Thursday, November 10, 2011

Snow City

Angel နဲ့ မာမီ ၂ယောက်တည်း Singapore Science Center မှာ ရှိတဲ့ Snow City ကို သွားကြသေးတယ်။ March - 22, 07 ကပေါ့။ အသွားကိုတော့ Taxi နဲ့ သွားပီး အပြန်ကို Bus လည်း စီး။ MRT လည်း စီးပီး အိမ်ပြန်လာတယ်။

Bus stop ကိုေ၇ာက်ရင် Map ကို ကြည့်ပီး ကိုယ် သွားနေကျ MRT station ကို Bus ကားနဲ့ မှတ်တိုင် အရည်အတွက် လိုက် စီးလိုက်တယ်။

MRT station နားေ၇ာက်ရင် ဘက်စကားပေါ်က ဆင်းလိုက်ပီး လမ်းလေး နည်းနည်း လျှောက်လိုက်ရင် MRT ကို ရောက်ရော။

MRT interchange ထိ စီးသွားပီး MRT ပေါ်ကနေ ဆင်း။ ကိုယ့် သွားမယ့် ပလက်ဖောင်းဘက်ကနေ MRT လေး ပြောင်းစီးပီး ပြန်လာတယ်။

စင်ကာပူ ကို သဘောကျတဲ့ အထဲမှာ အဲဒါတွေ ပါတယ်။ ဘယ်သူ့ မှ အားကိုး ပီး လမ်းတွေ မေးနေစရာ မလိုဘူး။ အင်တာနက်အလွယ်တကူ သုံးလို့ ရသလို၊ လမ်းပြမြေပုံတွေကလည်း ရှင်းပီး လွယ်လွန်းလို့ ကြည့်တတ်၊ သွားတတ်တယ်။ လုံခြုံမှုလည်း ရှိတယ်။ Snow city web site link

Snow city ထဲ ၀င်ဖို့ အကျီ အပြည့်အစုံပေါ့။

Snow city ထဲ ၀င်ဖို့ အကျီ အပြည့်အစုံပေါ့။

သမင် အရုပ်လေးတွေနဲ့ သမီးလေး Angel

သမင် အရုပ်လေးတွေနဲ့ သမီးလေး Angel

Angel with Snow Man

Angel with Snow Man

သမီးလေး ချမ်းနေတယ်။ လျှော်စီးပီး ဆင်းလာတာလေ။

သမီးလေး ချမ်းနေတယ်

ဆန်တာကလော့ အိန်ဂျယ်လေး

ဆန်တာကလော့ အိန်ဂျယ်လေး

အက်စကီမိုးတွေ နေတဲ့ အိမ်လေးထဲ မာမီနဲ့ သမီးလေး ၀င်ပီး ဆော့ခဲ့ကြသေးတယ်နော်

အက်စကီမိုးတွေ နေတဲ့ အိမ်လေးထဲ မာမီနဲ့ သမီးလေး ၀င်ပီး ဆော့ခဲ့ကြသေးတယ်နော်

စန်တာကလော့ အရုပ်ကြီးနဲ့ အမှတ်တရ

စန်တာကလော့ အရုပ်ကြီးနဲ့ အမှတ်တရ

သမီးလေး က စနိုးမန်းကို ကိုယ်တိုင် လုပ်ချင်တာလေ။

သမီးလေး က စနိုးမန်းကို ကိုယ်တိုင် လုပ်ချင်တာလေ။

အ၀ိုင်းလေးထဲမှာ ခြေဆန့်ထိုင်ပီး လျှောဆင်းလာတာ။ ဦးထုပ်တွေတော့ ဆောင်းရတယ်

အ၀ိုင်းလေးထဲမှာ ခြေဆန့်ထိုင်ပီး လျှောဆင်းလာတာ။ ဦးထုပ်တွေတော့ ဆောင်းရတယ်။

Mommy and Angel

Mommy & Angel

လက်အိတ်ချွတ်ရင် လက်စွပ်တွေ သတိထားပီး ချွတ်ရတယ်။ ကျန်ခဲ့မှာ စိုးလို့လေ။

လက်အိတ်ချွတ်ရင် လက်စွပ်တွေ သတိထားပီး ချွတ်ရတယ်။ ကျန်ခဲ့မှာ စိုးလို့လေ။

ဝင်ကြေးတွေက လူကြီး ၁၆ ဒေါ်လာနဲ့ ကလေး ၁၄ ဒေါ်လာ။ ဓာတ်ပုံ ၂ပုံ အဲဒီက ကင်မရာနဲ့ အမှတ်တရ ရိုက်ထားသေးတယ်။


အနောက်နားလေးက အမဲရောင်ဘောင်လေးခတ်ထားတဲ့ ဓါတ်ပုံ ၂ပုံ။ snow city ကပဲ အမှတ်တရ ပုံလေးတွေ ထည့်ပီး လုပ်ပေးတာ။ ဒါပေမယ့် ဈေးကြီးတယ်။ မှတ်မိသလောက်က စင်ကာပူ ၁၀လောက်လားပဲ။ ကိုယ့်ဘာသာကိုယ်လည်း ကင်မရာပါ ပါတယ်။ ကင်မရာခွန်လည်း ဆောင်စရာမလိုပါဘူး။

0 comments :