Sunday, September 18, 2011

ခရမ်းချဉ်သီး မဆာလာချက်








 ဆီပူအိုးထဲမှာ ဆီကို အပူပေးပီးတာနဲ့ မဆာလာအထုပ်ထဲက အစေ့လေးတွေကို အရင်ဆုံး ဆီသတ်လိုက်ပါတယ်။

 နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီထည့်ပါတယ်။ ဆနွင်းမှုန့်၊ ငရုတ်သီး အစိမ်းမှုန့် ထည့်ပီး ဆီသတ်လိုက်ပါတယ်။

ပီးတာနဲ့ ခရမ်းချဉ်သီး ပါးပါးလှီးထားတာ ထည့်တယ်။ ငရုတ်သီးစိမ်း ထက်ခြမ်းခွဲ ထည့်တယ်။ ဆားလေးထည့်တယ်။ အသင့်ဖျော်ထားတဲ့ မန်းကျည်းမှည့်ရည်လေးထည့်မွှေပေးထားပါတယ်။

အရည်လေး စပ်စပ်လောက် လိုချင်တဲ့ အခါဆိုရင် ရေတခွက်လောက် ထည့်ပေးလိုက်ပီး အဖုံးအုပ်ချက်ထားလိုက်ပါတယ်။

ဒီနေ့ ချက်တဲ့ ခရမ်းချဉ်သီး မဆာလာချက်ကတော့ ထမင်း နဲ့ နှယ်စားမှာမို့ ရေ မထည့်တော့ဘူး။ ခရမ်းချဉ်သီး အဖတ်တွေ လိပ်တက်ပီး ဆီပြန်လာအောင် ချက်ထားသော ခရမ်းချဉ်သီး မဆာလာချက်။

သူ့ အရသာကို ကြိုက်တယ်။ နံနံစေ့၊ စမုံစပါး အနံ မွှေးမွှေးလေး၊ ငရုတ်ကောင်းစေ့၊ ငရုတ်သီးစိမ်း အစပ်ရယ်၊ ခရမ်းချဉ်သီး အချဉ် ၊ မန်းကျည်းမှည့်ရည် အချဉ် နှင့် အတူ ဆားပဲ ထည့်ချက်ထားတာမို့ ဟင်းခတ်အမွှေးအကြိုင်များ နဲ့ ချဉ်၊ ငံ၊ စပ်လေးမို့ စားလို့ကောင်းတယ်။

ပေါင်မုန့်၊ တိုရှည်နဲ့ တို့စားတဲ့ နေ့တွေ ဆိုရင် အရည်လေး စပ်စပ် ချက်တယ်။ ထမင်းနဲ့ နှယ်စားမယ့်နေ့တွေ ဆိုရင်တော့ ဆီပြန်ရုံ ချက်စားတတ်တဲ့ ဟင်းဖြစ်ပါတယ်။






အမဲ အစာအိမ် အသားတွေကို လေးထောင့် တုံး အနေအထား တုံးလိုက်ပါတယ်။ 
ပီးတာနဲ့ ဆား၊ ဆနွင်းမှုန့်၊ ငရုတ်သီး အစိမ်းမှုန့် နဲ့ နှယ်ပေးထားလိုက်ပီး နှပ်ထားလိုက်ပါတယ်။
ချက်မယ့် ဆီပူအိုးထဲမှာ ငရုတ်သီးတောင့် အခြောက်ကို အရင် ကြော်လိုက်ပီး ဖာလာစေ့၊ လေးညင်းပွင့်၊ ငရုတ်ကောင်းစေ့၊ သစ်ကြားပိုးခေါက်၊ ကရဝေးရွက် ကို ဆီသတ်ကြော်လိုက်တယ်။
ပီးတာနဲ့ .....

 

နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ စပါးလင်၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း ထက်ခြမ်းခွဲ ထည့်ပီးမှ နှပ်ထားသော အမဲ အစာအိမ် အတုံးတွေထည့် ပီး ၃ရေလောက် မီးမြေးမြေး နဲ့ ဆီပြန်လာအောင် ချက်ထားသော အမဲကလီစာဟင်း။




အမဲကလီစာဟင်းကို ဒီလိုမျိုး ဟင်းခတ်အမွှေးအကြိုင်များ နဲ့ စပ်စပ်လေး ချက်စားရင် ကြိုက်တယ်။


အမဲကလီစာဟင်း၊ အမဲအူပြုတ်၊ ခရမ်းချဉ်သီး မဆာလာချက်


အမဲအူပြုတ်တော့မယ် ဆိုရင်တော့ အမဲ အစာအိမ် အသားတုံးတွေကို အိမ်မှာတော့ ရှည်ရှည်မျှောမျှော အနေအထား တုံးတယ်။ ခေါက်ဆွဲ နဲ့ တွဲစားတတ်တာမို့ ခေါက်ဆွဲလို ပုံစံမျိုးကို ဆား၊ ဟင်းခတ်မှုန့် နဲ့ နှယ်ပီးတာနဲ့ ...

ချက်မယ့်အိုးထဲမှာ အမဲကလီစာ၊ ဓါးပြားရိုက် ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင်၊ နှင့်အတူ ကြက်သွန်နီ လေးစိတ် စိတ်ထားတာ ထည့်ပီး ခဏလေး အပူပေး တည်ထားလိုက်ပါတယ်။

ပီးမှ ရေကို အသားမြုပ်ရုံလောက် ဖြည့်ပေးထားလိုက်ပီး မီးမြေးမြေး (အလယ်နံပါတ်) ၃ရေလောက် ချက်ထားလိုက်ပါတယ်။

အမဲအူများနှင့်အတူ ကြက်သွန်နီများလည်း နူးသွားပါတယ်။ 




အရင်ပိုစ့် ....


4 comments :

san htun said...

ဓာတ်ပုံတွေ ကြည့်ပြီး သွားရေယိုသွားတယ်...

Thet Nandar Family said...

•´¸♥ ❤(◕‿-。)❤
*•.¸(´*•.¸♥♥¸.•*´)¸.•*´
•✿░Thanks░✿ •
.¸.•*(¸.•*´`*•.¸)`*•.¸¸.•
F ┏┯┓┏┯┓┏┯┓┏┯┓┏┯┓♥(\ /)
O┨ V ┠┨ I ┨┠ S ┨┠ I ┨┠ T┨ღ( . .)ღ
R ┗┷┛┗┷┛┗┷┛┗┷┛┗┷┛c(”)(”) San Htun⋯⋯♪♫•.•°*°•

Candy said...

ခရမ်းချဉ်သီး မဆလာချက်ကို ကြည့်ပြီး စားချင်လိုက်တာ... ရှလွတ်... ခရမ်းချဉ်သီးဆို ဘယ်လိုချက်ချက်ကိုကြိုက်တာ.. :D

Thet Nandar Family said...

❤❤/"´`"\.. ❤¸.•*""*•.¸❤ ¸.•*""*•.¸❤
❤ .//^ ^\\. THANKS! ❤¸.•*""*•.¸❤ ¸.•*""*•.¸❤
❤ (/(_♥_)\) CANDY❤¸.•*""*•.¸❤ ¸.•*""*•.¸❤
❤ ._/"*"\_.❤¸.•*""*•.¸❤ ¸.•*""*•.¸❤
❤ (/_)^(_\)♥❤ ❤