော အရွက်ကော ပါးပါးလှီးပီး ထည့်ပါတယ်။
ဆား၊ ဟင်းခတ်မှုန့် ထည့်တယ်။
ဗူးသီးများ နူးလာခါနီးမှ မန်းကျည်းမှည့်ရည် ထည့်ပါတယ်။



မိသားစု အားလုံး ကြိုက်တဲ့ ဗူးသီးချဉ်ရည်ဟင်းပါ။ သူ့ အရသာက ဗူးသီးရဲ့ ချိုတဲ့ အရသာ နှင့်အတူ ခရမ်းချဉ်သီး၊ မန်းကျည်းမှည့်ရဲ့ အချဉ်အရသာရယ်၊ နံနံပင်အနံလေး မွှေးမွှေး လေးနဲ့ သောက်လို့ ပိုကောင်းပါတယ်။
ငရုတ်သီးစိမ်းက ချဉ်ရည်ရဲ့ အရသာကို ထိန်းပေးထားတာပါ။ 


  
သမီးက ILBC ၀ါဆိုအလှူပွဲတုန်းက ကျောင်းမှာ ကြက်သား၊ ဗူးသီးဟင်း နဲ့ စားခဲ့တာကို ဘယ်တော့မှ မမေ့ပါဘူး။ သူ အရမ်းစားလို့ ကောင်းတယ်ဆိုတာကို အမြဲတမ်း တဖွဖွ ပြောတတ်တဲ့သူပါ။ 
အဲဒီ နေ့ဆို ကျောင်းမှာ မိုးပြဲဒယ်ကြီး နဲ့ ကြက်သား ကာလသားဟင်းကို ချက်ပီး တကျောင်းလုံး အလှူကျွေးတာပါ။
ဒီနေ့လည်း ဗူးသီးချဉ်ရည်မြင်တော့ ထပ်ပြောပြန်ပါသေးတယ်။
ဗူးသီးချဉ်ရည်ကို ထမင်းပေါ်မှာ ဆမ်းပေးပီး ထမင်းနဲ့ နှယ်စားပါတယ်။ 


Angel ငယ်သူချင်းများ နှင့် ကျောင်းအလှူမှာ ထမင်းလက်ဆုံ စားခဲ့တဲ့ အမှတ်တရနေ့လေး
 

Preschool ကတည်းက အတန်းတူတူတက်လာခဲ့တဲ့ ငယ်သူငယ်ချင်းများ


လက်ကြီး နဲ့ အားရ ပါးရ ကြက်သား ကာလသားဟင်းကို ဗူးသီး နဲ့ စားနေသော အိန်ဂျယ် (ခေါ်) ရတနာ
 


ကျောင်း အလှူ သွားခါနီး အိမ်မှာ အမှတ်တရ




အတန်းထဲမှာ အတန်းပိုင်ဆရာမ နှင့် ငယ်သူငယ်ချင်းများ




Pre II အတန်းထဲမှာ အတန်းပိုင် ဆရာမ၊ လက်ထောက်ဆရာမ နှင့် သူငယ်များ အားလုံး




ဓာတ်ပုံကြီးပဲ သီးသန့် ကြည့်ချင်ရင် ဓာတ်ပုံပေါ်မှာ လက်ဖ၀ါးပုံ ဖြစ်ဖြစ် မျှားပုံ ဖြစ်ဖြစ် ပေါ်နေတဲ့ အချိန်မှာ နှိပ်လိုက်ရင် ပုံတွေချည်းပဲ သီးသန့် ပေါ်လာပါလိမ့်မည်။
 

Ayeyarwaddy (Irrawaddy) Memory - Poe Ei San




ဧရာဝတီ - မျက်ရည်စုလို့ သက်သေပြုမည်။ - Soe Sandar Tun





G Latt - Irrawaddy


6 comments :

barbielay said...

အမနဲ့ အိမ်နီးနီး နေချင်တယ် ဟင်းချက်တိုင်းလာမြည်းချင် လို့ 

Thet Nandar Family said...

Barbie Lay

.¤*¨¨*¤.¸¸...¸.¸.¸.
\¸. Save Irrawaddy .¸
.\¸.¤*¨¨*¤.¸¸.¸.¤.¸¸¸
..\
☻/
/▌
/ \ 10Q 4 Vi$it, Barbie Lay ^^)

ဘေဘီ said...

သက်က မိုက်တယ် တချက်ခုတ်
သုံးချက်ပြတ်ပဲ :D ဟင်းရော
အိန်ဂျယ်လေး သူငယ်ချင်းတွေရော
ဧရာဝတီ အကြောင်းရော ပြတ်ရေား)

Thet Nandar Family said...

ဘေဘီ ...

......╭╮╭╮......
.....╭◆┴┴◆╮.....
.....│︵  ︵│.....
★★★★★╰○--○╯★★★★★

ဘေဘီတို့လို အချက်ကျကျ မရေးတတ်လို့ပါ။
ဟီး ဟီး

Candy said...

တီတီ... ဘလော့ design လေး ပြောင်းထားတာ လှလိုက်တာ.... အရမ်းမိုက်တယ်... ဗူးသီးချဉ်ဟင်း ကန်ဒီလည်း သိပ်ကြိုက်တာ.. ခု ထမင်းပန်းကန်လေးရှေ့ချပြီး တီတီဟင်းတွေ ကြည့်နေတာ.. ငတ်ကြီးကျတယ်ပဲ ပြောပြော.. ဟီးဟီး.. :P

Thet Nandar Family said...

Candy >>>>


.¤*¨¨*¤.¸¸...¸.¸.¸.
\¸. Save Irrawaddy .¸
.\¸.¤*¨¨*¤.¸¸.¸.¤.¸¸¸
..\
☻/
/▌
/ \

အဲဒီ blog template က ကြာပီ သမီး။

တီတီ thetnandarfamily.blogspot.com မှာ ၂၀၀၈ လောက်က လုပ်ထားတာ။

ကိုယ့်ဘာသာကိုယ် side width ကို ကြီးကြီး ချဲ့ထားတာ။
လုပ်ထားပီးသားမို့ သွားပြန်ယူလာတာပါ။

အဲဒီ တုန်းက template တွေက page တခုကို ပိုစ့် များများ မြင်နေရတော့ Hit count သိပ် မတက်ဘူး။

နောက်ပိုင်း template အသစ်တွေက slide show နဲ့ read more ဆိုပီး ပိုစ့်တပုဒ်ချင်းစီ သွားတာ။

အသစ်လည်း ကောင်းပါတယ်။ အဟောင်းလည်း ကောင်းပါတယ်။

အခု အချိန်မှာ စိတ်က ရှင်းရှင်းလေးတွေပဲ ကြိုက်တတ်နေလို့ ဒီ template ကို ပြန်သုံးထားတာပါ။

ကာလာကိုလည်း ကြိုက်တယ်။ အပြာ နဲ့ ပန်းရောင်လေး။
သားသား နဲ့ သမီးကို ကိုယ်စားပြုထားသလိုမျိုးလေး။ :)))

မျှောလွင့်နေတဲ့ တိမ် ....

.¤*¨¨*¤.¸¸...¸.¸.¸.
\¸. Save Irrawaddy .¸
.\¸.¤*¨¨*¤.¸¸.¸.¤.¸¸¸
..\
☻/
/▌
/ \ 10Q 4 Vi$it, Candy Lay ^^)