Wednesday, September 14, 2011

ဝက်အူမ ခေါက်ဆွဲပြုပ်


ရွှေဖရုံသီးမှည့်ကို တန်ပူရာ အမှုန့် နှင့်အတူ ကြက်ဥ အနှစ်၊ ဆား၊ ဟင်းခတ်မှုန့် နဲ့ ကပ်ပီး ကြော်ထားသော ရွှေဖရုံသီး တန်ပူရာကြော်။
 


အိမ်က ကလေးများကတော့ ချိုလို့ ကြိုက်ကြတယ်။ ကြော်ပီးပီးချင်း ပူပူလေးစားမှ စားလို့ ပိုကောင်းပါတယ်။
 
 

ရွှေဖရုံသီး တန်ပူရာကြော်


ဝက်အူမကို ရေသေချာဆေးပီး vinegar နဲ့ ဖြစ်ဖြစ်၊ သံပုရာသီး အရည်ညစ်တယ်။
အခွံရော၊ သံပုရာရည်နဲ့ပါ ဆေးပီး ခဏလောက် နှပ်ထားလိုက်တယ်။ 
ပီးမှ ပြောင်နေအောင် ရေဆေးချပလိုက်တယ်။


သန့်စင်ပီး ၀က်အူမတွေကို အိုးပူတိုက်ပီးတာနှင့်  ကြက်သွန်နီ လေးစိတ်ခြမ်း၊ မုန်လာဥနီ၊ နာနတ်ပွင့်၊ ကရဝေးရွက်၊ pepper corn ရှိရင် ၁၅လုံးလောက်၊ အိမ်မှာ မ၀ယ်ရသေးလို့ ငရုတ်ကောင်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့် နှင့်အတူ အိုးပူတိုက်ပီးမှ အသားများမြုပ်တဲ့အထိ ရေထည့်ပီး ၃ ရည်လောက် ပြုတ်ထားသော ၀က်အူမ စွပ်ပြုတ်။


Pepper corn ( ၀က်အူမ ပြုတ်ရင် ၀က်အူမ တစ်ပေါင် ကို Pepper Corn ၁၅ လုံးလောက် ထည့်ပြုတ်လို့ရတယ်)


ဟင်းချိုခွက် တခွက်စာ ၀က်အူမ ပြုတ်ရည်ထဲ မုန်ညင်းချဉ်ဖတ်ကို အရင်ထည့်ပြုတ်ပီး ခေါက်ဆွဲများထည့်၊ ၀က်အူမ များ ထည့်ပီး ငရုတ်ကောင်းမှုန့် ဖြူး ထားသော ၀က်အူမ ခေါက်ဆွဲပြုတ်၊


ချဉ်၊ စပ်လေး စားချင်သေးရင် ငရုတ်သီးစိမ်းထောင်းထားတာလေးပါ ထည့်စားလည်း စားကောင်းတာပဲ။ ဒီနေ့ကတော့ ငရုတ်ကောင်းမှုန့် ဖြူးထားပီးသားမို့ အစပ် ထပ်မထည့်တော့ဘူး။ ၀က်အူမတွေကိုတော့ ငရုတ်ဆီ နဲ့ တွဲဖက်စားတယ်။

 

ဝက်အူမ စွပ်ပြုတ်ရည် မကြိုက်လည်း ဒီလိုမျိုး ပြုတ်ထားတဲ့ ၀က်အူမက ပိုလည်း နူးလို့ ကလေးများက ၀က်အူမ အသားချည်းပဲ ယူစားကြတယ်။ မာမီကတော့ ၀က်အူမစွပ်ပြုတ်ကို မုန်ညင်းချဉ် နဲ့ ချဉ်၊ စပ် ပြုတ် ပီး ခေါက်ဆွဲ နဲ့ စားပါတယ်။ 


စားပါအုံး။ ၀ယ်စားသော ချောကလက်စေ့လေးများ ကပ်ထားသော ကွတ်ကီး နဲ့ သကြားလုံးများ


အရင်ပိုစ့် ....



2 comments :

မြတ်ကြည် said...

အစ်မ တင်သမျှ ကတော့ အမြဲစားချင်စဖွယ်တွေပဲ။ မြတ်ကြည်နဲ့ အတူလာနေရင်ကောင်းမယ်။ ဒါနဲ့ မြတ်ကြည် ဒိုမိန်းဝယ်လိုက်လို့ အဆင်ပြေမယ်ဆို လင့်ခ် ပြောင်းချိတ်ပေးပါနော်။ http://www.thanakharmay.com

Thet Nandar Family said...

˛*˛°.˛*.˛°˛.*★* *★* 。*˛.
˛°_██.。./ ♥ \ .˛* .˛。.˛.*.★* ★ 。*
˛. (´• ̮•).。*/♫.♫\*˛.* ˛_Π___. ♥ ˛* ˛*
.°( . • . ) ˛°./• '♫ ' •\.˛*./_____/~\*. ˛*.。˛* ˛. 。
*(...'•'.. ) *˛╬╬╬╬╬˛°.|田田 |門|╬╬╬╬╬!˚ .˛ .

သနပ်ခါးမေ ..
မြတ်ကြည် ဘလော့အိမ်အသစ်လေးမှာ ပျော်ရွင်ခြင်း၊ အောင်မြင်ခြင်း၊ အနှောင့်ယှက်ကင်းခြင်း၊ အေးချမ်းပါစေလို့ ဆုတောင်းပေးပါတယ်။