သမီးလေး မွေးနေ့ကိတ်

Words in any language can't describe how grateful I am for having you. You are my princess, my light, my source of happiness. Happy Birthday my beloved daughter!

ရှင်မကွဲဘုရား

အသက်ရှည်ခြင်း၊ အနာရောဂါ ကင်းရှင်းခြင်း၊ ရန်သူမျိုး ငါးပါး ကင်းဝေးခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ အလုံးစုံသော ဆုကျေးဇူးများသည် သမီးနဲ့သားလေး ဆုတောင်း ပြည့်ဝကြပါစေ။

ဆိတ်သား ဒန်ပေါက်

ဆိတ်သား ဒန်ပေါက်၊ သရက်သီးသနပ်၊ ပူစီနံ အချဉ်၊ ဘာလချောင်ကြော်

ထမနဲ

ကောက်ညှင်းကို ဂျင်းနဲ့ ဆီသတ်လိုက်တဲ့ အခါမှာ ကောက်ညှင်းစေးစေး အရသာဟာ တော်တော် စားကောင်းပါတယ် ... ကောက်ညှင်းပေါင်း အရသာမျိုး၊ ဆီထမင်း အရသာမျိုးနဲ့ မတူပါဘူး ... အဲဒီ ကောက်ညှင်း ဂျင်းဆီသတ် နှင့် လိုက်ဖက်အောင် မြေပဲ နှင့် နှမ်းကို ကြော်ပီး ထည့်ပုံ ... အုန်းသီးဖတ် ဖြူးစားတာ မဟုတ်ပဲ အုန်းဆံကို ကြော်ပီး အားလုံး သမ နေအောင် ထိုးထားတဲ့ ထမနှဲ ကို ထမနှဲ ထိုးတိုင်း သတိထားမိနေတတ်ပါတယ်။

ကြိုက်တဲ့စကားလုံး

ကျွန်မအခက်အခဲတွေ ကြုံတွေ့ခဲ့ရတဲ့ အခါမှာ တာဝန်ထဲမှာ စိတ်နှစ်ထားတာထက် ဘ၀မှာ အရေးကြီးတာ မရှိဘူးဆိုတဲ့ ခံယူချက်နဲ့ အားတင်းခဲ့ပါတယ်။ အဲဒီစိတ်ကြောင့် ကျွန်မ ရှေ့ဆက်နိုင်ခဲ့တာပါ။

Tuesday, May 21, 2013

သရက်ယို ( ချို၊ ချဉ်၊ ငံ၊ စပ် )



 သရက်ယို



သရက်သီးစိတ်


ထညက်ခဲ



 ငရုတ်သီး အကြမ်းမှုန့်


ငရုတ်သီး အရောင်တင်မှုန့်



  • သရက်သီးမှည့်တွေကို အခွံခွါပြီး စိတ်ပါ။
  • ယိုထိုးမယ့် အိုးထဲမှာ့ သရက်သီးစိတ်များထည့်ပါ။
  • ငရုတ်သီး အရောင်တင်မှုန့် ထည့်၊ ငရုတ်သီး အကြမ်းမှုန့်၊ ငံပြာရည်ထည့်နှယ်ပြီး
  • ထညက်ခဲတုံးထည့်၊ မီးဖိုပေါ်တင်ပြီး ရေ တခွက်ခွဲ လောက်ပဲ ထည့်ပါ။
  • ထညက်ခဲတုံး အရည်ပျော်ပြီးမှ ထညက်ရည်များဖြင့် သရက်သီးစိတ်များကို မွှေပါ။


ထညက်ခဲ အချို အရသာ၊ ငရုတ်သီးမှုန့်များကြောင့် အစပ်အရသာ၊ ငံပြာရည် အငံ အရသာ နှင့် အတူ သရက်သီး အချဉ်အရသာရှိတာမို့ ချို၊ ချဉ်၊ ငံ၊ စပ် သရက်ယို ကို အခု မိုးခြိမ်းသံတွေ ကြားမှာ ရေနွေးကြမ်းလေးနှင့် ရှုးရှုးရှဲရှဲ စားသောက်နေပါကြောင်း update status လေး တင်လိုက်ပါတယ်။

( သရက်ယိုကို ကြာရှည် အထားခံအောင် ပုလင်းထဲ ထည့်သိမ်းထားချင်ရင်တော့ သရက်သီးစိတ်များကို ခြောက်နေအောင် နေလှမ်းပြီးမှ ယိုထိုးစားပါ။ )

အရင်ပိုစ့်များ -

  1. ချယ်ရီသီးသုပ်
  2. သရက်သီးစိမ်း ငပိသုပ်
  3. နာနတ်သီး ငပိသုပ်
  4. ကြာဇံဟင်းခါး၊ ရှောက်သီးသုပ်
  5. သရက်သီး နဲ့ ဂွေးသီး ကို ငံပြာရည်ထဲ ငရုတ်သီး အကျက်မှုန့်ထည့်ပီး တို့စားရင်သော် လည်းကောင်း၊ ငရုတ်သီး အစိမ်းမှုန့်၊ သကြား (သို့မဟုတ်) နွယ်ချို၊ ဆား တို့ကို ရောစပ်ပီး တို့စားတတ်ပါသေးတယ်။ :)


သရက်သီးစိတ် ( ချိုချို၊ ချဉ်ချဉ် ) အရသာ


credit image : NBC Connecticut

There is a Tornado Warning for Litchfield County right now. This means conditions are indicating rotation in a Thunderstorm

Track the storms here 

အခု tornado ( warning ) နေရာက ကိုယ်တို့ နေတဲ့ နေရာနဲ့ ဝေးတယ်။ ကွန်နက်တီကတ်က အကျယ်ကြီးပဲ။ တောင်လည်းရှိတယ်။ ဆိပ်ကမ်းလည်း ရှိတယ်။ ကိုယ်တို့က တောင်ပေါ်မှာ ...  


credit image : The Onion

“We’re still in May, and this thing’s already turning out to be a real soul-crusher.”

ဒီရက်ပိုင်း မထင်မှတ်တာတွေပဲ မြင်ရ၊ ကြားရ၊ အမြင်သစ်တွေ ကြီးပဲ ...
Tornado  ( လေဆင်နှာမောင်း ) ရက်စက်လွန်းပုံကို မျက်ဝါးထင်ထင် မြင်လိုက်ရမှ ... တော်တော် ကြောက်စရာ ကောင်းမှန်း သိတော့တယ်။

မနေ့က Tornado ( လေဆင်နှာမောင်း ) တိုက်ခတ်နေတာကို တိုက်ရိုက် ကြည့်နေတာ။ ရန်ကုန်မှာတော့ လှိုင်သာယာမှာ မေလ ပိုင်းလောက် လှိုင်သာယာ မီးခွက်ဈေးနား ပတ်ဝန်းကျင်ပဲ .. န၀ဒေး အိမ်ရာ နားလောက်မှာ လေဆင်နှာမောင်းတိုက်သွားတာ အိမ်သစ်တက်တာ မကြာသေးတဲ့ တိုက်ကြီး ပါသွားတာတော့ ကြားဖူးလိုက်သေးတယ်။ လွန်ခဲ့တဲ့ ၉ နှစ်ကျော်လောက်က .. ၂၀၀၄ - ၂၀၀၅ ပတ်ဝန်းကျင်ပဲ .... 

လေဆင်နှာမောင်းဒဏ် မခံရအောင် ကြိုတင်၊ ကာကွယ်ပုံ ကာကွယ်နည်း

  1. Monthly tornado averages by state and region
  2. Tornado safely
  3. Tornado safety tips


Colourful recipes blog မှာ ပုစွန်၊ မှို အုန်းနို့ဟင်း ပိုစ့် အသစ်တင်ပီး အဲဒီဘက်က wp blogger တယောက်က သူ့ဘလော့ရဲ့ status ကို post တင်ထားတယ်။ သူ့ဆီမှာ ကိုယ့်ထက် follower များတယ်။ ကွန့်မန့် များပေမယ့် လာလည်တဲ့ hit counts နဲ့ နိုင်ငံက ကိုယ်ထက် နည်းတယ်။ ကိုယ်လား ကွန့်မန့်တိုင်း approve လုပ်ချင်မှ လုပ်တာ။ :D အားမှ မေးထားတာတွေ ပြန်ဖြေတတ်တာ။ :D ကိုယ့်ကိုယ်တိုင်လည်း သူများကို ကွန့်မန့်သွားမပေးဖြစ်တော့ ကိုယ့်ဆီလည်း ကွန့်မန့် လာမပေးကြဘူးလေ။

အဲဒီ ဘလော့က ဒီဘလော့ ( သီရိရတနာ - personal blog ) လောက် ချက်နည်း ပိုစ့် မစုံသေးဘူး။ မအားတာနှင့် မဖြည့်ပေးရသေးတာ။

အခုပြောပြချင်တာက .. ကိုယ့်ရဲ့ colourful recipes blog status ကို ဒီဘလော့မှာ ပိုစ့်တင်မလို့ .. wordpress ဘက်မှာတော့ မတင်ဘူး။ အားနာလို့ ... သူတင်တာ လိုက်တင်တယ် ဖြစ်မှာ စိုးလို့ ...

ကိုယ်လည်း ကိုယ့်ဘလော့ အခြေအနေကို မှတ်တမ်းလေး မှတ်ထားချင်တယ်။
ဘလော့ သက်တမ်း ၄ လပြည့်တုန်းက မှတ်ထားဖူးတယ်။
အခုက colourful recipes  ဘလော့သက်တမ်း ၉လ



ဒါက ဒီဘလော့ ( သီရိရတနာ - Personal blog ) stats



colourful recipes - blog stats


လာလည်တဲ့ နိုင်ငံများ





အဖတ်များသော ပိုစ့်



ဘယ်အရပ်ဌာနေက လာဖတ်ကြတယ်ဆိုတာ








search words


Sunday, May 19, 2013

ငါးခူကြော်၊ ငါးခူဆီပြန်ဟင်း၊ ငါးခူခေါင်း မျှစ်ချဉ်ရည်ဟင်း နှင့် ခဲတံ၊ ဘောပန်ထည့်သည့် ဘူး ( DIY )၊ ချောင်းဆိုးပျောက်ဆေး


ငါးခူ ဆီပြန်ဟင်း


ငါးခူကြော် ( ကလေးများအတွက် - အချို )


ငါးခူကြော် - လူကြီးများအတွက် ( အစပ် )


စပါးလင်နှင့် ချက်ထားသော ငါးခူဆီပြန်ဟင်း



ငါးခူ အသားလွှာ ဈေး - တစ်ပေါင်ကို ၇ ဒေါ်လာ နီးပါး 
$6.99/lb
1.97lb - $13.77
Date : 05.16.13


ငါးခူ အကောင်ကြီး တစ်ကောင်မှာ ၉ ပေါင် အလေးချိန် နီးပါးလောက် ရှိပါတယ်။
တစ်ပေါင်ကို ၁ဒေါ်လာ ၈၅ ပြား
1.85$/lb 
8.940lb - 16.54$
Date : 05.18.13



ရေချို ငါးခူ တကောင် ...
ဆိုင်က အသားတုံး တစ်ပေးထားတာပါ။
ကိုယ့်ဘာသာကို အိမ်မှာ ခုတ်ထစ်မယ် ဆိုရင် ...
ငါးကို အသားတုံး မထစ်ခင် ...
ငါးညီနံ ပျောက်အောင် ငါးကို ဆနွင်းမှုန့် နှင့် ဖြင့်ဖြင့် မန်းကျည်းမှည့်ရည်ဖြင့် ပွတ်တိုက် ဆေးပါ။
ငါး အကျိ အချွဲများ ကင်းစင်ပါတယ်။


ဒီ အပိုင်းကို ကြော်စားမယ်။
အလယ်ကနေ ခုတ်ထစ်ပိုင်း။
ငါးကြင်းကြော် ပုံစံမျိုးလေး ရွှေအိုရောင် သန်းလာသည့်အထိ ကြော်စားပါမယ်။


ငါးခူခေါင်းမှာ နှုတ်ခမ်းမွှေးတွေ ဖြတ်၊ ဆိုင်က ခုတ်ထစ် ဆေးကြောပေးပြီးသားပေမယ့် ဆနွင်းမှုန့်လေးဖြင့် ပွတ်တိုက်ပေးပြီး ရေပြောင်နေအောင် ဆေးလိုက်ပါ။
နို့မို့ဆိုရင် ဟင်းက ညီနေမှာ စိုးလို့ ...


အသားတုံး အနေတော်လောက်ကို ကြက်သွန်ဖြူ၊ နီ၊ ဂျင်း၊ စပါးလင်ဖြင့် ဆီသတ်ပြီး ဆီပြန်ချက်စားပါမည်။


စပါးလင်ကို ညက်နေအောင် ထောင်းလို့ဖြစ်ဖြစ်၊ ဓါးပြားရိုက် စပါးလင် ထုံးပြီး ဖြစ်ဖြစ် ချက်စားလို့ ရပါသည်။


အိမ်မှာ နောက်ပိုင်း ဟင်းခတ်မှုန့် သိပ်မသုံးတော့ပါဘူး။
ဟင်းခတ်မှုန့် နေရာမှာ ငံပြာရည်ပဲ သုံးပါတယ်။
( အခုရက်ပိုင်း ယိုးဒယားက ငံပြာရည်မှာ တာရှည်ခံဆေး ( အမိုးနီးယား ) ဓါတုပစည်းများ အလွန်အကျွံပါဝင်နေတယ်ဆိုတဲ့ သတင်းဖတ်ရပါတယ်။ အခု အိမ်မှာ သုံးနေသော ကင်းမွန် ငံပြာရည်များ ပါသလားဆိုပြီး အင်တာနက်မှာလည်း ရှာကြည့်ပါတယ်။ ဒီတံဆိပ်ကို ပါဝင်တယ်လို့ ထည့်မရေးထားသလို ... အမေရိကားက ကုန်စုံဆိုင်မှာ အခု အချိန်အထိ ၀ယ်စားလို့ ရနေပါသေးတယ်။ ) 

အစိမ်းရောင်က ငံပြာရည်၊ သူ့ဘေးက Special soy sauce . ပဲငံပြာရည် အချို၊ ပဲငံပြာရည် အကြည်


ဒါက ငါးကြော်ရင်း ဆီပေါက်လို့ လိမ်းသော Zinc oxide
သူ့ကို စီးတီးမတ် နှင့် ဆေးဆိုင်တွေမှာ ၀ယ်လို့ ရပါတယ်။
အပူလောင်တာ၊ ရေနွေးပူလောင်တာ၊ မိတ်ဖု၊ ဆီပူ၊ မီးပူ လောင်တာတွေကို ချက်ချင်းလိမ်းရင် အမာရွှတ်တောင် မကျန်ပါဘူး။


သူ့က ခရမ်ပါ။ လိမ်းရတာ အဆင်ပြေတယ်။

arm cover တွေကို အမေရိကား ဈေးဆိုင်တွေမှာ ၀ယ်လို့ ရပါတယ်။ မရှိရင် အကျီလက်ရှည် ထူထူ ၀တ်ပြီး ကြော်ပေါ့ ....

အရင်ပိုစ့်မှာ ရေးထားတာတွေ ....

ဟင်းတွေ ဘာတွေ ကြော်ရင် လက်ကို ဆီမစင်အောင် လက်အိတ်စွပ်တဲ့ဟာ ရန်ကုန်မှာ ကျန်ခဲ့လို့ ဟင်းကြော်တိုင်း သတိရတယ်။

အဲဒီလက်အိတ်စွပ်ထားရင် လက်မောင်းတွေကို ဆီပူမလောင်ဖူးရယ်လေ။ အခု မရှိတော့ ဆီအိုးကို ရေသေချာခြောက်နေမှ။

ဆီ မပေါက်အောင် ဒယ်အိုးကို အပူပေးပီးမှ ဆီကို ဖြည်းဖြည်းထည့်နေရတယ်။ ငါးတွေ ဘာတွေ ကြော်ရင်တော့ ကိုယ့်ပုံစံ အရမ်းရီရတယ်။ ဒယ်အိုးအဖုံး ဖန် အကြည်လေးကို ကာဘာဒိုင်းအနေနဲ့သုံးပီး ကြော်ရတယ်။

အဲဒီ arm cover လက်အိတ်လေးက ဇ၀န shopping mall မှာ ဈေးဝယ်တာ တစ်သောင်းကျော်လို့ မိုးပုလဲ စတိုးဆိုင်က လက်ဆောင်ပေးထားတဲ့ လက်အိတ်လေးပါ။ အရမ်း အသုံးဝင်တယ်။

တချို့ အမျိုးသမီးတွေက ရန်ကုန်မှာ နေ့လည်ဘက် ကားမောင်းရင် အဲဒီ လက်အိတ်လေး စွပ်ပီး ကားမောင်းတယ်။ ရန်ကုန်မှာ နွေ နေ့လည်ပိုင်း နေ့တိုင်း ကားမောင်းတဲ့သူတိုင်း လက်တွေ ကွက်ပီး မဲတတ်လို့ အဲဒီလို လက်အိတ်စွပ်ပီး ကားမောင်းတာ တွေ့ဖူးတယ်။

post : ၀က်သားပြားကြော်



Arm cover


ငါးခူ အသားတုံးကို အရင်ဆုံး ငါးညီနံ ပျောက်အောင် ငါး အရေခွံတွေကို ဆနွင်းဖြင့် ပွတ်တိုက်ပြီး ရေသေချာဆေးပါ။
ပြီးလျှင် ... ဆား၊ ဆနွင်းမှုန့်ဖြင့် နှယ်ပါ။ ( ငါးသပ်သပ် ကြော်မှာမို့ .. ငါးဆီပြန်ဟင်းများ ချက်သည့်အခါမှာ ထည့်သော ဆားပမာဏ ထပ် လျှော့ထည့်ပါ။ )
ရှလွတ် ကြက်သွန်နီ အသေးကို ပါးပါးလှီး၊ ရေစင်အောင် ဆေးပြီး 
ဆီပူအိုးထဲမှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီ အရင်ကြော်ပါ။
ပြီးမှ ငါးခူ တုံးများကို ထည့်ကြော်ပါ။
ငါကြော်သည့် ဆီ မပေါက်အောင် ငါး အသားတုံးများ ဆီပူအိုးထဲမှာ စီပြီး ထည့်ပြီးသာ နှင့် အိုး အဖုံးပိတ်ပါ။
မီးကို အလယ်မီးထပ် နည်းနည်း တိုးပြီး ကြော်ပါ။
ငါးခူ တဖက်ခြမ်း လှန်ကြော်မည့် အချိန်ရောက်လျှင် ... မီးဖိုမီးကို ပိတ်လိုက်ပီး ခဏ စောင့် ...
တအောင့်ကြာမှ အိုးအဖုံးကို ဖွင့် ... ငါးခူကြော်များကို တဖက်ခြမ်းကို လှန် ... အိုးအဖုံးကို ပြန်ပိတ် .. မီးကို အလယ်မီး လောက်ပဲ ထားပြီး ကြော်သွားပါ။

( အဲလိုမျိုး ကြော်ရင် ငါး ဆီပူလည်း မစင်တော့သလို ငါးခူကြော်ကို ရွှေအိုရောင် သန်းသည့်အထိ ငါး အရေခွံကြွပ်ကြွပ်လေးနှင့် စားလို့ ပိုကောင်းပါတယ်။ ) 

ကိုယ်က ဆီပူပေါင်းထ နေသော ငါးအရေခွံ ကြွပ်ကြွပ်ကြော်ကို ကြိုက်တယ်။


လူကြီးများအတွက် - ငါးခူကြော်ပေါ်ကနေ ငရုတ်သီး အကြမ်းမှုန့်ကြော်၊ ကြက်သွန်ဖြူ ကြက်သွန်နီကြော် အုပ်ပေးထားသော ငါးခူ အစပ်ကြော်



 ငါးခူ အသားတုံးကို ဆား၊ ဆနွင်းမှုန့်ဖြင့် နှယ်ပါ။
ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ စပါးလင်ကို ညက်နေအောင် ကြိတ်ပါ။
ငရုတ်သီး အရောင်တင်မှုန့်ပါ ထည့်ရော ကြိတ်ပါ။
ပြီးလျှင် ဆီပူအိုးထဲမှာ ဆီသတ်ပါ။
ငါးခူ အသားတုံးများထည့်ရော ဆီသတ်ပြီးမှ ငံပြာရည်ထည့်မွှေ ... ရေ အလော်တော်ထည့်၊ 
ငရုတ်သီးစိမ်းထည့်၊
ဆီကျန် ရေကျန်လာခါနီးမှ မန်းကျည်းမှည့်ရည်လေးထည့်၊ နံနံပင်လေးအုပ်ထားသော
ငါးခူဆီပြန်ဟင်း

ငါးခူအသားမှာ စပါးလင် အနံသင်းသင်းလေး၊ ငရုတ်သီးစိမ်း အနံ မွှေးမွှေးလေး နှင့် အတူ နံနံပင်ကို ရိပ်ရိပ်လှီးဖြတ်တာမျိုးမဟုတ်ပဲ၊ ထမင်းထဲ မြုပ်စားဖို့ နံနံပင်ကို မရိပ်၊ မဖြတ်ပဲ ငါးခူဆီပြန်ဟင်းမှာ နံနံပင် အုပ်ထားတာပါ။


ငါးခူခေါင်းက ကြီးတော့ ငါးရံခေါင်းလိုမျိုးပါပဲ ....
ဒန့်သလွန်သီး၊ ရုံပတေသီးတို့နှင့် ချက်စားလျှင် စားလို့ ကောင်းသလို 
ကန်စွန်းရွက်၊ ချဉ်ပေါင်ရွှက်တို့နှင့် ချက်စားလျှင်လည်း စားကောင်းပါသည်။

ငါးခေါင်းကို မထုပါဘူး။
pressure cooker ဖြင့် ချက်မှာမို့ရယ် .. မျှစ်ချဉ်ဖြင့် ချက်မှာမို့ ငါးခေါင်း ထက်ခြမ်းကို အရင်ဆုံး ငါး အရေခွံတွေ ကို ဆနွင်းမှုန့်ဖြင့် ပွတ်တိုက်ဆေးပြီး ရေစင်အောင် ဆေးပါ။
ပြီးလျှင် ဆီ သတ်ပါမယ်။ 
ကြက်သွန်ဖြူ၊ နီ၊ ဂျင်းတို့ကို ငရုတ်သီး အရောင်တင်မှုန့်၊ ဆနွင်းမှုန့်ထည့် ... ဆီအနည်းငယ်ဖြင့် ဆီသတ် ကြော်ပီးမှ ငါးခေါင်းထည့်မွှေ ... ဆားထည့် .. မျှစ်ချဉ် ထည့် ... 
ခရမ်းချဉ်သီးမှည့်ကို လက်ဖြင့် ချေထည့်၊ နံနံပင် ရိုးတံလေးတွေကို ပါးပါး လှီးထည့် ... 
ခရမ်းချဉ်သီး ကြေသွားမှ ငံပြာရည်ထည့်၊ ရေ ထည့်ပြီး မီးမြေးမြေးဖြင့် ချက်၊
မျှစ်ချဉ်လည်း နူး၊ ငါးခေါင်းမှ အရိုးများလည်း နူး 
နံနံပင် အုပ်ပြီး ချက်ထားသော ငါးခေါင်း မျှစ်ချဉ်ရည်ဟင်း


ငါးခေါင်းအတွင်းမှ အသားများ


ကလေးများ ထမင်းပန်းကန် ငါးကြော်ဆီဖြင့် နှယ်ထားသော ထမင်း



ငါးခူကြော်ကို ရွှေအိုရောင် သန်းသည့်အထိ ကြော်မှ ပိုစားကောင်းပါတယ်။


ငပိရည်နှင့် ထမင်းနှယ်စားပြီး ငရုတ်သီး အကြမ်း၊ ကြက်သွန်ကြော်များ ထည့် နှယ်စားတာလည်း တကြွပ်ကြွပ်နှင့် စားလို့ ကောင်းပါတယ်။


ငါးခူဆီပြန်ဟင်း


ငါးခူကြော်၊ အစပ်၊ ငါးခူဆီပြန်ဟင်း၊ ငါးခူခေါင်းမျှစ်ချဉ်ရည်ဟင်း၊ ငပိရည် နှင့် တညင်းသီးပြုပ်



ငပိရည်


တညင်းသီးပြုတ်




တနေ့က ချက်စားသော အာပူလျှာပူ အတွက် ငပိဖြင့် ပြုတ်ထားသော ငါးခူပြုတ်


ပဲကြော်


အာပူ လျှာပူ








ငါးခူကို ဖက်ရွက်ဖြင့် ပေါင်းထားသော ငါးပေါင်းထုပ်






ဖက်ရွက် အနံသင်း ငါးပေါင်းထုပ်ကို ကြက်သွန်ဖြူ ဆီချက်လေးဖြင့် စားရင် စားလို့ ကောင်းပါတယ်။


 DIY

 ကိုယ့်ဘလော့မှာလေ နောက်ပိုင်း DIY လေးတွေ ထည့်ရေးပါမယ်။ သားသား ကျောင်းမှာ Art သင်ခန်းစာမှာ .....  သုံးပြီး ပစည်းများကို Recycle အနေဖြင့် ပြန်လည် အသုံးပြုဖို့ အမေရိကား ကျောင်းတွေမှာ မူလတန်း - သူငယ်တန်းအရွယ်ကတည်းက Recycle အသုံးချနည်း သင်ကြားပါတယ်။ 

အဲဒါနှင့်ပဲ ကိုယ်လည်း တဖြည်းဖြည်း DIY နှင့် ရင်းနှီးလာပါတော့မယ်။ 

ကိုယ့်ဘလော့မှာ အသုံးပြုပြီးသား ပုလင်းခွံ၊ သံဗူးခွံ ပြန်ရောင်းစားတာ ရေးခဲ့ဖူးပါတယ်။ အမေရိကား ရောက်ခါစ ၂၀၁၁ ခုနှစ်တုန်းကပါ။ ဒီပိုစ့်မှာ ဖတ်ကြည့်ပါ။ 

  1. အမေရိကားမှာ ပုလင်းခွံ၊ သံဗူးခွံ ပြန်ရောင်းစားတဲ့ စက်
  2. အမေရိကားမှာ အကြွေစေ့များကို ဒေါ်လာဖြင့် ပြန်လဲသည့်စက်
  3. အမေရိကားမှာ ဗီဒီယို အခွေဌားသည့်စက်


အင်း ... ကိုယ်လည်း ဆင်းရဲတာပဲ ... :P
ဘာလို့ ဆို အမှိုက်တွေကို ပြန်ပြုပြင်ပြီး သုံးစွဲနေရလို့ .... 

စကားကြီး စကားကျယ် ပြောရရင်တော့ Plastic တွေကို safe သုံးခြင်းဖြင့် earth ကမ္ဘာကြီး ကျန်းမာလာပါမယ်။ :D

ဒီဘက်မှာ ပလပ်စတစ် အလွန်အကျွံ မသုံးစွဲဖို့ ပညာပေး အနေဖြင့် ကလေးများ သင်ယူရပါတယ်။

ဒါကြောင့်မို့ ပစည်းတွေ ထည့်ဖို့ ခွက်၊ ခဲတံ ထည့်ဖို့ ပလပ်စတစ်ခွက်တွေ နေရာမှာ အိမ်မှာ သုံးပြီးသား ပစည်းများဖြင့် ပြန်လည်ပြုပြင်ပြီး သုံးစွဲလိုက်တော့ ( made in china ) တရုတ်တွေ ဈေးရောင်းမကောင်းတော့ဘူးပေါ့ ... :P



တရုတ်ပစည်းကို ဆန့်ကျင်သလိုများ ဖြစ်သွားလား မသိဘူး။ 

ကလေးများကို create အပိုင်း သင်ပေးချင်တာလည်း ပါသလို .. ဒီလိုပစည်းမျိုးဖြင့် ဒီလိုလည်း ပြန်သုံးလို့ ရပါလား။ ဒီလိုမျိုးလေး စဉ်းစားလို့ ရတာပဲ။ အဓိက က ... တခုတည်းကို အမျိုးမျိုး အဖုံဖုံ ... ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားနိုင်ဖို့၊ စိတ်ကူးနိုင်ဖို့ အခြေခံ သင်ကြားပေးတာပါ။ 

ကိုယ့်အတွက်က ပိုက်ဆံ safe ဖြစ်တာပေါ့ ...

သားသား ကြိုက်သော Pretzel မုန့်ဗူး ( အဟောင်း ) မှာ 
အိမ်သာသုံး တစ်သျှူး အလယ် အ၀ိုင်းတွေကို စုထားပါ။ 
အဲဒီ အ၀ိုင်းတွေကို တခု နှင့် တခု ကော်ဖြင့် သုပ်သုပ်၊ တိတ်ဖြင့် ကပ်ကပ် ၊ ကြိုက်သလို လုပ်ခိုင်းပါ။


သားသား ကော်သုပ်နေတာ


ဘူး အပြည့်


တိတ်များဖြင့် ကပ်အပြီး


 အမှိုက်များကို


ပြန်လည်ပြုပြင်ပြီး ပြန်သုံးလိုက်တော့


ကလေးများအတွက် recycled pencil box  ဖြစ်သွားပြီပေါ့
တူညီရာ ခံတဲ့လေးတွေ၊ ဘောပန်လေးတွေ လိုက်ထည့်လိုက်ရုံပါပဲ ...



 ဘေးပတ်ပတ်လည်လည်မှာ ကလေးများ စိတ်ကူး ကွန့်မြူးပြီး ပန်းချီ ရေးခြယ်လို့လည်း ရသေးတယ်။ 
အ၀တ်ဖြင့် ပတ်ပေးလို့လည်းရတယ်။ ဖဲကြိုးတွေဖြင့် ချီလို့လည်း ရပါသေးတယ်။
Gift wrap paper လက်ဆောင်ထုပ်များ ထုပ်ပိုးသော စကူဖြင့်လည်း အလှဆင်လို့ ရပါတယ်။


ချောကလက်ကွတ်ကီး နှင့် ကာဖီ


ဒါက ကိုယ့် အနားထားသော ဘောက်စ့်


အလှအပ ဆင်လို့လည်း ရပါတယ်။ 
ပလပ်စတစ် ခြင်းတွေ၊ ဇကာတွေ ၀ယ်မနေတော့ဘူး။
ဘူးအဟောင်းထဲ ထည့်ပြီး လက်လှမ်းမှီရာ ထားသော ဘောက်စ့်


ကြိမ်ခြင်းတောင်းမှာ ကျတော့ အရုပ်တွေ ထည့်ထားတယ်။


အခု လည်ချောင်းနာနေလို့ သောက်သော ဆေး
အရင်ပိုစ့် - vicks ဆေးအရည် -


ဒီဆေးက sore throat ( လည်ချောင်းနာ ) ပါ ပျောက်တယ်။ ဗိုင်းရပ်စ် ပိုး သေစေတယ်။ 
Aches ကိုက်ခဲတာ
Fever ဖျားတာ
Sore throat လည်ချောင်းနာ
Sneezing နှာချေ
Runny Nose နှာစေး
Cough ချောင်းဆိုး တာ ပျောက်သည့်ဆေး
ဆေးသောက်ပြီးရင် အိပ်ချင်တယ်။


ဆေးအညွှန်း


ကလေးတွေ နှာဖာကလော်တာ၊ မီးလည်းပါတယ်။ နားထဲ ထည့်ပြီး မီးခလုတ်ဖွင့်လိုက်ရုံပဲ ...


အဖျားတိုင်းတာ


ပါးစပ် လျှာအောက်မှာ တိုင်းရင် တိုက်ရိုက်
ဂျိုင်းအောက်မှာ တိုင်းရင် ၁ ထပ်ပေါင်းပေးရတယ်။


ပုံမှန် အပူချိန်
မြန်မာကနေ သယ်လာတာလေးတွေ ...
အဖျားတိုင်းတဲ့ဟာက အခုအချိန်အထိ ဓာတ်ခဲ မကုန်သေးဘူး။ အဲဒါ သားသားထက်တောင် အသက်ကြီးသေးတယ်။ သူ့သက်တမ်းက ၆ နှစ်ကျော်ပြီ။ ဓာတ်ခဲက နာ၇ီ ဓာတ်ခဲ အသေးစားမျိုး


ဒီ ပျားရည် သကြားလုံးက ချောင်းဆိုး၊ လည်ချောင်းနာ သက်သာတယ်။




အဲလို တိုလီ မိုလီလေးတွေကို လက်လှန်းမှီရာ ထားဖို့ ဒီလို ဘူးထဲ ထည့်ထားလိုက်တော့ တစုတစည်းတည်းဖြစ်သွားတယ်။ 
ပလပ်စတစ်ခြင်းတောင်း ၀ယ်ဖို့ ပိုက်ဆံ အပိုမကုန်တော့ဘူး။
ဆေးတွေက ဆေးဘီဒိုမှာ ထားပါတယ်။ ဒီလိုမျိုး ၈ နာရီခြား တခါ သောက်ရမယ့် ဆေးတို့ .. နာရီ ပိုင်းခြားမှာ သုံးမယ့် ပစည်းတွေကို ဒီလိုမျိုး ဘူးထဲ ထည့်ပြီး လက်လှမ်းမှီရာ ထားတော့ လူ ပိုသက်သာတာပေါ့ ...


ကလေးများ စာအုပ်စင်


ကျောင်းက ပြန်လာရင် စာရွက် ၁၀ ရွက်က အနည်းဆုံး အိမ်ကို ပါလာတယ်။
ဒီဘက်က WORK SHEET
ဒီဘက်က ကျောင်းရဲ့ စာတွေ .. စာတွေကတော့ အမျိုးမျိုးပဲ ...
ကတ်ထူဗူး ကို တဖက်ဖွင့်ပြီး စာရွက်တွေ ကို သပ်သပ် စီထည့်ပေးလိုက်တယ်။
သူ့အကန့်နှင့် သူဆိုတော့ စာတွေကို ပြန်ရှာရတာလည်း လွယ်တယ်။ သပ်သပ်ရပ်ရပ်လည်း ဖြစ်တယ်။
ပိုပြီး လှချင်ရင် Gift wrap paper လက်ဆောင်ထုပ်များ ထုပ်ပိုးသော စကူဖြင့်လည်း အလှဆင်လို့ ရပါတယ်။


ဒါက Recycled file folder box


Corn cracker box က သေးနေတယ်။ 
ဒါကြောင့် File တော့ မရဘူး။ book ပဲ ရတယ်။ :D


တစောင်းဖြတ်မလို့ပဲ .. ကလေးတွေ တစောင်းဖြတ်ရင် လက်မညီမှာစိုးလို့ တည့်တည့်ပဲ ဖြတ်ခိုင်းလိုက်ပါတယ်။


 ကတ်ထူ  ခပ်ကြီးကြီး ရှိလျှင် ခပ်စောင်းစောင်း ဖြတ်ပြီး စာအုပ်၊ ဖိုင်များ၊ ထည့်ပြီး သိမ်းဆည်းလို့ရပါသည်။

☺ Welcome!

သီရိရတနာ မိသားစု အိမ်ကို လာလည်တာ ကြိုဆိုပါတယ်။

ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....


☺ Enjoy your visit !

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.