Monday, September 19, 2011

04/10/2009 - Capital


2009 သင်္ကြန် မတိုင်ခင် သင်္ကြန်တွင်း စားသောက်ကုန်လည်း ၀ယ်ရင်း ဈေးဝယ်ထွက်ကြပါတယ်။ Capital မှာ သင်္ကြန် ပရိုမိုးရှင်း ဈေးရောင်းပွဲတော် နှင့်အတူ မော်ဒယ်ရှိုးပွဲလည်း ရှိပါတယ်။


တနှစ်ကျော် သားသား ကောင်းစေ က သူ့ မမ နှင့်အတူ မမ အရွယ် ကလေးများ နှင့် အပြိုင် ဆော့နေပါတယ်။





ပန်းရောင် အကျီလေးက မော်ဒယ် (မှတ်မိသလောက်က နိုင်ငံတကာဝတ်စုံ ရှိုးပွဲ လား မသိဘူး။ )


မာမီ စားသောက်နေရင်း နဲ့ ကလေးများကို လှမ်းပီး ဓာတ်ပုံ ရိုက်လာပါတယ်။ အပြင်က ပြူတင်းပေါက် အလင်း စူးစူးနဲ့တွေ့သွားတော့ ကင်မရာက ထွက်လာတဲ့ ပုံက မှောင်နေပါတော့တယ်။


မှန် အပြင်က အမိုးအပြာ ရွက်ဖျင်တဲတွေက မောလ် အပြင်မှာ ဈေးရောင်းတဲ့ ဆိုင်တန်းတွေ ။


မမ က စားလည်း စား။ ကစားလည်း ကစားပါပဲ။ မော်ဒယ်တွေရဲ့ အ၀တ်အစားအိတ်များ။ အဲဒီ တုန်းက မှတ်မိသလောက်က မော်ဒယ်တွေက ကြက်ကြော်ဆိုင်မှာ အလှပြင်တာလားပဲ။ ရှိုးပွဲ စတိတ်စင်က ကြက်ကြော်ဆိုင် အရှေ့နားလေးမှာ။



မမက သားသားကို ကုန်းပိုးချီနေတာပါ။


Peace :)


ပန်းတွေ ပန်ထားတာ မော်ဒယ်။



အဲဒီ Capital ကြက်ကြော်ဆိုင်ဘေးနားမှာ အင်တာနက်ဆိုင်ရှိပါတယ်။ အဲဒီ အင်တာနက်ဆိုင်က Wi Fi နဲ့ အိမ်က Laptop ယူလာရင် ကြက်ကြော်ဆိုင်မှာ ထိုင်စားရင်းနဲ့ အင်တာနက် သုံးလို့ ရပါတယ်။ 
(အဲဒီ အချိန်တုန်းက တနာရီ ၅၀၀ကျပ်)။ 
ဗိုလ်အောင်ကျော်လမ်းထိပ်နားက ဒိုးနတ်ဆိုင်မှာလည်း စားရင်း သောက်ရင်း Laptop နဲ့ အင်တာနက် သုံးလို့ရပါသေးတယ်။ ပိုက်ဆံတော့ ပေးရတာပေါ့။ 
YKKO ကြေးအိုးဆိုင်မှာ ထိုင်ရင် အင်တာနက်က အလကား သုံးရတာလားပဲ။ 
သာကေတ ရွှေပုစွန်ကော အင်တာနက် တပ်ပီးလား မသိဘူး။ 
လာခါနီးတုန်းကတော့ အင်တာနက် တပ်မယ် ကြားတယ်။ 
ကရ၀ိတ်ထဲမှာလည်း အင်တာနက် မိတယ်။ ပိုက်ဆံပေးတဲ့ ကတ်ထည့်ပီး သုံးရတာ။

Myanmar Model - Capital Hyper Shopping Mall (Thingyan 2009)


Stable Family | Myspace Video

0 comments :