Monday, January 16, 2012

ငါးခြောက် သနပ်

** 2009 ** 
Yangon, Myanmar 

 

ငါးခြောက် သနပ်၊


သနပ်စုံ၊

( ရှာလိုက်ရတာ .. အခုမှ ဘလော့အဟောင်း ( thetnandarfamily.wordpress.com ) က ပိုစ့်ထဲမှ သနပ်စုံကို တွေ့ပါတယ်။ ဒီနေ့  ( ဇန်န၀ါရီ ၁၆၊ ၂၀၁၂ ) ကြက်သား ဒန်ပေါက် ချက်စားရင်း အမေရိကားမှာ ပထမဦးဆုံး ပန်း ဂေါ်ဖီသနပ် လုပ်စားဖြစ်တယ်။ လွယ်လည်း လွယ်တယ်။ ပန်းဂေါ်ဖီ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူတွေကို သကြား နဲ့ ဆား ( အနေတော် နဲ့ နှယ်ထားပီး ) ရှာလကာရည် နဲ့ ၂ ရက်လောက် စိမ်ထားပီးမှ ... ပန်းဂေါ်ဖီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းချည်း သပ်သပ်ကို ဆယ်ထားလိုက်ပီး ပန်းကန်ထဲထည့်ထားလိုက်တယ်။ ပီးမှ  .. ငရုတ်သီး အစိမ်းမှုန့် နဲ့ ချက်ထားတဲ့ ငရုတ်သီး ဆီချက်၊ မဆလာမှုန့်၊ မုန်ညင်းစေ့နဲ့ နှယ်ထားတဲ့ ပန်းဂေါ်ဖီသနပ် ...


သရက်သီးစိမ်း သနပ်၊


မနက်စာ ပဲပြုတ်ထမင်းကြော် နဲ့ တွဲစားသော ဟင်းအရံများ၊


ဒီနေ့မနက်စာ ပဲပြုတ် ထမင်းကြော်နဲ့အတူ ငါးခြောက် သနပ် ပါ။ သရက်သီးစိမ်း သနပ်လည်း စားလို့ ကောင်းသလို၊ ဘဲဥ ငါးခြောက်ရိုး ချဉ်ရည်ဟင်း၊ ငါးခြောက်ရိုးနဲ့ သီးစုံ ပဲကုလားဟင်း ရောချက်ထားတာကို ကြိုက်တဲ့လူ ဆိုရင် ငါးခြောက်သနပ်ကို ကြိုက်မှာ အမှန်ပဲ။

သနပ်စုံ က 124 g ကို 446 ကျပ်
သရက်သီးစိမ်းသနပ် 120 g ကို 420 ကျပ်
ငါးခြောက် သနပ် 136 g ကို ၁၁၉၇ ကျပ်





မန္တလေး သီးစုံ ထိုးမုန့်က စီးတီးမတ်က ၀ယ်တာ။ သီဟိုစေ့ နဲ့ စပျစ်သီးခြောက်ကို သပ်သပ် အထုပ်သေးသေးလေးနဲ့ ထုပ်ထားပေးတယ်။ စားလို့ကောင်းပါတယ်။ ဒါပေမယ့် သိပ်မကြိုက်ဘူး။ ထိုးမုန့်လို ချိုတဲ့ အချိုမျိုး သိပ်မကြိုက်ဘူး။ ချဉ်တာ၊ စပ်တာ၊ ကော်ဖီခါးပဲ ကြိုက်တယ်။ အဖေက မိတ္ထီလာသားဆိုတော့ မန္တလေးက ထိုးမုန့် ကြိုက်တယ်လေ။ ကိုယ်တို့လည်း အညာမုန့်တွေ တော်တော်များများ ကြိုက်တတ်ပါတယ်။

( 2009 တုန်းက ရေးခဲ့တဲ့ အချိန်တုန်းက မြန်မာမှာ နေတာ ဆိုတော့ မြန်မာမုန့်တွေ ပေါများနေတဲ့ အချိန်ဆိုတော့ ထိုးမုန့်ကို သိပ်မကြိုက်ဘူးပေါ့နော်။ အခု ... အမေရိကားမှာ နေတဲ့ အချိန် 01/16/2012 - ကြိုက်ပါတယ်။ ထိုးမုန့်ကို အရမ်း အရမ်းကို ကြိုက်တယ် ... )



0 comments :