Tuesday, September 27, 2011

ငါးသလောက်ပေါင်း


ဒယ်ဒီ ချက်သော ငါးသလောက်ပေါင်း
 


စတိတ်က India ဆိုင်မှာ ၀ယ်လာသော ငါးသလောက်
 


၂ကောင် ၁၈ကျပ်







တကောင်ကို ငါးသလောက်ဥ ၂တွဲလောက် ပါတယ်။
 

ဒယ်ဒီ ချက်တာပါ။ ငါးတွေကို အရင်ဆုံး ကြေးခွံထိုးပီး ကြက်သွန်ဖြူ၊ ကြက်သွန်နီဥကြီး၊ ဂျင်း၊ ဆနွင်းမှုန့်၊ ငရုတ်သီး အရောင်တင်မှုန့်၊ ဆား၊ ဟင်းခတ်မှုန့်၊ ရှာလကာရည်၊ စပါးလင်များများ နဲ့ မီးမြေးမြေး နဲ့ ပေါင်းထားတာ တွေ့ပါတယ်။
 


ငါးသလောက် ဥကြော် ၂တုံးက ကလေးများ ထမင်းနဲ့ နှယ်စားလို့ ကုန်သွားတာ။ ၃တုံးပဲ ကျန်တော့တယ်။ ရွှေမှာတုန်းက ငါးသလောက်ဥကြော်ကို မုန့်ဟင်းခါး နဲ့လည်း တွဲစားတတ်တယ်။ အရမ်းစားလို့ ကောင်းတယ်။ အိမ်မှာက မုန့်ဟင်းခါး ချက်တဲ့နေ့တိုင်း ကုန်တာပဲ။ မိသားစု ၄ယောက်စလုံး ကြိုက်လို့ ကုန်တာ။ ရေခဲရိုက်ထားတဲ့ မုန့်ဟင်းခါး ဟင်းရည်လေးများ ရှိရင် တွဲစားမိမှာပါ။ 




ဒယ်ဒီရဲ့ ငါးသလောက်ပေါင်း ဟင်းအိုး


ဟင်းအိုးထဲမှာက ငါးသလောက်ပေါင်း တစ်ကောင်စာပါ။ 
ဓာတ်ပုံရိုက်တော့ ဟင်းပန်းကန်ထဲ ဟင်းခတ်ထည့်ပီးသွားပါပီ။


ငါးသလောက်ပေါင်း
 


ငါးသလောက်ပေါင်း တတုံးကို ထမင်းအဖြူ နဲ့ပဲ နယ်စားတာ ဘာမှ မဖြစ်ပါဘူး။ ဟင်းအနှစ်တွေတော့ မထည့်စားတော့ပါဘူး။

5 comments :

AH said...

အားပေးသွား၏ :P

Thet Nandar Family said...

AH >>>>

~٩(●̮̮̃•̃)۶٩( -̮̮̃-̃)۶٩(-̮̮̃•̃)۶٩(●̮̮̃●̃)۶٩(•̮̮̃ •̃)۶

Thank you. ٩(●̮̮̃●̃)۶
Enjoy your visit :) ٩( -̮̮̃-̃)۶

.•¤**¤•.¸•¤**¤•.¸•¤**¤•.¸•¤**¤•.¸•¤

Vista said...

ကောင်းလိုက်တာရှလွတ်

Aunty Oo said...

ငါးသလောက်ပေါင်းမစားဖြစ်တာကြာလှပြီ။အစားမညီ
တော့နောက်ဆုံးကိုယ်ဘဲလက်ကျန်ရှင်းရတယ်။
အသက်ကြီးလာတော့သိတ်မတဲ့ချင်တော့ဘူးလေ။
သိတ်ကြိုက်ပါတယ်။ကြုံတုံးတဝကြီးစားလိုက်တာ
အိမ်သားတွေအတွက်ကျန်သေးရဲ.လား။

Thet Nandar Family said...

Vista >>>

အိမ်လာလည်ပီး နှုတ်ဆက်သွားတာ ကျေးဇူးပါ ~~~~

•´¸♥ ❤(◕‿-。)❤
*•.¸(´*•.¸♥♥¸.•*´)¸.•*´
•✿░Thanks░✿ •
.¸.•*(¸.•*´`*•.¸)`*•.¸¸.•
F ┏┯┓┏┯┓┏┯┓┏┯┓┏┯┓♥(\ /)
O┨ V ┠┨ I ┨┠ S ┨┠ I ┨┠ T┨ღ( . .)ღ
R ┗┷┛┗┷┛┗┷┛┗┷┛┗┷┛c(”)(”) Vista ⋯⋯♪♫•.•°*°•

Aunty Oo >>>>

ဟုတ်ပါ့ ...

ငါးသလောက်ပေါင်းက စားလို့လည်း အရမ်းကောင်းသလို
အလွန်အကျွံဆိုရင်လည်း မကောင်းပါဘူး။

အိမ်မှာတော့ ငါးသလောက်ပေါင်း အသား နည်းနည်း ထမင်းများများ နဲ့ နှယ်စားတာမို့ ဘာမှတော့ မဖြစ်ဘူး။
အိပ်လည်း မအိပ်ချင်ဘူး။

ဒယ်ဒီကတော့ ငါးသလောက်ပေါင်း များများ စားပီး အိပ်တော့တာပဲ (-.-) Zzzzzzz

အများကြီးစားသွားပါအုံး အန်တီဦး ...
၂ကောင်တောင် ချက်ထားတာမို့ အများကြီး ကျန်ပါသေးတယ်။

ஜ۩۞۩ஜ Have a nice day! ஜ۩۞۩ஜ