Wednesday, June 15, 2011
US - ကြေးအိုး
ကြေးအိုးလို့ ခေါင်းစဉ်ပေးမလို့ပါပဲ။ ရောသွားမှာစိုးလို့။ နေရာလေး ထည့်လိုက်ပါတယ်။ ချက်ပီး ပီးချင်း ဘလော့ပေါ် တင်မလို့ပါပဲ။ FB ဆီ ခဏဆိုပီး သွားလိုက်တာ။ တော်တော်ကြာသွားတယ်။ MA မှာ စတိတ်ရှိုး လာဆိုတဲ့ ရှင်ဖုံးတို့ စည်သူလွင်တို့ ဓာတ်ပုံကြည့်၊ FB မိတ်ဆွေတွေရဲ့ note တွေဖတ်၊ ဓာတ်ပုံတွေကို like ။ comment တွေ ရေး။ ဂိမ်းကစား၊ နိုင်ငံပေါင်းစုံက Fb game friends တွေဆီ ရှိသမျှ ဘာသာစကားတွေကို google translate လုပ်ပီး private message ပို့ကျ။ အပြန်အလှန်။ ဂိမ်းဆော့ရင်းနဲ့ ဂိမ်းထဲက ပစည်းလေးတွေကိုလည်း TRADE လုပ်သေးတယ်လေ။ စပိန်လို Translate ပီး ပြောရတာ။ Trader က စပိန်တွေ များတယ်။ ဟောင်ကောင်၊ ထိုက်ဝမ်၊ စင်ကာပူ၊ စုံနေတာပါပဲ။ FB game ဆော့မှပဲ။ နိုင်ငံပေါင်းစုံ နှုတ်ဆက်နည်း သိသွားတာ။ :D
လောလောဆယ် ဒီ blogspot ကိုပဲ update လုပ်မှာပါ။
ဒါက ၀က်ရိုးဈေးနှုံး
ကြက်သားမှုန့်၊ ဆား
ဝက်ရိုးကို ရေသေချာဆေးပီး …. ဆား၊ သကြား၊ ဟင်းခတ်မှုန့် တို့ နှင့် နယ်ထားလိုက်ပါတယ်။
ချက်မယ့် အိုးထဲမှာ ၀က်ရိုးတွေကို ကြက်သွန်ဖြူ နဲ့ ဂျင်းထောင်းထားတာ ရောထည့်လိုက်ပီး ...
ရေကို အလော်တော်လောက် ထည့်ပီး ၀က်ရိုးများကို ပြုတ်ထားလိုက်ပါတယ်။
(၀က်နံရိုးက အဆီမပါတဲ့ ၀က်နံရိုးအသားချည်းပဲဆို အတော်ပါပဲ။ ဟင်းရည်မှာ အဆီမဝေ့တော့ဘူးပေါ့)
ဝက်ရိုး (သို့) ၀က်နံရိုးကို ပြုတ်တဲ့အခါမှာ အခုလိုမျိုး အဖတ်လေးတွေ တက်လာတက်ပါတယ်။ အဲဒီ အဖတ်တွေကို ဆယ်ပီး ပစ်လိုက်ပါတယ်။
ဝတ်ရိုးပြုတ်ရည်ကြည်
 ကျိတ်ထားသော ၀က်သား
ဝက်အူပိတ် (မန်းကျည်းမှည့်နဲ့ ရေသေချာဆေးပီး သူ့ချည်းပဲ သပ်သပ်ပြုတ်လိုက်ပီး ပြုတ်တဲ့အချိန်မှာ တက်လာတဲ့ အဖတ်တွေကို ဆယ်ပီး ပစ်လိုက်ပါတယ်။ ငရုတ်ကောင်းမှုန့်လေးဖြူးပီးပြုတ် ထားလိုက်တယ်။) 
ကြိတ်ထားသော ၀က်သား ကို ဆား၊ ကြက်သားမှုန့်၊ ညက်နေအောင် လှီးဖြတ်ထားသော ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့် တို့ နှင့် နယ်ပီး ကော်မှုန့်ကိုတော့ အသားလုံးလို့ ကောင်းတဲ့ အထိ ထည့်ပေးပါတယ်။
 Bot Ha Cao = $1.35
 ပြောင်းဖူးမှုန့် အစားသုံးထားသော ကော်မှုန့်ထုပ်
ဝက်သားလုံး
Fried Fish Cake = $1.89
ကလေးများအကြိုက် ငါးအသားလုံး
 Q.Choy = $2.45/1.54lb, $1.52/lb
 မုန်ညင်း၊ ကျူဆိုင်ကို လှီးဖြတ်ထားပါ။
 ငုံးဥပြုတ်
မီးဖိုပေါ်ကို ၀က်ရိုး ပြုတ်ရည်ကြည်များ တင်ထားလိုက်ပီး။ ဆူပွက်လာသော အခါမှ ၀က်အူ၊ ၀က်အသဲ၊ ၀က်သားလုံး၊ ready made အသားလုံး၊ ထည့်ပါတယ်။
အသားများ ကျက်သွားပီ ဆိုတော့မှ ကြာဇံ၊ ငုံးဥ ထည့်လိုက်ပါတယ်။
အရသာ အနေတော်ပဲ ဆိုရင် မီးဖို မီး ပိတ်လိုက်ပီး။ ကျူဆိုင် နှင့် မုန်ညင်း ထည့်လိုက်ပါတယ်။
 ကလေးများအတွက်က sweet chilli sauce၊ လူကြီးတွေက ကြက်သွန်ဖြူ၊ ငံပြာရည်၊ ငရုတ်ဆီ နဲ့ နှယ်ထားသော အချဉ်
 ကြေးအိုး
ကြေးအိုးဆီချက်
ကြေးအိုးပြုတ် အားလုံးကို ဇကာနဲ့ ရေကို သေချာ စင်နေအောင် စစ်ထုပ်ပါတယ်။ ပီးမှ ပဲငံပြာရည် အကြည်၊ ကြက်သွန်ဖြူ ဆီချက်တို့ နှင့် ရောနှယ်လိုက်တဲ့အခါ ကြေးအိုး ဆီချက် ချက်ပီး သွားပါပီ။
အရင်ပိုစ့် ...
2 comments :
Anonymous said...
ကြက်ရိုးပြုပ်ပြီး..အမဲသားလုံးနဲ့ ချက်ကြည့်မယ်..။
မချက်တတ်ဖူး.။
မစားဖူးဘူး။
ကိုယ့်ဒေသအစာမဟုတ်တော့..။
ပေါက်
Anonymous said...
မုန်ညင်းစိမ်းနဲ့ဆိုပိုကောင်းတယ်အမ
ကိုယ်ကြိုက်တာကိုပြောတာ
ပိုပြီးကြေးအိုးပီသသွားသလိုပဲ
အရသာကလည်းအခါးဓာတ်ပါတော့ ၀က်သားနဲ့လိုက်မလိုက်ပဲ ;)
☺ Welcome!
သီရိရတနာ မိသားစု အိမ်ကို လာလည်တာ ကြိုဆိုပါတယ်။
ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....
☺ Enjoy your visit !
Please don't copy of my blog posts and photos, that is mine without my permission.
Please don't remove blogger's copyright marks/watermarks from the images.