Monday, August 15, 2011

ဝက်သား မရမ်းပြားဟင်း၊


အားလူးချောင်းကြော် (အားလူးချောင်းကို လှီးပီး ဆား၊ ငရုတ်ကောင်းမှုန့် နဲ့ နှယ်ပီး ကြော်ထားတာပါ။) ကြိုက်တာက ဆားလောက်ပဲ အားလူးချောင်းကို နှယ်ပီး
ကြော်ပီးမှ တစ်ရှုးစကူ ပေါ်တင်ပီး အားလူးချောင်းကို ဆီစစ်ထား။
ပီးမှ ငရုတ်ကောင်းမှုန့် ဖြူးထားသော အားလူးချောင်းကြော်။ 
ဒါပေမယ့် ကလေးတွေက ကြော်ပီးမှ ငရုတ်ကောင်းမှုန့် ဖြူးတာ မကြိုက်။ ဒါကြောင့် မကြော်ခင် ဆား၊ ငရုတ်ကောင်းမှုန့်နဲ့ နှယ်ပီး ကြော်ထားတာပါ။ 
အဲဒီ အားလူးချောင်းကြော် ပန်းကန် ထဲ ချိစ် အပြားကို အုပ်ပီး မိုက်ခရိုဝေ့ခ်မှာ တစ်မိနစ်လောက် ချိစ်ကို အရည်ပျော်ထားသော အားလူးချောင်းကြော်တွေကို ချိစ် ဆမ်းထားရင်လည်း ကလေးတွေက ကြိုက်ကြတယ်။


ပေါင်မုန့် နှင့် sausage ကြော်။



အရေခွံမပါ ကြက်သားကို နှုတ်နှုတ်စင်း၊ နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ဂျင်း၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ နံနံစေ့ အမှုန့် နဲ့ နှယ်ပေးပီး အကြော်မှုန့် ကပ်ပီး မီးမြေးမြေးနဲ့ ကြော်ပေးထားသော ကြက်သားပြားကြော်။ 

ဝက်သား၊ အမဲသား၊ ငါး၊ အသားအမျိုးမျိုးကို နှုတ်နှုတ်စင်းပီး အစာပလာစာ အစုံ နဲ့ အဲလိုမျိုး ကြော်ပေးရင် အိမ်က ကလေးတွေက ကြိုက်တယ်။



ကြက်သားပြားကြော်

ဝက်သားကို ဆား၊ ဆနွင်းမှုန့်၊ ငရုတ်သီး အစိမ်းမှုန့် နှင့် နှယ်ပီး နှပ်ထားတာ။

 နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ ၊ ဂျင်း နှင့် နှယ်ပါတယ်။
မရမ်းပြားများ ပါ ထပ်ထည့်ပီး ဆီစိမ်း လောင်းချ ၊ ၀က်သားကို နှပ်ထားလိုက်ပါတယ်။


ချက်မယ့်အိုးထဲမှာ နှပ်ထားသော ၀က်သားများကို ထည့်ပီး အပူပေးလိုက်ပါတယ်။ အသားလေး ကျစ်လာခါနီးမှ ရေကို အသားတုံးမြုပ်အောင် ထည့်ပီး အသားတုံး နားလောက် ရေ ခမ်းခါနီးရင် ရေကို ၃ရေလောက် ပြန် ဖြည့်ပေးပီး နူးအိနေအောင် မီးမြေးမြေးနဲ့ ချက်ထားလိုက်ပါတယ်။ 

ဟင်းအိုး ဆူခါနီးမှာ နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူကို ထည့်ပီး ၀က်သားကို ကျစ်နေအောင် ဆီပြန်နေအောင် ချက်ထားလိုက်ပါတယ်။ 

ဝက်သား မရမ်းပြားဟင်း မြန်မာဟင်းစစ်စစ်ကတော့ ဆီများများ နှင့် ချက်တာပေါ့။
ကျန်းမာရေး အရ ဆီကို လျှော့ချက်ထားတာပါ။

မြန်မာဟင်းတွေက ဆီများများ နှင့် စိမ်ပီး ချက်ထားရင် အသားများ ပိုပီး နူးအိပါတယ်။ 
ဆီစိမ်ထားသော လက်ဖက်သုပ်၊ ဆီစိမ်ထားသော ငါးခြောက်ဖုတ်၊ ဆီစိမ်းများများ ထည့်ထောင်းထားသော ငပိထောင်း၊ ခရမ်းချဉ်သီးထောင်း အရသာကို တမြုံမြုံ နဲ့ စားတတ်တဲ့သူတိုင်း သိပါတယ်။


ဝက်သား မရမ်းပြားဟင်း

ဝက်သားရဲ့ အအီအရသာကို မရမ်းပြားရဲ့ အချဉ်အရသာ နှင့် အတူ ဆီပြန်လာခါနီးမှာ ကြက်သွန်ဖြူကို အုပ်ထားတာမို့ အစပ်အရသာလေးပါ ရပါတယ်။




 

ပဲပုပ်ချက်


ထမင်းနှင့် နှယ်ပီး စားမှာမို့ ဆီတော့ နည်းနည်းများသွားတယ်။ ပဲပုပ်အဖတ်နှင့် ခရမ်းချဉ်သီး အနှစ်ဖတ်၊ ငရုတ်သီးစိမ်း နူးနူးလေးတွေပဲ ဇွန်းဖြင့် ခပ်ယူပီး ထမင်းများများနှင့် နှယ်စားပါ။ :)


မျှစ်၊ ပဲပြုတ်ကြော်။ ကြော်စားချင်တာက ပျဉ်းမနားမျှစ် အနီရောင်ပါ။ ဒီမှာတော့ လတ်လတ်ဆတ်ဆတ်မျှစ်က ဒီအ၀ါရောင်မျှစ်ပဲ တွေ့သေးတာမို့ ဒီမျှစ်နှင့် ကြော်ထားတာပါ။




စကားမစပ် ... bank of america ထံမှ ...
ဒီနေ့ စာတိုက်ပုံးမှာ စာတစောင် ရောက်လာပါတယ်။ 
2001 နှစ်စကနေ ဘဏ်ကနေ တဆင့် သုံးထားတဲ့ သူတွေကို ဘဏ်က overdraft လုပ်ထားတာမို့ ပိုက်ဆံ ပြန်ပေးမည်တဲ့။
သေချာဖတ်ချင်ရင် ဒီဝပ်ဆိုဒ်မှာ သွားဖတ်နော်။  
http://www.bofaoverdraftsettlement.com/Notice.aspx

4 comments :

မိုးငွေ့...... said...

ဝက်သားမရမ်းပြားနှပ်တော့မချက်ဖူးဘူး...။ မရမ်းသီးအိုးစိမ်ကိုတော့ ခရမ်းချဉ်သီးနဲ့ သက်သတ်လွတ် ငပိချက်ချက်စားဖူးတယ်..။

kokoseinygn said...

လာလည်ပါတယ်ခင်ဗျာ..ဟင်းတွေက
ကျနော့်အကြိုက်တွေပါ...မိသားစုကိုယ်ေ၇ာစိတ်ပါ ကျန်းမာချမ်းသာကြပါစေ...
ကျနော့်ဆီလာလည်လို့ ကျေးဇူးတင်ပါတယ်.......။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဝက်သား နဲ့ မရမ်းပြားချက်ထားတာကြည့်ပြီး တံတွေးတောင် မြိုချလိုက်မိတယ် တကယ်ပြောတာ
အချဉ်နဲ့ ၀က်သားနဲ့ တကယ်စားကောင်းမှာ သေချာတယ်

Thet Nandar Family said...

မိုးငွေ့ ....
မရမ်းသီး ငပိချက် (သက်သက်လွတ်) ဆိုတော့ ဆားနဲ့ ချက်တာပေါ့။ မရမ်းသီးအိုးစိမ် က ဆားနဲ့ စိမ်ထားတာ ဆိုရင် ငပိချက်ရင် ဆားတောင် ထည့်စရာမလိုတော့ သက်သက်လွတ်ဖြစ်သွားတာနေမယ်။ စားချင်စရာကြီး :)))

KOKOSEIN - YGN
အကို ပိုစ့်  အသစ် တင်တိုင်း လာလည်ဖြစ်ပါတယ်။
ကလေး တဖက်၊ အိမ်အလုပ် တဖက်နဲ့မို့ အိမ်တိုင်းစေ့ ကွန့်မန့် မပေးဖြစ်တာပါ။
ဆုတောင်းပေးတာ ကျေးဇူးပါ။
အကိုတို့ မိသားစုလည်း ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံး ကျန်းမာ၊ ချမ်းသာပါစေ။

ချော ....
လာလည်တာ ကျေးဇူးနော်။ ချစ်စနိုးချောလေး :))))