Thursday, September 15, 2011

ဝက် ပုန်းရည်ကြီး


သုံးထပ်သား ၀က်ပုန်းရည်ကြီး

ဒီနေ့ မနက်စာ ကော်ဖီခါးခါး နဲ့ ပဲပြုတ် ထမင်း စားနေရင်း အွန်လိုင်း ခဏတက်တယ်။  
Yahoo သတင်းတွေ ဖတ်တယ်။ Reader မှာ တက်လာတဲ့ Feed တွေ ခဏလောက် ဖတ်နေတုန်း ..... 

US (West) မှာ နေတဲ့ သူငယ်ချင်း သမီးလေး ၀ါတာရီ ရဲ့ Gtalk chat က တက်လာတယ်။ 
Good Morning! ကနေ အစချီပီး ဟိုအကြောင်းပြော .. ဒီအကြောင်းပြော ... 
ဝါတာရီ မာမီက မြန်မာကို သွားချီ လာချီမို့ အခု အိမ်မှာ မရှိဘူး ဆိုတာရော .. 
ပစည်းတွေ အကြောင်း ... 
Outlet အကြောင်း ... ပိုက်ဆံအိတ် ... ရန်ကုန်က မင်းသား မင်းသမီး မော်ဒယ် ... 
Miss universe 2011 ....
FB မှာ အခု ရက်ပိုင်း ဓာတ်ပုံ screen ကြီး ကြီး နဲ့ ကြည့်ရတာ ပိုပီး ကြည့်လို့ ကောင်းတယ်။ ကြိုက်တယ် ဆိုတာရယ်၊ 
ပထမဦးဆုံး ပုံကို ခပ်ကြီးကြီး အနေအထား နဲ့ FB wall ပေါ်မှာ ပုံ ၃ ပုံ သို့မဟုတ် ၅ ပုံကို စီထားတဲ့ ပုံစံ ကြည့်ကောင်းတယ်။ 
FB ကလည်း ဒီဇိုင်း နည်းနည်းပြောင်း၊ 
Blogspot ကလည်း ဒီဇိုင်း နည်းနည်းပြောင်း၊ 
Wordpress ကလည်း ဒီဇိုင်း နည်းနည်းပြောင်း ။ 
Blogspot ကလည်း new interface ပြောင်းတာ ပိုကြည့်ကောင်းတယ်ဆိုတာလည်း ပါသေးတယ်။ 
Post view ကို counting လုပ်ပေးထားတာလည်း ပိုကြည့်လို့ ကောင်းတယ်။


 Factory Outlet 

အဲဒါနဲ့ပဲ ပြောရင်း ချက် ( chat ) ရင်း ... နေ့လည်စာ ချက်တာ နောက်ကျတော့မှာမို့ မနည်း စကားဖြတ်ဖို့ စကား စ လိုက်တယ်။ 

" ၀ါတာရီ ရေ ... အန်တီသက် ဟင်းချက်လိုက်အုံးမယ်နော် " .. ဆိုတော့ 
" ဒါဆို အတော်ပဲ အန်တီ တူတူ ချက်ရအောင် " ဆိုတော့ ... 
" ဟမ် ... ဟင်းချက်တာလေ။ 
US (West) က ၀ါတာရီ နဲ့ US (East) က အန်တီသက်က ဘယ်လို တူတူ ဟင်းချက်မှာလဲး " ဆိုတော့ ... 
" VZO နဲ့ ကြည့်ရင်း စကားပြောရင်း တူတူချက်မှာလေ အန်တီသက်ရဲ့"
ဆိုတာနဲ့ သူမ နဲ့ တူတူချက်ဖို့ Laptop ပြောင်း ချက် (Chat) လိုက်ရတယ်။ 

ခုဏက chat နေကြတာ destop ဆိုတော့ destop moniter မှာ web cam တော့ ပါတယ်။ နေရာ မရွှေ့ချင်ဘူး။ မီးဖိုချောင်ကိုလည်း ကောင်းကောင်းမြင်ရမှာ မဟုတ်တာမို့။ ကေဘယ်ကြိုးတွေနဲ့လည်း အဆင်မပြေဘူးလေ။ 

Laptop က web cam နဲ့ wireless connection လည်း မိတော့ Laptop ကို အရင်ဆုံး မီးဖိုချောင် ရွှေ့ရတယ်။ 
 


ဒီနေ့ ချက်တာ ၀က်သား သုံးထပ်သား နဲ့ ပုန်းရည်ကြီး ချက်စားတာပါ။ ၀က်သား သုံးထပ်သားက ၂ပေါင်လောက် ရှိတယ်။ ၀က်သားကို ဆား၊ ဟင်းခတ်မှုန့်၊ သကြား၊ ပဲငံပြာရည် အကြည် နဲ့ နှယ်ထားပီး ခဏလောက် နှပ်ထားလိုက်ပါတယ်။

ဝက်သား နှပ်ထားတဲ့ အချိန်မှာ ကြက်သွန်နီ၊ ဂျင်း ကို နှုတ်နှုတ်စင်းထားပါတယ်။





ချက်မယ့်အိုးထဲမှာ ဆီကို အနည်းငယ်လောက် ထည့်ပီး အပူပေး။ ဆီပူလာပီ ဆိုတာနဲ့ နှုတ်နှုတ်စင်းထားသော ကြက်သွန်နီ၊ ဂျင်းကို ထည့်မွှေပေးပီး ငရုတ်သီး အရောင်တင်မှုန့် ၁ ဇွန်းလောက် ထည့်ပါတယ်။ 
ပီးတာနဲ့ နှပ်ထားသော ၀က်သားများထည့်ပီး ၀က်သား လိပ်တက်လာပီ ဆိုတာနဲ့ ပုန်းရည်ကြီး အနှစ်ထုပ် တစ်ထုပ် ကို ဆီပူပေါ် ဖောက်ထည့်လိုက်ပါတယ်။ ဆီပူ နဲ့ပဲ ပုန်းရည်ကြီးကို ဖျော်ချလိုက်တာပါ။ ပီးတာနဲ့ ၀က်သား နဲ့ ပုန်းရည်ကြီးကို ရောမွှေပေးလိုက်ပီး တအောင့်ကြာမှ အသားများ မြုပ်ရုံ ရေကို ထည့်။ မီးမြေးမြေး နဲ့ ၃ ရေလောက် ချက်ထားတာပါ။



 

ခရမ်းချဉ်သီး ငံပြာရည်ချက် အတွက် ကြက်သွန်ဖြူ ၃ မွှာ၊ ကြက်သွန်နီ ဥကြီး တစ်လုံး၊ ခရမ်းချဉ်သီး အလုံး ကြီး ၂ လုံး ( ဒီနေ့ အိမ်မှာ ရှိတဲ့ ခရမ်းချဉ်သီးကြီးကြီးပဲ ရှိတာမို့လို့)၊ ငရုတ်သီးစိမ်းက အိမ်မှာတော့ ၁၀တောင့်ကျော်၊ ၀ါတာရီ အိမ်မှာချက်တာတော့ ၇တောင့်၊ ငံပြာရည်က လက်ဘက်ရည်ဇွန်း နဲ့ ၅ ဇွန်း၊ နံနံပင်အရိုးကို ဓါး နဲ့ နှုတ်နှုတ်စင်းပီး အရွက်ကို ပါးပါးလှီးထားလိုက်ပါတယ်။

ဆီက ကော်ဖီခွက် တ၀က်ကျော်လောက် ထည့်ပီး။ ဆီဆူတာနဲ့ တပြိုင်နက် နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ ထည့်ပါတယ်။ ငရုတ်သီး အရောင်တင်မှုန့် ၁ ဇွန်းလောက် ထည့်ပါတယ်။ ခရမ်းချဉ်သီးများ ထည့်တယ်။ ငံပြာရည် ၅ ဇွန်းလောက် ထည့်တယ်။ နှုတ်နှုတ်စင်းထားသော နံနံပင် အရိုးများထည့်မွှေပေးပီး၊ ငရုတ်သီးစိမ်း ထက်ခြမ်းခွဲ ထည့်။ ခဏလောက် မွှေပေးပီး အဖုံး ခဏလောက် အုပ်ထားလိုက်ရုံနဲ့ နူးသွားတဲ့ ခရမ်းချဉ်သီးများကို ဇွန်း နဲ့ ခြေပေးထားလိုက်ပီး ဆီပြန်နေအောင် ချက်ထားသော ခရမ်းချဉ်သီး ငံပြာရည်ချက်ပါ။ 

ဆီပြန်လာရင် နံနံပင်ကို မဖြတ် မညှပ်ပဲ အုပ်ပါတယ်။ အဲလို အပူ နဲ့ ဟင်းကို အုပ်လိုက်တဲ့ နံနံပင်များကို တို့စရာ အနေနဲ့ ထမင်းထဲ မြုပ်စားရတာကို ကြိုက်နှစ်သက်လို့ပါ။ 

ဝါတာရီကတော့ နံနံပင် အရွက်တွေကို ကတ်ကျေးနဲ့ ပါးပါးလှီးညှပ်ပီး ဆီပြန်လာတာနဲ့ နံနံပင်ကို အုပ်လိုက်ပါတယ်။



ခရမ်းချဉ်သီး ငံပြာရည်ချက်

 

တို့စရာ (သခွါးသီး၊ သရက်သီး၊ ခရမ်းချဉ်သီး)
ခရမ်းချဉ်သီး အလုံးသေးသေးလေးတွေက ဓာတ်ပုံရိုက်ဖို့ အတွက် အလှ ထားတာပါ။ 
 သားသားကတော့ grape tomato ဆိုပီး အဲဒီ ခရမ်းချဉ်သီးပေါက်စလေးတွေကို ကြိုက်တယ်။ 
 



သုံးထပ်သား ပုန်းရည်ကြီး



 

ဝါတာရီက ... အန်တီသက် မြန်မာဟင်း နဲ့ မြန်မာ အတို့ အမြုပ် ဟင်းတော့ ချက်ပီးသွားပီ။ ဟင်းရည် နဲ့ အသုပ် ကျန်သေးတယ်တဲ့။ 
အွန် ...
အိမ်မှာက မိသားစု ၄ယောက်၊ 
ဝါတာရီ အိမ်မှာက ဆွေမျိုး တွေ ဘာတွေ နဲ့ ဆို လက်ရှိနေတာက ၃ယောက်။ တော်ပီပေါ့ သမီးရယ်။ 
ဒီနေ့တော့ ဟင်းရည် နဲ့ အသုပ်တွေ မချက်တော့ဘူး :)


ကိုယ့်ဆီမှာ ၁၉၈၉ က မွေးတဲ့ တူလေး တယောက် ရှိပါတယ်။ အဲဒီ တူလေး က မိသားစု ထဲမှာ အဦးဆုံး မြေးဦး၊ သားဦး ၊ တူ ဦး မို့ အားလုံး က ၀ိုင်းချစ်ကြတယ်။ သူ့ကို မွေးတုန်းက ကိုယ့်က ၈ တန်း၊ ၉ တန်းလောက်ပဲ ရှိပါသေးတယ်။ 


အခုနေများ တူလေးသာ မိန်းမ ယူသွားရင် နောက် ၂ နှစ် ဆို ကိုယ့်ကို ဘွားဘွားလို့ အခေါ်ခံရတော့မှာလား။ 


၃ နှစ်ကျော် သားသား ကောင်းစေ ထက် ၃ နှစ် ၅ နှစ် လောက် ငယ်တဲ့ ကလေး လေးက ကိုယ့်ကို ဘွားဘွားလို့ ခေါ်တော့မှာပေါ့နော်။ 


မဖြူသေးတဲ့ ခေါင်းက ဆံပင်တွေတောင် ဖြူချင်လာသလိုလိုပါပဲ။ 


ဟား ဟား ဟား 


 ဒီနေ့ ( Chat ) ချက်တဲ့ အထဲမှာ အဲဒီ အကြောင်းတွေလည်း ပါသေးတယ်။ ချက်တာတွေ တောင်ရောက် မြောက်ရောက်ရင်း နဲ့ ဘွားဘွားဆိုတာလည်း ရောက်သွားရော ..
ဝါတာရီ ရေ ... အန်တီ ကလေး ကျောင်းသွားကြို လိုက်အုံးမယ်နော် ဆိုပီး Gtalk ပိတ်လိုက်ပါတော့တယ်။ 


အရင်ပိုစ့် ....

မြန်မာမှာ ချက်စားသော ၀က်သား သုံးထပ်သား ပုန်းရည်ကြီး
အမေရိကားမှာ ချက်စားသော ၀က်ပုန်းရည်ကြီး




5 comments :

kokoseinygn said...

အကြိုက်ဆုံးဟင်းပေါ့ဗျာ..
မိသားစုကျန်းမာချမ်းသာကြပါစေ

Thet Nandar Family said...

☆¸.•°*”˜˜”*°•.¸☆ ★ ☆¸.•°*”˜˜”*°•.¸☆
KOKOSEINYGN .....

╔╗╔╦══╦═╦═╦╗╔╗ ★ ★ ★
║╚╝║══║═║═║╚╝║ ☆¸.•°*”˜˜”*°•.¸☆
║╔╗║╔╗║╔╣╔╩╗╔╝ ★ Weekend !!! ☆
╚╝╚╩╝╚╩╝╚╝═╚╝ ♥¥☆★☆★☆¥♥

မိသားစု အားလုံး ကိုယ်၊ စိတ်၊ နှလုံး ငြိမ်သက်ခြင်း နှင့်အတူ ကျန်းမာ၊ ချမ်းသာကြပါစေ ....

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီအချိန်လာမိပြန်ပြီ
ဗိုက်ဆာပြီပေါ့
တိုက်ဆိုင်တာက ဒီနေ့ အိမ်မှာလည်း ဝက်ပုန်းရည်ကြီးချက်တယ်
ဒါပေမဲ့ ဒီပုံတွေထဲကလို မလှတဲ့အပြင် အရသာလည်း မရှိဘူး။
ဟင့် ကိုယ့်ဖာကိုယ်ချက်တာ စားမကောင်းဘူးဖြစ်နေတယ်
သူများဟင်းမှ ချိုတယ်ထင်တဲ့ ရောဂါရနေတယ်
လာလည်ရင်ကျွေးပါနော်း)

AH said...

ရှလွတ် ရှလွတ်..... သွားရည်တွေတောင် ကျလာပြီဗျာ... တော်ပြီ ခဏ ခဏ လာမလည်တော့ဘူး (နောက်တာနော်... ဟီး ဟီး) လာလည်ရင်လည်း တစ်ခုခုစားပြီးတော့မှ လာတော့မယ်။ မဟုတ်ရင် ပုံတွေကြည့်ကြည့်ပြီး ဒီက အစားအစာတွေ စားလို့ မ၀င်တော့လို့။

Thet Nandar Family said...

ချော ...

•°*"˜ ☆ ¸..•´¨¨)) -:¦:-
.(ړײ)/       ¸.•´….•´¨¨))
.«▓       ((¸¸.•´ ¸.•´.-♥
..╝╚ …♥ ..♥♪♫

မမချောတို့များ စိတ်ချမ်းသာအောင် ပြောတတ်လိုက်တာ။
မချော ချက်သမျှဟင်းတိုင်း စားကောင်းမယ်ဆိုတာ ပုံတွေ ကြည့်လိုက်ရုံနဲ့ သိပါတယ် မချောရယ် ....
ဘလော့အိမ်လေးကို လာလည်တာ ကျေးဇူးပါ။
အပြင်က အိမ်ကို လာလည်ရင်လည်း တကယ်ကျွေးမှာပါ။ :)

AH ....

လာလည်တာ ကျေးဇူးပါ။ :)