Monday, September 19, 2011

12.12.08 - ဒီဇင်ဘာ Capital


2008 December ... Capital Shopping Mall ရဲ့ ၀င်ပေါက် ခရစ်စမတ် ဒီဇိုင်း အိမ်လေး နှင့် အမှတ်တရ






ကျောင်းပိတ်ရက် Utopia tower မှာ ဂိမ်းသွားဆော့ပီး အပြန် Capital မှာ ဈေးဝယ်နေကြပါတယ်။ ထုံးစံ အတိုင်း အစားအသောက် အရင်စားသောက်ပီးမှ ကစား။ ပီးတာနဲ့ ဈေးဝယ်။ သားသားက အဲဒီ အချိန်တုန်းက ၁ နှစ်သားလောက်ပဲ ရှိပါသေးတယ်။ ကြက်ကြော်၊ ကိုကာကိုလာ၊ ကော်ဖီအေး၊ သက်တန့်ရောင် ရေခဲမုန့်၊ ချောကလက် ရေခဲမုန့်။



တနှစ်သား သားသား " ကောင်းစေ " ... အဲဒါ ဗူးဗူး မဟုတ်ဘူးနော်။ tomato sauce .


၉ လ အရွယ်ကတည်းက လမ်းလျှောက်တတ်နေတော့။ ၁ နှစ်သားလောက်မှာ ကောင်းကောင်းဆော့တတ်နေတာပေါ့။ 


မမ ဆော့တာ သေချာကြည့်ပီး 


သားသားလည်း မမ လိုမျိုး လျှောကို ပြောင်းပြန် တက်ပီး ဆော့ပါတော့တယ်။









အပေါ်ထပ်က ကစားကွင်းရှေ့မှာ အမှုန့်တွေ ၊ ဆေးတွေ နဲ့ အရုပ်တွေကို ကာလာခြယ်တဲ့ ဆိုင်။ အခု တခေါက်က သံပြားပေါ်မှာ ကိုယ့် ကာလာခြယ်ချင်တဲ့ အရုပ်ကို ရွှေးလိုက်ပီး ဆေး နဲ့ ကာလာခြယ်။ ခြယ်ပီးသွားရင် ဆိုင်က ၀န်ထမ်းကို ပေးလိုက်တယ်။ သူ့က မီးနဲ့ အပူကင်ပေးတယ်။ အိမ်ရောက်ရင်တော့ အဲဒါကို ရေချိုးခန်း ကြွေပြားမှာ ဖြစ်ဖြစ်၊ မှန်မှာ ဖြစ်ဖြစ် ကပ်ထားလိုက်ပါတယ်။



ကာလာခြယ်ပီးတာနဲ့ ကစားကွင်းမှာ ဆော့။ သားသားကတော့ တနေကုန် ဆော့ထားလို့ရယ်။ ဗိုက်ပြည့်သွားတာမို့ မမ ဆော့နေတဲ့ အချိန် သားသားက တရေးအိပ်ပါတော့တယ်။


0 comments :